ဒီနေ့ပြောပြချင်တာကတော့ Back-to-School ဘတ်ဂျက်ကို အကျိုးရှိရှိဘယ်လိုစုဆောင်းမလဲ? ကလေးတွေကို ပိုက်ဆံနဲ့ပက်သက်လို့ စီမံခန့်ခွဲတတ်အောင်ဘယ်လိုသင်ပေးနိုင်မလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ Back-to-School ဘတ်ဂျက်ဆိုတာ အလွယ်ပြောရရင် ကလေးတွေရဲ့ ပညာရေးအတွက် ဘတ်ဂျက်တစ်ခုကို ကလေးနဲ့မိဘ အတူတူစုဆောင်းကြတာမျိုးပဲဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဒီလိုအလေ့အကျင့်ကောင်းလေးတွေရှိပေမယ့် ကျွန်တော်တို့ဆီမှာ သိပ်မတွေ့ကြသေးတဲ့အတွက် ဒါလေးကိုဖော်ပြရေးသားလိုက်တာဖြစ်ပါတယ်။ ကဲ,ဖတ်ကြည့်လိုက်ရအောင်..
Back-to-School ဘတ်ဂျက်

ကလေးရဲ့ပညာသင်နှစ်မှာ သုံးဖို့ထားတဲ့ ဆွဲထားတဲ့ဘတ်ဂျက်မျိုးပဲဖြစ်ပါတယ်။ ဒါကို မိဘတွေပဲလုပ်စရာလိုတာမဟုတ်ပဲ ကလေးတွေကိုပါ ပါဝင်လာအောင်လုပ်ပေးဖို့၊ သင်ပေးဖို့လိုပါတယ်။ ဒီလိုသင်ကြားမှုတွေကတစ်ဆင့် သင့်ကလေးကို ငွေကြေးစီမံခန့်ခွဲမှုတွေကိုပါ အလိုလိုနားလည်သွားနိုင်စေမှာဖြစ်ပါတယ်။ ဆိုလိုတာက ဘယ်လိုအရာတွေအတွက် ဘယ်လောက်သုံးမယ်၊ ကျန်တာလေးကို ဘယ်လိုစုထားမယ်၊ သုံးတာနဲ့ဖြုန်းတာကဘယ်လိုမတူတယ်ဆိုတာမျိုတွေကိုပါသင်ကြားပေးလို့ရပါတယ်။ ကဲ.ဒီတော့ဒါတွေကိုပိုပီးနားလည်အောင် ကလေးတွေကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့အရာတွေအကြောင်းကိုပြောပြပါ့မယ်
ကုန်ကျစရိတ်များအကြောင်းနားလည်အောင်ပြောပါ

ကလေးတွေဟာ ပိုက်ဆံဆိုတာဘယ်လိုအရာလဲဆိုတာ တကယ်နားမလည်ကြပါဘူး။ ဒါကြောာင့်ကျွန်တော်တို့ ဘယ်လိုကုန်ကျနေတယ်ဆိုတာတွေကို သင်ပေးရမယ်။ ဆိုလိုတာက သူတို့ကတစ်ခုခုကိုလိုချင်တယ်။ ၅၀၀၀တန်ကစားစရာဖြစ်ဖြစ်တစ်ခုခုပေါ့။ အဲ့ဒီ ပိုက်ဆံပမာဏာက သူ့ကျောင်းအတွက်ကျောပိုးအိတ်တစ်လုံးစာနဲ့ညီမျှတယ်ဆိုတာကိုနှိုင်းယှဉ်ပြစေချင်တာပါ။ တခါတလေ လိုချင်မှုတွေကြောင့် လိုအပ်ချက်တွေက လစ်ဟာသွားတတ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်တွေ အကျိုးရှိတာနဲ့မရှိတာတွေကို နှိုင်းယှဉ်သင်ကြားပေးပါ
ဘာတွေလိုအပ်နေလဲဆိုတာစဉ်းစားတတ်ဖို့သင်ပေးပါ

ဆိုလိုတာက သူတို့အတွက် တစ်ကယ်လိုအပ်နေတာတွေအများကြီးရှိနေတယ်ဆိုတာကို သူတို့သိအောင်ပြောပြစေချင်တာပါ။ ဥပမာ စာသင်နှစ်အစမှာဆို ဘောင်းဘီ၊ အကျီ၊ လွယ်အိတ်၊ ကွန်မာဗူးစသဖြင့်တကယ်လိုနေတာတွေအကြောင်းရှင်းပြပါ။ ဒါမှသူတို့တကယ်လိုအပိနေတာတွေကိုသူတို့သိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပိုက်ဆံကိုဘယ်လိုစုရမယ်ဆိုတာ သင်ပေးပါ။ နေ ာက်ပိုင်းမှာ ကလေးဟာ သူ့လိုအပ်ချက်တွေကို စာရင်းလုပ်တတ်တဲ့ အထိ ကောင်းမွန်တဲ့အလေ့အကျင့်တွေ ရရှိသွားပါလိမ့်မယ်။
စျေးဆိုင်တွေရဲ့စျေးနှုန်းခြားနားချက်တွေကိုသင်ပေးပါ

ကလေးတွေကို စျေးဆိုင်တွေရဲ့စျေးနှုန်းတွေက အမျိုးမျိုးခြားနာတတ်ကြတယ်ဆိုတာ နားလည်အောင်သင်ပေးပါ။ ပစ္စည်းတစ်ခုတည်းကို စျေးအမျိုးမျိုးဖြစ်နိုင်တဲ့အတွက် စျေးအသက်သာဆုံးနဲ့ကောင်းမွန်တဲ့အရည်အသွေးကို ဘယ်လိုရွေးချယ်လို့ရနိုင်ကြောင်း သူတို့ငယ်ငယ်တည်းက သိပီးသားဖြစ်သွားပါလိမ့်မယ်။
လိုအပ်ချက်နဲ့လိုချင်မှုကို ခွဲခြားပြပါ

ဒါအရေးကြီးပါတယ်။ တချို့မိဘတွေက သားသမီးကိုချစ်တော့ သူတို့ပဲကြိတ်မှိတ်သည်းခံပီး လိုချင်တာ ဖြစ်ချင်တာတွေလိုက်လုပ်ပေးတတ်ပါတယ်။ ဒါက ပိုက်ဆံရှိသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ကလေးတွေကို ဖျက်ဆီးတာနဲ့အတူတူပါပဲ။ ဆိုလိုတာက တကယ်လိုအပ်မှုတွေကဘာတွေလဲ? လိုချင်နေတာတွေက တကယ်ရော အသုံးဝင်ရဲ့လား? ဆိုတာတွေကို သင်ကြားပေးဖို့ပါ။ ဒါတွေက နောင်တချိန်မှာ ကလေးတွေကို သူတို့ဘဝအတွက် လိုချင်မှုနဲ့ လိုအပ်မှု ယှဉ်လာတဲ့အခါ ကောင်းမွန်စွာရွေးချယ်တတ်ဖို့ အလေ့အကျင့်လုပ်ပေးပီးသားဖြစ်သွားမှာပါ။ ဒီအရာတွေ ကိုကောင်းမွန်စွာနားလည်သွားပီဆိုရင်တော့back-to-school budgets ကိုမိသားစုတွင်းမှာ ပျော်ပျော်ရွှင်ရွှင် ပြေပြေလည်လည် စုဆောင်းအသုံချနိုင်ပါပြီ။
#Chit_May_May
#mg_Htet
REF_Alpha Mom