ပိုက်ဆံရဲ့တန်ဖိုးကို သေချာသိနားလည်ဖို့အတွက် ကလေးငယ်တွေကို ဘယ်လိုသင်ကြားပေးရမလဲ

0
338
- Advertisement -

လူ့လောကမှာ ရှင်သန်နေထိုင်နိုင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတဲ့ ပိုက်ဆံ သို့မဟုတ် ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ကလေးတွေသေချာသိနားလည်အောင် သင်ပေးရတာဟာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကလေးငယ်စဥ်ကတည်းကနေ အထက်တန်းကျောင်းကိုရောက်တဲ့အထိ စိတ်ရှည်ရှည်နဲ့ သေသေချာချာ ရှင်းပြ၊ ပြောပြ၊ သင်ကြားပေးဖို့ အထူးလိုအပ်ပါတယ်။ ငယ်ရွယ်ချိန်မှာ ငွေရေးကြေးရေးအကြောင်းကို သေချာပြောပြပေးထားမှသာလျှင် အသက်ကြီးတဲ့အခါ ကောင်းကောင်း စီမံကိုင်တွယ်တတ်မှာဖြစ်ပါတယ်။

စောင့်ဆိုင်းခြင်းရဲ့ အရေးကြီးမှုကို သင်ကြားပေးပါ

စည်းစနစ်ကျကျ သုံးစွဲတတ်တဲ့အကျင့်ကို ငယ်စဥ်ကတည်းက စွဲနေအောင် ရိုက်သွင်းပေးထားမှသာလျှင် အသက်ကြီးတဲ့အထိလည်း တစ်စိုက်မတ်မတ်ပါသွားမှာဖြစ်ပါတယ်။ အသက် ၃ နှစ်မှ ၅ နှစ်အရွယ်ကြားက ကလေးတွေဟာ စောင့်ဆိုင်းတတ်တဲ့အကျင့်ကို စပြီးသိရှိလာကြပြီဖြစ်တာကြောင့် ထိုအရွယ်မှာ စုဆောင်းခြင်း၊ သုံးဖြုန်းခြင်းတို့နဲ့ပတ်သက်လို့ သေချာသိအောင် အခွင့်အရေးယူပြီး သင်ကြားပေးပါ။

- Advertisement -

ငွေကြေးနှင့်သုံးစွဲခြင်းအပေါ် အာရုံထားတဲ့ ဂိမ်းတွေဆော့ပါ

ငယ်ရွယ်တဲ့ကလေးတွေဟာ ဘယ်လိုအရာသင်ကြားခြင်းဖြစ်ဖြစ် ကစားနည်းတစ်ခုခုပါတယ်ဆိုရင် ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် မတူညီတဲ့ပိုက်ဆံလေးတွေ တစ်ခုချင်းစီ ချထားပြီးတော့ သုညဂဏန်းလေးတွေရေတွက်ပြီး ကွာခြားသွားတဲ့ ပိုက်ဆံအရေအတွက်ကို သင်ကြားပေးပါ။ နောက်တစ်ခုက ပိုက်ဆံဆော့နည်းလေးတွေပါတဲ့ မိုနိုပိုလီလေးတွေကို အတူတူဆော့ကစားပေးပါ။

အခြေခံငွေကြေးဆုံးဖြတ်ချက်တွေမှာ ပါဝင်ခိုင်းပါ

အိမ်မှုကိစ္စ ပိုက်ဆံသုံးရတဲ့အချိန်တွေမှာ ကြီးကြီးမားမားမဟုတ်ဘူးဆိုရင် ကလေးတွေကိုလည်း ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အတူပါဝင်ခိုင်းပါ။ ၁ ထောင် ၂ ထောင်လောက်ပေးထားပြီး ဈေးဝယ်တာနဲ့ပတ်သက်လို့ သူကိုယ်ပိုင် ဆုံးဖြတ်ချက်ချခိုင်းပါ။ ဥပမာပြောရရင် သူ့မှာရှိတဲ့ပိုက်ဆံပမာဏလောက် မိသားစုအတွက် ဈေးဝယ်ခိုင်းပါ။

ပိုက်ဆံစုခိုင်းပါ

ဈေးကြီးတဲ့ကစားစရာ၊ ဗီဒီယိုဂိမ်း၊ လျှစ်စစ်ပစ္စည်းတွေကို လိုချင်တယ်ဆိုပြီး ပူဆာတဲ့အခါ ချက်ချင်းဝယ်ပေးမယ့်အစား သူ့ကိုယ်ပိုင်မုန့်ဖိုးလေးတွေကို စုဆောင်းတတ်တဲ့အကျင့်ကောင်းလေး မွေးမြူပေးပါ။

#Chit_May_May

#Thinzar

Ref- wikihow

LEAVE A REPLY

Please enter your comment!
Please enter your name here