
အကျင့်စာရိတ္တကောင်းမွန်သော ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက မိဘတိုင်းရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ကလေးတွေက စိတ်ခံစားမှုရဲ့ တွန်အားပေးမှုများစွာရှိတာကြောင့် သင့်ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ပံ့ပိုးပေးသော မိဘအုပ်ထိန်းမှုပုံစံကို လက်ခံထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ပိုမိုကောင်းမွန်သော အပြုအမူအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အပြုသဘောဆောင်သော မိဘအုပ်ထိန်းမှုဟာ ကလေးတွေကို လက်ခံနိုင်သော အမူအကျင့်တွေကို သင်ကြားပေးပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ပိုလုပ်ပေးခြင်းဖြစ်ပါတယ်။
၁။ သင့်ကလေးအတွက် သင့်မျှော်လင့်ချက်က သူ့ရဲ့ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုက်ညီကြောင်း သေချာပါစေ

ပိုမိုအပြုသဘောဆောင်သော မိဘအုပ်ထိန်းခြင်းအတွက် ပထမဆုံးအချက်အနေဖြင့် ငယ်ရွယ်သော ကလေးတွေဟာ ယုတ္တိဗေဒမဟုတ်ဘဲ စိတ်ခံစားမှုဖြင့် တွန်းအားပေးခံရကြောင်း အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးမကျသော အပြုအမူတွေရှိနေတာ လုံးဝပုံမှန်ပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ခံစားချက်တွေနှင့် စိတ်အားထက်သန်မှုတွေကို စီမံခန့်ခွဲနိုင်သော ဦးနှောက်ရဲ့ အစိတ်အပိုင်းက အသက် ငါးနှစ်မှ ခြောက်နှစ်အထိ ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး။ သားသမီးတွေဆီကနေ တတ်နိုင်သမျှထက် ပိုမျှော်လင့်ခြင်းက မိဘရော သားသမီးအတွက်ပါ စိတ်ပျက်စရာတွေများစွာ ဖြစ်စေနိုင်ပါတယ်။
သင့်လျော်သော မျှော်လင့်ချက်မျိုးထားခြင်းက အပြုသဘောဆောင်သော မိဘအုပ်ထိန်းမှုအတွက် အရေးကြီးသော အချက်ဖြစ်ပါတယ်။ သင့်ကလေးက စည်းကမ်းဖောက်ဖျောက်နေတယ်လို့ ထင်တယ်ဆိုရင် သင့်ကလေး စိတ်တည်ငြိမ်ဖို့ ကြိုးစားရမယ့်အစား ကလေးကို စိတ်အနှောင့်အယှက်ပိုဖြစ်စေမယ့် ကြမ်းတမ်းသော နည်းလမ်းကို သုံးဖြစ်နိုင်ခြေပိုများပါတယ်။
ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမှာတော့ ကလေးရဲ့ စည်းကမ်းဖောက်ဖျက်မှုကို မြင်တဲ့အခါ ကလေးကို စာနာစိတ်ဖြင့် ချဉ်းကပ်နိုင်ပြီး ကောင်းမွန်သော ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရည်တွေကို သင်ကြားပေးဖို့ အခွင့်အလမ်းတွေအဖြစ် ဒီအခိုက်အတန့်တွေကို တန်ဖိုးထားသင့်ပါတယ်။
၂။ သင့်ကလေးရဲ့ အပြုအမူရဲ့ အဓိပ္ပာယ်ကို ချိန်ညှိပါ

သင့်ကလေးရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မူလဇစ်မြစ်ကို သိရှိထားခြင်းက ထိလွယ်ရှလွယ်ဖြစ်ခြင်းအတွက် ထိရောက်သောနည်းလမ်းတွေဖြင့် တုံ့ပြန်နိုင်ပါတယ်။ ကုန်စုံဆိုင်တွင် ဝုန်းဒိုင်းကြဲခြင်းက အာရုံစိုက်မှု ရှာဖွေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မုန့်ဆိုင်မှ ကွက်ကီးကို မရခြင်းကြောင့် စိတ်ပျက်နေတာလည်းဖြစ်နိုင်ပါတယ်။ ကိုက်ခြင်းက မိမိကိုယ်ကိုယ် သက်သာစေသော နည်းတစ်မျိုးဖြစ်ပြီး ဒေါသကို ဖော်ပြခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အပြုအမူအပေါ် သက်ရောက်မှုရှိသော အကြောင်းရင်းတစ်ချို့ကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။
သင့်ကလေးမှာ ဘာတွေဖြစ်နေလဲ? ကလေးဟာ မကြာသေးခင်က အပြောင်းအလဲတစ်ခုခုကြုံတွေ့ခဲ့ရလား? သင့်ကလေးရဲ့ စိတ်နေစိတ်ထားကို စဉ်းစားဖို့လည်း အရေးကြီးပါတယ်။ ကလေးဟာ စိတ်တိုလွယ်၊ ထိခိုက်လွယ်သော ကလေးလား? စိတ်ရှည်သည်းခံတတ်သော ကလေးလား? ကလေးဟာ လူသစ်တွေနဲ့ တွေ့တဲ့အခါ ဘယ်လိုတုံ့ပြန်တတ်သလဲ?
ဒီအချက်တွေအားလုံးက အတွေ့အကြုံအသစ်တွေနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးခြင်း၊ စောင့်ဆိုင်းတတ်ဖို့ သင်ယူခြင်းနှင့် နေ့စဉ်အကူးအပြောင်းတွေကို စီမံခန့်ခွဲခြင်းကဲ့သို့သော ဘဝရဲ့ သဘာဝစိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသော ကလေးတွေရဲ့ စွမ်းရည်တွေကို ဖြစ်စေပါတယ်။
၃။ ကလေးရဲ့ ခံစားချက်ကို မကြောက်ပါနဲ့

စိတ်ခံစားချက်တွေဟာ မှားတယ်၊ မှန်တယ်ဆိုတာ မရှိဘဲ ဒီအရာတွေက ပြဿနာမဟုတ်ပါဘူး။ ခံစားချက်တွေကို လျစ်လျူရှုခြင်း (သို့) လျှော့ချခြင်းက ကလေးတွေကို စိတ်ဖိစီးမှုပိုဖြစ်စေပြီး အပျက်သဘောခံစားမှုတွေကို ဖြစ်စေပါတယ်။
ပိုမိုအပြုသဘောဆောင်သော မိဘအုပ်ထိန်းခြင်းအတွက် တတိယစည်းမျဉ်းက စိတ်ခံစားချက်တွေကို အမည်ပေးခြင်းဖြစ်ပါတယ်။ ကလေးတွေကို သူတို့ရဲ့ စိတ်ခံစားမှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့ သင်ယူရာမှာ ကူညီပေးခြင်းရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ထိန်းချုပ်မှု ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အဓိကအကျဆုံးအချက်လည်းဖြစ်ပါတယ်။
၄။ ပျော်ရွှင်နေသော ကလေးများသည် အမြဲတမ်းမပျော်ရွှင်နိုင်ကြောင်း သတိရပါ

ကလေးတစ်ယောက်ဟာ ကန့်သတ်ချက်တွေကို မကြိုက်ကြတာကြောင့် တစ်ခါတရံမှာ စိတ်မပျော်မရွှင်ဖြစ်တာဟာ ပုံမှန်ပဲဖြစ်ပါတယ်။ စည်းကမ်းတွေကို ရှင်းရှင်းလင်းလင်းချမှတ်ထားတာက ပြဿနာတွေကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကလည်း ပိုမိုအပြုသဘောဆောင်သော မိဘအုပ်ထိန်းမှုအတွက် လမ်းညွှန်ချက်တစ်ခုဖြစ်ပါတယ်။
ကန့်သတ်ချက်တွေကို လက်ခံဖို့ သင်ယူခြင်းက လိုက်လျောညီထွေဖြစ်စေပြီး ထိရောက်သော နည်းဗျူဟာများ ဖွံ့ဖြိုးတိုးတက်လာစေပါတယ်။ သကြားလုံးအစား ချိစ်ချောင်းကို လက်ခံခြင်း (သို့) သူတို့ဘာလိုချင်မှန်းမသိတတဲ့အချိန်မှာ အတူကစားဖို့ တစ်ခြားအရုပ်တစ်ခုကို ရှာဖွေပေးခြင်းဖြစ်ပါတယ်။ အလိုက်သင့် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းက ကလေးတွေကို နောက်ဆုံးမှာ ပျော်ရွှင်စေပြီး ပိုကြီးတဲ့ ကမ္ဘာကြီးမှာ အောင်မြင်အောင် ကူညီးပေးတဲ့အချက်လည်းဖြစ်ပါတယ်။ သင့်ကလေးက တစ်စုံတစ်ခုကို လိုချင်တာဟာ ၎င်းကို လိုအပ်နေတယ်လို့ မဆိုလိုကြောင်း သတိရပါ။
Chit_May_May
Nyein_Thu
ref-themindjournal