ပိုမိုလွတ်လပ်ပြီး ယုံကြည်စိတ်ချမှုရှိသော ကလေးတွေကို ပြုစုပျိုးထောင်ပေးလိမ့်မယ့် မိဘအုပ်ထိန်းမှုဆိုင်ရာ အကြံပြုချက် (5)ချက်

0
204
- Advertisement -

ကလေးတစ်ယောက်ပြုစုပျိုးထောင်ခြင်းကို ကခုန်ခြင်းနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ထိန်းချုပ်ပေးဖို့ လိုအပ်ပြီး တခြားအချိန်တွေမှာ သူတို့ကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးတာက ပိုကောင်းပါတယ်။ လွတ်လပ်ပြီး ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဘာသာဖြည့်စွမ်းနိုင်ရှိတဲ့ ကလေးတွေကို ပျိုးထောင်ခြင်းနဲ့ ပတ်သတ်လာရင် ဒီဥပစာစကားက အရမ်းအသုံးဝင်ပါတယ်။ လူကြီးတွေအနေနဲ့ ကျွန်မတို့ဟာ ကျွန််မတို့ရဲ့ ဝေဖန်မှုတွေ၊ တောင်းဆိုချက်တွေနဲ့ စိုးရိမ်မှုတွေကို သူတို့အား မလွှမ်းမိုးစေဖို့ ကြိုးစားရင်း လမ်းညွှန်မှုပေးရမယ်၊ ကလေးတွေအတွက် စံနမူနာကောင်းဖြစ်ရပါမယ်၊ မိခင်တွေနဲ့ ဖခင်တွေကို မိဘအုပ်ထိန်းမှု အနုပညာနဲ့ ပတ်သတ်ပြီး ကူညီဖို့ ဒီဆောင်းပါးလေးမှာ ကလေးတွေအား ပိုမိုလွတ်လပ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေအောင် ကူညီပေးမယ့် အကြံဉာဏ်တွေကို ပြင်ဆင်ပေးထားပါတယ်။

၁။ သူတို့အတွက် အရာရာတိုင်း လိုက်လုပ်မပေးပါနဲ့

သူတို့လေးတွေကို လုပ်ခိုင်းမယ့်အစား ကိုယ့်ဘာသာလုပ်လိုက်ရင် မြန်မြန်ပြီးသွားမယ်၊ လွယ်ကူသွားမယ်ဆိုပေမယ့် ဒီအပြုအမှုမျိုးက ရေရှည်မှာ ကလေးတွေရဲ့ လွတ်လပ်မှု ဖွံ့ဖြိုးတိုးတတ်ရေးမှာ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ကလေးတွေဟာ လက်တွေ့လုပ်ခြင်း၊ အမှားတွေ လုပ်ခြင်းဖြင့် သင်ယူတတ်ကြပါတယ်။ ထို့ကြောင့် သူတို့ကိုယ်တိုင်လုပ်ဖို့ အခွင့်အရေးပေးရမှာဖြစ်ပြီး သူတို့ဘာသာ သင်ကြားတဲ့ အချိန်တွေ မဆုံးရှုံးစေဖို့ အရမ်းအရေးကြီးပါတယ်။ ထို့အပြင် ကလေးတွေရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကို ရှာဖွေတွေ့ရှိဖို့ အားပေးပါလိမ့်မယ်။

- Advertisement -

၂။ သူတို့ရဲ့ နေ့စဉ်အောင်မြင်မှုတွေကို ဂုဏ်ပြုပါ

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ နှစ်မြုပ်နေရတာကြောင့် သားသမီးတွေရဲ့ အောင်မြင်မှု မြင်ကွင်းတွေကို ဆုံးရှုံးနေတာဖြစ်နိုင်ပါတယ်။ ကိုယ့်မိသားစုရဲ့ အငယ်ဆုံး အဖွဲ့ဝင်တွေဟာ ရည်မှန်းချက်တစ်ခုကို ပြည့်မီတိုင်း ကိုယ့်ရဲ့ အာရုံစိုက်မှုနဲ့ အသိအမှတ်ပြုမှု လိုအပ်ကြောင်း သတိရဖို့ အရေးကြီးပါတယ်။ ကြီးမားတဲ့ အောင်မြင်မှုအကြောင်း ပြောနေတာ မဟုတ်ပါဘူးနော်။ အိမ်စာအပြီးလုပ်တာမျိုး၊ စနစ်တကျ သွားတိုက်တာမျိုး ဖြစ်ပါတယ်။ ဒီတိုးတတ်မှုလေးတွေကို ဂုဏ်ပြုပေးမယ်ဆိုရင် သူတို့ရဲ့ self-esteem ကိုမြှင့်တင်ပေးဖို့ ကူညီပါလိမ့်မယ်။

၃။ အိမ်မှုကိစ္စတွေမှာ အကူအညီပေးခွင့်ပြုပါ

အိမ်မှုကိစ္စတွေနဲ့ ပတ်သတ်ပြီး မေမေတို့ရဲ့ အတွေ့အကြုံတွေကနေ ကလေးတွေ သင်ယူနိုင်ပါတယ်။ ပါဝင်ခြင်းက အိမ်၊ သူတို့ကိုယ်သူတို့နဲ့ သူတို့မိသားစုကို ဂရုစိုက်ဖို့ ဘာလုပ်ရမယ် ဆိုတာကို နားလည်စေပါတယ်။ သူတို့လေးတွေအား တာဝန်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ ခံစားချက်တွေကို ခံစားခွင့် ရရှိစေပါတယ်။ သူ့အသက်အရွယ်နဲ့ သင့်တော်တဲ့ အိမ်မှုကိစ္စလေးတွေ ပေးလုပ်ဖို့ လိုအပ်ပါတယ်။

၂-၃ နှစ်

  • ကစားစရာတွေနဲ့ စာအုပ်တွေကို ကောက်သိမ်းခိုင်းပါ
  • အဝတ်တွေကို အဝတ်ချိတ်ပေါ်မှာ ချိတ်ခိုင်းပါ

၄-၅ နှစ်

  • ထမင်းဝိုင်းပြင်တဲ့အခါ ကူညီခိုင်းပါ
  • ကြီးကြပ်မှုဖြင့် အစားအသောက်ပြင်ဆင်မှုမှာ ကူညီခိုင်းပါ
  • ကုန်စုံစျေးဝယ်ခြင်းမှာ ကူညီခိုင်းပါ။

၆-၁၁ နှစ်

  • အပင်ရေလောင်းခိုင်းပါ
  • အမှိုက်သိမ်းခိုင်းပါ
  • ဖုန်စုပ်တာ (သို့) ကြမ်းပြင်လှည်းခိုင်းပါ

၄။ သေးငယ်တဲ့ ဆုံးဖြတ်ချက်တွေ ချခိုင်းပါ

ဆုံးဖြတ်ချက်ချခြင်းက ကလေးတွေကို ရင့်ကျက်ပြီး ကျန်းမာသော လူကြီးတွေ ဖြစ်လာစေဖို့ လိုအပ်တဲ့ အရေးပါဆုံးစွမ်းရည်တွေထဲက တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သူတို့ကို ရွေးချယ်ဆုံးဖြတ်စေပြီး သူတို့အရွယ်ရောက်လာတာနဲ့အမျှ ရွေးချယ်မှုများစွာပေးပါ။ ဥပမာ- မြင်မြင်သမျှ အကုန်လိုချင်နေတဲ့ အသက် ၃နှစ်အရွယ်ကလေးတစ်ယောက်နဲ့ စတိုးဆိုင်သွားတယ်ဆိုပါစို့၊ မေမေတို့အနေနဲ့ သူတို့ကို အရာအားလုံး မရနိုင်ကြောင်းကို ပြောပြနိုင်ပေမယ့် သူတို့အား ရွေးချယ်မှုလေးတွေလုပ်ပေးပါ။

ကျွန်မတို့ရဲ့ ကလေးတွေအတွက် ဆုံးဖြတ်ချက်ချဖို့ အားပေးတဲ့ နောက်အကြံကောင်းတစ်ခုက သူတို့ ဝတ်လိုတဲ့ အဝတ်အစားတွေကို ရွေးချယ်ခွင့်ပေးတာ ဖြစ်ပါတယ်။ ဒါက သူတို့ကို မိမိကိုယ်ကို လေးစားမှု တည်ဆောက်ဖို့၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ဖော်ပြဖို့ ကူညီပေးလိမ့်မှာဖြစ်ပါတယ်။

၅။ သူတို့ကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်လောက် စိန်ခေါ်မှု အသစ်တစ်ခုပေးပါ

စိန်ခေါ်မှုတွေကို ရင်ဆိုင်ခြင်းက ကလေးတွေေအား မိမိကိုယ်ကို ယုံကြည်မှုရရှိစေဖို့အတွက် အရမ်းအရေးပါပါတယ်။ ထို့ကြောင့် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုက သူတို့အသက်အရွယ်၊ စွမ်းရည်နှင့်ဖွံ့ဖြိုးတိုးတတ်မှုပေါ်မှုတည်ပြီး ကျော်လွှားနိုင်မယ့် စိန်ခေါ်မှုအသစ်တွေကို မိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။ ဥပမာ- ၃နှစ်အရွယ်ကလေးငယ်တွေကို ကိုယ့်ဘာသာ အဝတ်အစားဝတ်ဖို့၊ ပုံဆွဲဖို့၊ သီချင်းတစ်ပုဒ် ဆိုဖို့ တောင်းဆိုနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here