Home Parenting Child Nutrition ပူပြင်းတဲ့ နွေရာသီကာလအတွင်းမှာ မေမေတို့ကလေးကို အစားဝင်အောင်ကျွေးဖို့ အကြံပြုချက်များ

ပူပြင်းတဲ့ နွေရာသီကာလအတွင်းမှာ မေမေတို့ကလေးကို အစားဝင်အောင်ကျွေးဖို့ အကြံပြုချက်များ

0
ပူပြင်းတဲ့ နွေရာသီကာလအတွင်းမှာ မေမေတို့ကလေးကို အစားဝင်အောင်ကျွေးဖို့ အကြံပြုချက်များ

နွေရာသီမှာ ကလေးတွေဟာ စိတ်တိုခြင်း၊ စိတ်အိုက်ခြင်းတွေကို ခံစားရလေ့ရှိပါတယ်။ အပူရှိန်ကြောင့် ကလေးက ချွေးစေးထွက်၊ ပူပြီး အဆင်မပြေရင် စားချင်စိတ်ရှိမှာမဟုတ်ပါဘူး။ ပြီးတော့ အခုလို ပူပြင်းတဲ့ နွေရာသီမှာ သူတို့ရဲ့ အစာစားချင်စိတ်က သိသိသာသာ လျော့ကျသွားပြီး ဘာမဆို ကျွေးရခက်စေပါတယ်။ ကလေးတွေ အစာမစားတာက မိဘတွေအတွက် အရမ်းစိတ်ဖိစီးရနိုင်ပါတယ်။ ဒါပေမယ့် သင့်ကလေးက မိခင်နို့စို့နေတာဆိုရင် နေ့တိုင်း ပုံမှန်စို့နေသရွေ့တော့ စိုးရိမ်စရာ သိပ်မလိုပါဘူး။

အသက်ကြီးတဲ့ ကလေးတွေနဲ့ လူကြီးတွေလောက် ချွေးမထွက်ကြတာကြောင့် နွေရာသီက ဘေဘီလေးတွေအတွက် ခက်ခဲနိုင်ပါတယ်။ သူတို့ဟာ အပူလွန်ကဲခြင်းဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါ့ကြောင့် နွေရာသီကာလမှာ ကလေးရဲ့ ခန္ဓာကိုယ်စနစ်အတွက် အာဟာရဓါတ်တွေ ဆက်တိုက်ရရှိနေဖို့နဲ့ ရေဓါတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။

မိခင်နို့က ကလေးအတွက် အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပါတယ်

မေမေတို့ကလေးက solid food တွေကို စားချင်စိတ် ဆုံးရှုံးနေပေမယ့်လည်း ကျွန်မတို့ ဒီရာသီမှာ အရည်များများသောက်ချင်သလိုပဲ ခါတိုင်းထက် ပိုသောက်ချင်ကြပါလိမ့်မယ်။ ကလေးအား မိခင်နို့တိုက်သည်ဖြစ်စေ၊ နို့ဘူးတိုက်သည်ဖြစ်စေ ပူပြင်းတဲ့ ရာသီဥတုမှာ အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့နဲ့ ပြီးတော့ ပြင်ပအကူအညီတွေမပါဘဲ အေးမြနေအောင် သူတို့ရဲ့ခန္ဓာကိုယ်ကို ရေဓါတ်လုံလောက်နေစေဖို့ နို့ပိုတိုက်ကျွေးတာက အကောင်းဆုံးဖြစ်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းဟာ သူတို့အား ကျေနပ်စေမယ့် အဆီနည်းသောနို့ကို ပိုမိုရရှိစေပြီး ရေငတ်လွယ်ခြင်းမှ ကင်းဝေးစေပါတယ်။ မိခင်နို့ဟာ အလွန်အမင်း ရေငတ်ပြေစေပြီး ရေဓါတ်ပါဝင်မှု မြင့်မားတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြားအရည်အမျိုးအစားကို မတိုက်ဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်တဲ့ ကလေးငယ်တွေကို ပူပြင်းတဲ့နွေရာသီအတွင်းမှာ ရေမတိုက်သင့်ပါဘူး။ ရေဓါတ်ကို မိခင်နို့ကနေ ရရှိနိုင်သလို အာဟာရဓါတ်တွေ လျော့ပါးစေတာကြောင့်ပါ။

ဒါ့အပြင် မွေးကင်းစကလေးတွေမှာ ရေအလွန်အကျွံ သောက်မိပါက ရေအဆိပ်သင့်မှု အန္တရာယ်ဖြစ်စေကာ အရွယ်မတိုင်ခင် ကျောက်ကပ်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် မိခင်နို့ပမာဏကို တိုးမြှင့်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

Solids Food စားနေတဲ့ ကလေးတွေဆိုရင်…

ရေက ကလေးတွေအတွက် တစ်နေ့တာလုံး ပြေးလွှားဆော့ကစားခြင်းဖြင့် ရေဓါတ်ခန်းခြောက်မှု မဖြစ်စေဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်တာကို ကျွန်မတို့အားလုံးသိပါတယ်။ ဒါပေမယ့် နွေရာသီတစ်လျှောက်လုံး သူတို့ ရေသောက်ချင်အောင် ဘယ်လိုထိန်းသိမ်းမလဲ? ဘာအရသာမှ မရှိတာကြောင့်ကလေးအများစုက ရေများများသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ပိုပြီး ဆွဲဆောင်မှုရှိစေမယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

  • ဖျော်ရည်တိုက်ပါ

ရောင်စုံသစ်သီးဖျော်ရည်တွေက မျက်လုံးနဲ့ အရသာခံတွေကို စွဲဆောင်ရုံသာမက အရေးကြီးတဲ့ ဗီတာမင်တွေနဲ့ အာဟာရဓါတ်အချို့ကို အလွယ်တကူရစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေလည်း ခံတွင်းတွေ့စေပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေက ခန္ဓာကိုယ်ကို အေးမြစေတဲ့ အာနိသင်ရှိတာကြောင့် အထူးသဖြင့် ဖရဲသီး၊ သခွားသီးကဲ့သို့သော လတ်ဆတ်တဲ့ ရာသီပေါ် အသီးဖျော်ရည်တွေကို အကြံပြုပါတယ်။ သရက်သီး ၊ ငှက်ပျောသီးကဲ့သို့သော smoothies ဖျော်ရည်တွေကို တိုက်ပါ။

  • နေ့တိုင်း အစားအစာတစ်မျိုးတည်းကို မကျွေးပါနဲ့

ဒီလိုမှမဟုတ်ရင် မေမေတို့ကလေးက ထိုအစားအစာကို မနှစ်သက်သောသူ ဖြစ်လာပါမယ်။ အစားအသောက်ကို ဆွဲဆောင်မှုရှိတဲ့ပုံပေါက်အောင် လုပ်ပြီး ကလေးစားချင်လာအောင် ဆွဲဆောင်ပါ။

  • ဟင်းချိုတိုက်ပါ

ဟင်းချိုက ကလေးတွေအတွက် ကောင်းမွန်တဲ့ အာဟာရ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဟင်းချိုပါရင် ကလေးတွေ အစားပိုဝင်မှာ သေချာပါတယ်။။ အသည်းကို အေးမြစေတဲ့ ဘူးသီးလို အသီးအရွက်တွေကိုသုံးပါ။

  • အစာစားချိန်မှာ ပျော်ရွင်စေပါ

အစာစားနေချိန်မှာ ကလေးတွေကို စိတ်ဖိစီးမှု မဖြစ်ပါစေနဲ့။ သူတို့ရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးရမှာဖြစ်ပြီး အတူတူလုပ်ဆောင်ဖို့ ပျော်ရွင်စရာ လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ပေးရပါလိမ့်မယ်။ ဒါ့အပြင် ကလေးက ထမင်းအလုံအလောက် မစားခြင်းနဲ့ ပတ်သတ်လို့ အရမ်းစိတ်ဖိစီးမှု မလုပ်မိအောင် ကြိုးစားပါ။ နည်းနည်းချင်းစီကျွေးပါ။ သူတို့ရဲ့ အစာစားချင်စိတ်က အချိန်ကြာလာတာနှင့်အမျှ တိုးလာပါမယ်။

  • ကလေးကို လှုပ်လှုပ်ရှားရှားနေပါစေ

အပူရှိန်က ပင်ပန်းနွမ်းနယ်စေတာ အမှန်ပါပဲ။ ဒါပေမယ့် တက်ကြွစွာနေခြင်းက သက်လုံကောင်းစေပြီး အစာစားချင်စိတ်ကို တိုးလာစေပါတယ်။ အပြင်ထွက်ဖို့အရမ်းပူရင် အိမ်တွင်းဂိမ်းတွေ့ ဆော့ကစားခြင်းဖြင့် ကလေးကို တတ်ကြွစေနိုင်ပါတယ်။

Chit_MayMay

Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here