ပျက်စီးယိုယွင်းနေသောကလေးငယ်တစ်ဦးရဲ့ လက္ခဏာ( ၁၂ )ချက်

0
390
- Advertisement -

ဘယ်လိုမိဘတွေမဆို ပျက်စီးယိုယွင်းနေတဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ အိပ်မက်မျိုးတောင် မက်ဖူးကြမှာမဟုတ်ပါဘူး။ သို့ပေမယ့် တစ်ခါတရံမှာ မိဘတွေက သူတို့ကလေးတွေကို အကောင်းဆုံးကိုသာ ပေးပြီးတော့ သူတို့ဘဝတွေကို တတ်နိုင်သမျှ သက်တောင့်သက်သာနှင့် လုံခြုံအောင်ပြုလုပ်လိုတဲ့ ဆန္ဒက မူလမိဘအုပ်ထိန်းမှုအစီအစဥ်တွေနဲ့ မကိုက်ညီသောရလဒ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီကနေ့မှာတော့ ပျက်စီးယိုယွင်းနေတဲ့ ကလေးတစ်ယောက်ရဲ့ လက္ခဏာအချို့ကို ပြောပြပေးချင်ပါတယ်။

၁။ ကလေးက မိသားစုဝင်တွေကို ကျေးဇူးမတင်တတ်ခြင်း

ကလေးက အခြားလူတွေနှင့် အမူအကျင့်ကောင်းပြနေပေမယ့်လည်း မိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်း မပြောတာတွေရှိနိုင်ပါတယ်။ ဒါဟာ ကလေးက ပျက်စီးယိုယွင်းနေတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ကလေးတွေက တမင်တကာတစ်စုံတစ်ယောက်ကို ထိခိုက်စေတာကြောင့် (သို့) ရည်ရွယ်ချက်ရှိရှိမဟုတ်ဘဲ ကျေးဇူးတင်စကားပြောဖို့ မေ့လျော့နေတတ်ပါတယ်။ သို့ပေမယ့် သူတို့မိသားစုက သူတို့အတွက်လုပ်သမျှအားလုံးကို စိတ်ရင်းမှန်နဲ့ ယူတာပါပဲ။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ဒီလိုအပြုအမူတွေဟာ အနာဂတ်မှာ လူ့ဆက်ဆံရေးကို တည်ဆောက်ခြင်းနှင့်အတူ ပြဿနာတွေဖြစ်ပေါ်စေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

- Advertisement -

၂။ ကလေးက ရိုးရှင်းသောအိမ်မှုကိစ္စတွေမှာ ပါဝင်ကူညီခြင်းမရှိခြင်း

ဘယ်လိုတာဝန်ရှိတဲ့ မိဘမဆိုကလေးတွေကို လွတ်လပ်မှုရှိစေဖို့ ကူညီသင့်ပါတယ်။ သာမန်အားဖြင့် ၃ နှစ်အရွယ်တွင် ကလေးတွေက ကစားစရာတွေကို ကစားနိုင်တယ်၊ အသက် ၅ နှစ်အရွယ်မှာ အိမ်မှုကိစ္စငယ်တွေကို ကူညီနိုင်ပါတယ်။ အိမ်မှုကိစ္စတွေမှာ ကလေးတွေကို ပါဝင်ဖို့ ကြိုးပမ်းမှုအားလုံးအောင်မြင်မှုမရဘူးဆိုရင်၊ ကလေးက တစ်ခုခုကို သင်ယူဖို့ စိတ်အားထက်သန်မှုမရှိဘူးဆိုရင် ဒါဟာ ပျက်စီးနိုင်မယ့် နိမိတ်လက္ခဏာဖြစ်ပါတယ်။

ကလေးတွေဟာ တာဝန်တွေမရှိဘူးဆိုရင် အရွယ်ရောက်တဲ့အခါ သူ့ဘဝကို ဘယ်လိုကိုင်တွယ်မလဲ။ နောက်ဆုံးမှာ မိဘတွေက မိမိတို့ရဲ့ကလေးတွေဘဝမှာ မရှိမဖြစ်လိုအပ်သော စွမ်းရည်တွေနှင့် ဘဝဆိုင်ရာ အချက်အလက်တွေကို ပိတ်ပင်ထားတတ်ကြပါတယ်။

၃။ ရွယ်တူချင်းတွေနဲ့ အဆင်မပြေဘဲ မှားယွင်းစွာ ပြုမူတတ်ကြပါတယ်

အခြားကလေးတွေနဲ့ ဆက်သွယ်တဲ့အခါ ပျက်စီးယိုယွင်းနေသောကလေးတစ်ဦးဟာ သူတို့ဆီက ဘာမှမပေးဘဲ သူတစ်ပါးထံမှ ဘာမှပြန်မရနိုင်ဘူးဆိုတာကို နားမလည်ကြပါဘူး။ အခြားသူတွေရဲ့လိုအပ်ချက်တွေကို ထည့်သွင်းစဥ်းစာဖို့ မတတ်စွမ်းနိုင်ခြင်းနှင့် စာနာမှုကင်းမဲ့ခြင်းက သူတို့ရဲ့ ရွယ်တူချင်းတွေနှင့် အတူနေထိုင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ကလေးကမသက်မသာခံစားရပြီး ဘာမှားနေတယ်ဆိုတာ မရှင်းပြနိုင်ဘူး။ သူတို့မှားနေတဲ့အရာတွေအတွက် အခြားလူတွေကို အပြစ်တင်တတ်ကြပါတယ်။

၄။ သူတို့လိုချင်သောအရာတွေကို မရတဲ့အခါ ဝုန်းဒိုင်းကြဲတတ်ပါတယ်

မိဘတွေအနေနဲ့ ဒီနိမိတ်လက္ခဏာကို လုံးဝလျှော့မတွက်သင့်ပါဘူးး။ ပျက်စီးယိုယွင်းနေသော ကလေးငယ်တွေအနေနဲ့ ၎င်းတို့ရဲ့ စိတ်ခံစားမှုကို ဘယ်လိုဖော်ပြရမယ်ဆိုတာ မသိကြပါဘူး။ သူတို့မဖြေရှင်းနိုင်တဲ့အခါ အလွယ်တကူပင်ပန်းလာကြပါတယ်။ ဒါ့ကြောင့် သူတို့ကငိုကြွေးမြည်တမ်းကြတယ်။ မကျေမနပ်ပြုကြပါတယ်။ ကြမ်းပြင်ပေါ်တက်ပြီး ဝုန်းဒိုင်းကြဲပစ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကပဲ အချို့သော အကူအညီနှင့် အာမခံချက်တွေလိုအပ်ပါတယ်။

ကလေးက ကျောင်းတက်ရမယ့်အရွယ်ရောက်ပေမယ့်လည်း ကလေးငယ်လေးလိုပြုမူနေတတ်တယ်။ မိဘတွေအနေနဲ့ လုံးဝဗလာဖြစ်နေပြီးတော့ ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း ကလေးက သူတို့လိုချင်တဲ့အရာတွေကို ရယူပြီးပျော်ရွှင်နေတယ်ဆိုရင် ဆက်ဆံရေးမှာ တစ်စုံတရာမှားယွင်းနေတာ သတိရပါ။

၅။ ကလေးက ပြိုင်ဆိုင်မှုတွေပါဝင်တဲ့ လုပ်ဆောင်မှုတွေကို မနှစ်သက်ဘူး

စိတ်ပညာရှင်တွေက ကျွန်တော်တို့ရဲ့ကလေးတွေကို ချန်ပီယံအဖြစ်ပြုစုပျိုးထောင်သင့်ကြောင်းနှင့် ကလေးတိုင်းက စိတ်ဒဏ်ရာမရဖို့ ဆုချသင့်ကြောင်း ကျွန်တော်တို့ကို ယုံကြည်စေခဲ့ပါတယ်။ သို့ပေမယ့် အခုချိန်မှာတော့ အဲ့လိုမဟုတ်တော့ပါဘူး။ မိဘတွေအနေနဲ့ ကလေးတွေကို အချိန်နှင့်အမျှ ရှုံးနိမ့်နိုင်ကြောင်း သင်ခန်းစာတစ်ခုသင်ပေးသင့်ပါတယ်။ ဒါ့ကြောင့် ရှုံးနိမ့်ခြင်းကို ရှက်ကြောက်မှုမပါဘဲ ဂုဏ်သိက္ခာရှိရှိလက်ခံသင့်ကြောင်း သင်ပြပါ။

မိဘတွေဟာ များသောအားဖြင့် ပျက်စီးယိုယွင်းနေသောကလေးတွေအတွက် ပြိုင်ပွဲမှာ ပျော်ရွှင်မှုတွေရှိစေဖို့၊ ယှဥ်ပြိုင်တတ်ဖို့ သင်ကြားပေးခြင်းမရှိကြပါဘူး။ ဒီတော့ ကလေးကစစ်မှန်သော ဘဝမှာ သူတို့ကအမြဲတမ်းအကောင်းဆုံးမဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့အခါ သူတို့ဟာ ပြိုင်ဆိုင်မှုတစ်ခုမှာ ပါဝင်ဖို့ ငြင်းဆန်ချင်ကြတာဖြစ်ပါတယ်။

၆။ လူတိုင်းကို သူတို့မိဘတွေလို စကားပြောတဲ့အတွက် သူတို့မှာ အကောင်းဆုံးသူငယ်ချင်းဆိုတာမရှိဘူး

ရင်ဆိုင်ဖြေရှင်းကြရအောင်။ ကလေးတစ်ယောက်ပျက်စီးရင် ၎င်းတို့ရဲ့အမှားသက်သက်မဟုတ်ပါဘူး။ ၎င်းတို့ရဲ့ မိဘတွေရဲ့ တာဝန်ဝတ္တရားတွေမြောက်များစွာပါဝင်ပါတယ်။ မိဘတွေက နယ်နိမိတ်တွေသတ်မှတ်ဖို့၊ တင်းကျပ်သောစည်းကမ်းတွေလုပ်ဖို့ ပျက်ကွက်တယ်။ ဒါ့အပြင် ဘဝအတွက်ဘယ်လိုဦးတည်ရာမျိုးကိုမှ သတ်မှတ်ပေးနိုင်ခြင်းမရှိဘူး။ ရလဒ်တွေအနေနဲ့ ကလေးက မိဘရဲ့ ဘယ်လိုအခွင့်အာဏာကို မခံစားရပါဘူး။ ၎င်းတို့က မိဘတွေနှင့်သာမက နေရာတိုင်းမှာ ဒီလိုပိုင်ဆိုင်မှုမျိုးရရှိနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။

၇။ အံ့ဩဖို့ကောင်းတာက ကလေးငယ်က မိမိကိုယ်ကိုလေးစားမှုနိမ့်ပြီး ယုံကြည်မှုကင်းမဲ့နေတယ်

သင့်ကလေးကို သူတို့ရဲ့ထူးခြားမှုကို ပြသပြီး သင့်ပတ်ဝန်းကျင်က လူတွေအားလုံးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူစေလိုပါသလား။ သင့်လမ်းခရီးကအတားအဆီးအားလုံးကို ဖျက်ဆီးနိုင်သော စူပါဟီးရိုးတစ်ယောက်ဖြစ်စေလိုပါသလား။ မိဘတွေအနေနဲ့ ကလေးတွေကို သူတို့ကိုယ်သူတို့ ယုံကြည်မှုတည်ဆောက်ဖို့၊ သူတို့ရဲ့အမှားတွေက သင်ခန်းစာယူဖို့နှင့် အခက်အခဲတွေကို ကျော်လွှားဖို့အတွက် အခွင့်အလမ်းတွေကို ပိတ်ပင်တားဆီးထားတတ်ပါတယ်တဲ့။ ပျက်စီးယိုယွင်းနေသောကလေးတွေက အစစ်အမှန်ကမ္ဘာနှင့် ရင်ဆိုင်ရမှာဖြစ်ပေမယ့် သူတို့အနေနဲ့ အကျွမ်းတဝင်တုံ့ပြန်မှုမရှိတဲ့အခါ သူတို့က ရှုပ်ထွေးပြီးတော့ အခြေအနေတွေကို ဘယ်လိုပြုပြင်နိုင်မယ်ဆိုတာ နားမလည်နိုင်ဖြစ်ကြပါတယ်။

၈။ သင့်ကလေးက သင့်ရဲ့အားလပ်ချိန်အားလုံးကို သိမ်းပိုက်ချင်ကြတယ်

ပျက်စီးယိုယွင်းနေသာ ကလေးတစ်ဦးက ၎င်းတို့ရဲ့ မိသားစုဝင်တွေအပေါ်မှာ များစွာမူတည်ပါတယ်။ ကလေးတွေရဲ့ ပျော်ရွှင်မှုရဲ့ အရင်းအမြစ်က မိသားစုရဲ့ စကြာဝဠာဗဟိုက လာတာြဖစ်ပါတယ်။ ကလေးတွေအားလုံး လုံလောက်တဲ့ အာရုံစူးစိုက်မှုက အရေးကြီးပေမယ့်လည်း မိဘတွေအနေနဲ့ မိမိတို့ရဲ့လိုအပ်ချက်တွေကို သူတို့နားလည်စေသင့်ပါတယ်။ မိသားစုဘဝက ကလေးတစ်ဦးရဲ့ ဆန္ဒတွေကို အကြိမ်ကြိမ်ပြန်လည်စဥ်းစားပေးနေရတယ်ဆိုရင် ၎င်းက ကလေးငယ်ရဲ့ ပျက်စီးယိုယွင်းနေကြောင်း သေချာလက္ခဏာဖြစ်ပါတယ်။

၉။ ကလေးက နည်းနည်းလေးမှ နာခံမှုမရှိဘဲ လူကြီးတွေကို ပြန်အော်ပြောခြင်း

ကလေးတွေကို အမှားလုပ်မိတယ်လို့ စွပ်စွဲလျှင် ကလေးတွေကို အမြဲကာကွယ်ပေးပြီး သူတို့ရဲ့အကျိုးစီးပွားတွေကို စောင့်ရှောက်သောမိဘတွေကို သင့်တွေ့ဖူးပါသလား။ တစ်ဖက်မှာ ၎င်းက သဘာဝအပြုအမူပုံစံဖြစ်ပါတယ်။ သို့ပေမယ့် အဖြစ်အပျက်ပြီးနောက် မိဘတွေက ကလေးနှင့်အခြေအနေကို တံခါးပိတ်နောက်ကွယ်မှ မဆွေးနွေးဘဲ ဆရာတွေနှင့် အခြားလူကြီးတွေကိုသာ အပြစ်တင်မယ်ဆိုရင်ကလေးက အရာရာတိုင်းကို သူလုပ်နိုင်တယ်လို့ ခံစားရနိုင်ပါတယ်။ ဆိုလိုတာက သူတို့ဟာ အမြဲတမ်းမှန်နေပြီး တစ်ခြားလူတွေက ဘာမှမသိတဲ့အရူးတွေလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါ့အပြင် မိဘတွေက ပျက်စီးယိုယွင်းနေသော ကလေးအတွက်အခွင့်အာဏာမသုံးနိုင်တာကြောင့် ဘယ်သူ့ကိုမှ လေးစားတော့မှာမဟုတ်ပါဘူး။

၁၀။ ကလေးက ငွေရဲ့ တန်ဖိုးကို နားမလည်ဘူး

ခေတ်မီစျေးကွက်ရှာဖွေရေးကျွမ်းကျင်သူတွေက ကလေးတွေဟာ သူတို့တစ်ခုခုလိုအပ်တယ်လို့ ယုံကြည်စေဖို့ နည်းလမ်းများစွာရှိတယ်ဆိုတာ သိကြပါတယ်။ ကြော်ငြာတွေက လူကြီးတွေနှင့် နှိုင်းယှဥ်ရင် ကလေးတွေမှာ ပိုပြီးတော့ ဆိုးကျိုးသက်ရောက်စေပါတယ်။ မိဘတွေရဲ့ ဝင်ငွေကို ဘယ်လိုရှာဖွေရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကလေးတွေနားလည်သင့်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေလိုချင်တဲ့အရာက မိသားစုဘတ်ဂျက်ထက်ပိုအရေးကြီးတယ်လို့ ယုံကြည်စေခြင်းက ပျက်စီးသောကလေးတစ်ယောက်ဖြစ်စေနိုင်ပါတယ်။

လေ့လာမှုတွေအရ ပျက်စီးယိုယွင်းနေသောကလေးတွေဟာ ငွေကြေးအရ အမှီအခိုကင်းကင်းနဲ့ ကြီးပြင်းလာတဲ့အခါ အကြွေးနွံနစ်သွားနိုင်ပါတယ်တဲ့။ သူတို့ဟာ သူတို့လိုချင်တဲ့အရာတွေကို သူတို့ရဲ့ဘယ်လိုအားထုတ်မှုမျိုးမှမပါဘဲ ချေးငွေတွေထုတ််ယူပြီး အပိုင်ရယူကြပါလိမ့်မယ်။

၁၁။ သူတို့က ပျင်းတယ်လို့ အမြဲညည်းညူလေ့ရှိတယ်

အသက် ၁ နှစ်အရွယ်ကလေးတစ်ယောက်တောင်မှ အလုပ်တစ်ခုကို ၁၅မိနစ်လောက်အာရုံစိုက်နိုင်ပါတယ်။ ၃ နှစ်အရွယ်ကလေးတစ်ယောက်ဟာများသောအားဖြင့် မိမိကိုယ်ကိုဖျော်ဖြေနိုင်ပါတယ်။ ကလေးက သူတို့ရဲ့ ပျင်းရိခြင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မသိဘူး။ တစ်ယောက်ယောက်ပေါ်လာပြီး သူတို့ရဲ့ ပုဂ္ဂိုလေရေးကာတွန်းရုပ်ဖြစ်ပေးဖို့ အမြဲစောင့်ဆိုင်းနေရင်တော့ ဒါဟာ ပျက်စီးယိုယွင်းနေတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါဟာ ဘယ်လိုအချက်တွေနဲ့ ချိတ်ဆက်နေကြသလဲ။ ဥပမာအားဖြင့် ကလေးက ကစားစရာတွေနဲ့ ကစားတာများလို့လား၊ ဂိမ်းတစ်ခုအပေါ်အာရုံစူးစိုက်လွန်းခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီအတိုင်းဆိုရင် တီထွင်ဖန်တီးနိုင်မှုအတွက် ပိုခက်ခဲလာလေလေဖြစ်နိုင်ပါတယ်။

၁၂။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ကြဘူး

ကျွန်တော်တို့မှာ ရှိသမျှတွေက တစ်ခါတရံမှာ ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖို့ ပျက်ကွက်ပေမယ့်လည်း ပျက်စီးယိုယွင်းနေတဲ့ကလေးတွေက သူတို့ကိုယ်တိုင်ဘယ်လိုထိန်းချုပ်ရမယ်ကို သင်ယူဖို့အခွင့်အရေးမရှိပါဘူး။ သူတို့က အကြီးအကျယ်စိတ်ဓာတ်အပြောင်းအလဲတွေကြောင့် ခံစားရပြီးကြီးပြင်းလာတဲ့တိုင် မွေးကင်းစကလေးတွေရဲ့ သဘောထားနဲ့ ရှင်သန်ကြတယ်။ သူတို့ရဲ့ ပြဿနာတိုင်းကို ဒရာမာအဖြစ်ရှုမြင်ကြတယ်။ သူတို့ရဲ့ကောင်းမွန်သော စိတ်နေသဘောထားကအလွန်လွှမ်းမိုးနေပြီး မျက်ရည်တွေနှင့် ရယ်မောခြင်းတွေကို မနှိမ်နင်းနိုင်ပါဘူး။ သူတို့ရဲ့အပြုအမူတွေကို ခွဲခြမ်းစိတ်ဖြာခြင်းကို သူတို့ရဲ့ အတွေ့အကြုံတွေနှင့် ခံစားချက်တွေအကြောင်းပြောတဲ့နေရာမှာ အသုံးမချတတ်တာလည်းဖြစ်ပါတယ်။ သူတို့အတွက် သူတို့ရဲ့စိတ်ခံစားမှုကို ဖော်ပြဖို့ တစ်ခုတည်းသော နည်းလမ်းက ကွက်ကွက်ကွင်းကွင်းသရုပ်ပြခြင်းဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here