
စူပါမိဘတွေရဲ့ ခေတ်က ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် မိဘတွေဟာ ပျင်းရိတဲ့မိဘအုပ်ထိန်းမှုပုံစံကို ကျင့်သုံးဖို့ကြိုးစားကြတယ်။ ဒါပေမယ့် ဒါက သင့်ကလေးတွေကို တစ်နေကုန်အင်တာနက်ကိုကြည့်ခွင့်ပေးသင့်တယ်လို့ မဆိုလိုပါဘူး။ သင့်ရဲ့ကလေးကို ခဏတာရုန်းကန်ခွင့်ပြုဖို့နှင့် အတားအဆီးအားလုံးကို သူတို့ရဲ့လမ်းကနေ ဖယ်ထုတ်မယ့်အစား စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားမယ်ဆိုတာကို လေ့လာဖို့ ခြေလှမ်းတစ်လှမ်းခြင်း လှမ်းတာကို ဆိုလိုပါတယ်။
ပျင်းရိတဲ့မိဘတစ်ဦးဖြစ်ဖို့ သည်းခံရတာဟာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အားသာချက်တွေများစွာရှိပါတယ်။

၁။ ကလေးတွေဟာ သူတို့ကိုယ်တိုင်ဂရုစိုက်တတ်ဖို့ သင်ယူကြတယ်
လက်တွေ့ဘ၀က ခက်ခဲပြီးတော့ ကျွန်တော်တို့ရဲ့ကလေးတွေအတွက် ပိုမိုလွယ်ကူစေဖို့ သူတို့ငယ်ရွယ်စဥ်ကာလက ပိုအရေးကြီးပါတယ်။ တစ်နေ့ကျရင် အားလုံးကြီးပျင်းလာပြီး သူတို့ဘ၀တွေကို လွတ်လပ်စွာနေထိုင်နိုင်ဖို့ သူတို့ကရုန်းကန်ကြလိမ့်မယ်။ ပျင်းရိတဲ့မိဘတွေက ကလေးဘ၀ရဲ့ စိန်ခေါ်မှုတွေကို တစ်ဆင့်ချင်း ကျော်လွှားနိုင်ဖို့ အထောက်အကူပြုတယ်။

၂။ ပျင်းရိတဲ့မိဘအုပ်ထိန်းမှုက ကလေးတွေကို ပိုတာ၀န်ယူစေတယ်
သင့်ကလေးတွေကို လက်လွှဲပေးမယ့်အစား အိမ်မှုကိစ္စတွေကို သင်ကိုယ်တိုင်လုပ်မယ်ဆိုရင် လွယ်ကူမြန်ဆန်ပါတယ်။ ဒါကအလွန်နှစ်သက်ဖို့ ကောင်းတယ်ဆိုပေမယ့်လည်း ဒီလိုလုပ်တာဟာ ကလေးတွေရဲ့ သင်ယူချင်စိတ်၊ ကျွန်တော်တို့ကလေးတွေရဲ့ အခွင့်အရေးတွေကို ခိုးယူရာရောက်ပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကူညီချင်စိတ်ကို မကြာခဏငြင်းပယ်မယ်ဆိုရင် နောက်ဆုံးမှာ အဲ့ဒီ့စိတ်က လုံး၀ပျောက်ကွယ်သွားပါလိမ့်မယ်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အားပေးနိုင်တယ်
မိဘတွေရဲ့ အလျင်စလိုကူညီပေးတတ်တာဟာ မိမိတို့ရဲ့ကလေးတွေအတွက် မိမိကိုယ်ကိုသံသယ၀င်ခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘာသာ ဘာမှမလုပ်နိုင်တော့ဘူးလို့ တွေးလာတဲ့အခါ သူတို့ကိုကူညီနေတာတွေ ရပ်လိုက်ပါ။ တကယ်လို့ သင်ကသာ အခွင့်အရေးပေးမယ်ဆိုရင် သူတို့ဟာ တစ်ခါတရံကျရှုံးပေမယ့်လည်း နောက်ထပ်စီမံခန့်ခွဲနိုင်ပါတယ်။ ပြီးတော့ ဒီအောင်မြင်မှုကသူတို့ကိုယ်တိုင်ယုံကြည်စေပြီးတော့ အလုံအလောက်ကြိုးစားထားတယ်ဆိုရင် သူတို့ဟာ ဘယ်အရာကိုမဆို လုပ်နိုင်တယ်လို့ ခံစားရလာပါလိမ့်မယ်။

၄။ ကလေးတွေက မိဘတွေကို အတုခိုးကြတယ်
သင့်ရဲ့အိမ်မှုကိစ္စတွေကို လွယ်လွယ်ကူကူလုပ်ခြင်း (သို့) တစ်ချို့အလုပ်တွေကို လျစ်လျူရှုခြင်းနှင့် ကိုယ့်ကိုယ်ကိုအနားယူဖို့ ခွင့်ပြုခြင်း စတဲ့အရာတွေက သင့်စွမ်းအင်တွေကို ထိန်းသိမ်းထားတယ်။ အကျိုးဆက်အနေနဲ့ သင်က သင့်ကလေးတွေနဲ့ ပိုမိုကစားနိုင်ပြီးတော့ မမေ့နိုင်တဲ့ အချိန်လေးတွေကို အတူတကွပျော်ရွှင်စွာ ဖန်တီးနိုင်ပါတယ်။ အမှန်တကယ်တော့ ပျော်ရွှင်တဲ့မိဘကသာ ပျော်ရွှင်တဲ့သားသမီးတွေရလာမှာဖြစ်ပါတယ်။

၅။ ကလေးဘ၀မှာ အပြည့်အ၀ရှင်သန်နေထိုင်ခွင့်ပြုတယ်
သင်အနေနဲ့ သူတို့ကိုဒုတိယဘာသာစကားကို သင်ကြားဖို့ (သို့)၃ နှစ်အရွယ်မှာ စာမဖတ်တတ်သေးတာဟာ သေချာပေါက်ဆိုးရွားတဲ့အရာတစ်ခုမဟုတ်ပါဘူး။ သူတို့ဟာ ဘာပဲဖြစ်ဖြစ်တစ်နေ့တာကို လေ့လာမယ်။ ဒါ့ကြောင့် သူတို့ဟာ ကလေးဖြစ်ခွင့်ရပြီးတော့ သူတို့လုပ်နိုင်ဆဲအချိန်တိုင်းဟာ ပျော်မွေ့စရာအံ့ဩဖွယ်ကာလတွေပါပဲ။ အဲ့ဒီ့နှစ်ပေါင်းများစွာဟာ တန်ဖိုးရှိလှတဲ့နှစ်တွေပါပဲ။ သူတို့ဟာ ကလေးဘ၀ကတည်းက လူ့အဖွဲ့အစည်းကို တတ်နိုင်သလောက်သင်ယူဖို့နှင့် ကူညီဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
Chit_May_May
Nyein_Thu
sources-brightside