ကိုယ်ဝန်ဆောင်ချိန်ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ဖြစ်နိုင်သလို အရမ်းစိန်ခေါ်မှုများတဲ့ အချိန်လည်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အများစုဟာ ကိုယ်ဝန် စတင်ဆောင်သည့် ကိုယ်ဝန်ပထမသုံးလမှာ ပျို့အန်ခြင်း ဝေဒနာကို ခံစားကြရသည်။ ဒီ morning sickness ကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေတယ်လို့ လေ့လာမှုတစ်ခုမှာ ပြသခဲ့ပါတယ်။

ကလေးနှင့် ပတ်သတ်တဲ့ သုတေသန ဆေးပညာဂျာနယ်မှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပေါ်တဲ့ ပျို့ချင် အန်ချင်တာက ကလေးမှာ အိုင်ကျူမြင့်မားတဲ့ အကောင်းဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပျို့အန်ခြင်းရဲ့ ပြင်းထန်မှုက ကလေးရဲ့ ဉာဏ်ရည်ကို ပိုမြင့်မားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဆိုပါလေ့လာမှုမှာ ၁၉၉၈ နှင့် ၂၀၀၃ခုနှစ်အကြား ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီး ၁၂၁ယောက် ပါဝင်ခဲ့ပါတယ်။ ကလေးရဲ့ အိုင်ကျူအဆင့်တွေကို ကလေးတွေ အသက် ၃နှစ်နဲ့ ၇နှစ်ကြား အရွယ်ရောက်တဲ့အချိန်မှာ ခွဲခြားစိစစ်ခဲ့ကြပါတယ်။
၁။ ရေရှည်ရလဒ်များ

ဂျေအေအမ်အေ ဆေးပညာဂျာနယ်က ထုတ်ဝေခဲ့တဲ့ တခြားလေ့လာမှုတွေမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ပျို့ချင်အန်ချင်ခံစားရတာက ကိုယ်ဝန်ပျက်ကျနှုန်း လျော့နည်းမှုနှင့် ဆက်စပ်နေတာကြောင့် ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တနည်းအားဖြင့် ဟော်မုန်းပမာဏတွေက ကိုယ်ဝန်ကို ဆက်လက်ထိန်းသိမ်းဖို့ အလုံအလောက် မြင့်မားတာကြောင့် ပျို့အန်ခြင်းမှာ အကာအကွယ်ပေးတဲ့ လုပ်ဆောင်မှုတစ်ခု ရှိတယ်လို့ ဆိုပါတယ်။
ဂျေအေအမ်အေ ဆေးပညာဂျာနယ်က ထုတ်ဝေခဲ့တဲ့ တခြားလေ့လာမှုတွေမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ပျို့ချင်အန်ချင်ခံစားရတာက ကိုယ်ဝန်ပျက်ကျနှုန်း လျော့နည်းမှုနှင့် ဆက်စပ်နေတာကြောင့် ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တနည်းအားဖြင့် ဟော်မုန်းပမာဏတွေက ကိုယ်ဝန်ကို ဆက်လက်ထိန်းသိမ်းဖို့ အလုံအလောက် မြင့်မားတာကြောင့် ပျို့အန်ခြင်းမှာ အကာအကွယ်ပေးတဲ့ လုပ်ဆောင်မှုတစ်ခု ရှိတယ်လို့ ဆိုပါတယ်။
၂။ အာရုံကြော ဖွံ့ဖြိုးတိုးတတ်မှုမှာ အားကောင်းစေပါတယ်

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပျို့အန်တတ်တဲ့ မိခင်ရဲ့ ကလေးဟာ ပျို့အန်မှုမခံစားရတဲ့ မိခင်ရဲ့ ကလေးထက် အိုင်ကျူရမှတ် ပိုမြင့်တယ်လို့ ဖော်ပြထားပါတယ်။ ဒီအရာက human chorionic gonadotropin လို့ခေါ်တဲ့ (HCG) ဟော်မုန်း တိုးမြင့်လာတာကြောင့် ဖြစ်ပါတယ်။ HCG ကို ကိုယ်ဝန်ဆောင်နေစဉ် အချင်းကနေ ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းက ကိုယ်ဝန်ကို ထိန်းသိမ်းပေးပြီး ကလေးကြီးထွားမှုနှင့် ကလေးအာရုံကြော ဖွံ့ဖြိုးမှု ပိုကောင်းစေတဲ့ သက်ရောက်မှုလည်း ရှိပါတယ်။
၃။ အရာအားလုံးကို ကျော်ဖြတ်သွားပါလိမ့်မယ်

ကိုယ်ဝန်ဆောင်တိုင်းဟာ ကိုယ်ဝန်ပထမအပတ်မှ ကိုယ်ဝန် ၁၄ပတ်- ၁၆ပတ်အကြားမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ရောင်ရမ်းခြင်း ကဲ့သို့ ကိုယ်ဝန်ဆောင်လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ပထမ (၃)လကျော်သွားရင်တော့ ပျို့အန်ချင်တာတွေ၊ နေမကောင်းဖြစ်တာတွေ ကြုံရတော့မှာ မဟုတ်ပါဘူး။ ပျို့အန်တာ သက်သာစေဖို့ အိပ်ရေးဝဝအိပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပြီး ရေများများသောက်ပါ။
ကိုယ်ဝန်ဆောင်တိုင်းဟာ ကိုယ်ဝန်ပထမအပတ်မှ ကိုယ်ဝန် ၁၄ပတ်- ၁၆ပတ်အကြားမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနှင့် ရောင်ရမ်းခြင်း ကဲ့သို့ ကိုယ်ဝန်ဆောင်လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ပထမ (၃)လကျော်သွားရင်တော့ ပျို့အန်ချင်တာတွေ၊ နေမကောင်းဖြစ်တာတွေ ကြုံရတော့မှာ မဟုတ်ပါဘူး။ ပျို့အန်တာ သက်သာစေဖို့ အိပ်ရေးဝဝအိပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပြီး ရေများများသောက်ပါ။
Chit_MayMay
LM_Nandar
source-brightside
ZawGyi
ပ်ိဳ႕အန္ျခင္းကို ခံစားရတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြဟာ အိုင္က်ဴပိုျမင့္တဲ့ကေလး ေမြးလာႏိုင္ဖြယ္ရွိ
ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခ်ိန္ျဖစ္ႏိုင္သလို အရမ္းစိန္ေခၚမႈမ်ားတဲ့ အခ်ိန္လည္းျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ အမ်ားစုဟာ ကိုယ္ဝန္ စတင္ေဆာင္သည့္ ကိုယ္ဝန္ပထမသုံးလမွာ ပ်ိဳ႕အန္ျခင္း ေဝဒနာကို ခံစားၾကရသည္။ ဒီ morning sickness ကိုျဖစ္ေပၚေစတဲ့ ေဟာ္မုန္းေတြက ကေလးရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏွင့္ ဆက္စပ္ေနတယ္လို႔ ေလ့လာမႈတစ္ခုမွာ ျပသခဲ့ပါတယ္။
ကေလးႏွင့္ ပတ္သတ္တဲ့ သုေတသန ေဆးပညာဂ်ာနယ္မွာ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ျဖစ္ေပၚတဲ့ ပ်ိဳ႕ခ်င္ အန္ခ်င္တာက ကေလးမွာ အိုင္က်ဴျမင့္မားတဲ့ အေကာင္းဆုံးလကၡဏာတစ္ခုျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ပ်ိဳ႕အန္ျခင္းရဲ႕ ျပင္းထန္မႈက ကေလးရဲ႕ ဉာဏ္ရည္ကို ပိုျမင့္မားလိမ့္မယ္လို႔ ခန္႔မွန္းခဲ့ပါတယ္။ အဆိုပါေလ့လာမႈမွာ ၁၉၉၈ ႏွင့္ ၂၀၀၃ခုႏွစ္အၾကား ကိုယ္ဝန္ေဆာင္တဲ့ အမ်ိဳးသမီး ၁၂၁ေယာက္ ပါဝင္ခဲ့ပါတယ္။ ကေလးရဲ႕ အိုင္က်ဴအဆင့္ေတြကို ကေလးေတြ အသက္ ၃ႏွစ္နဲ႔ ၇ႏွစ္ၾကား အ႐ြယ္ေရာက္တဲ့အခ်ိန္မွာ ခြဲျခားစိစစ္ခဲ့ၾကပါတယ္။
၁။ ေရရွည္ရလဒ္မ်ား
ေဂ်ေအအမ္ေအ ေဆးပညာဂ်ာနယ္က ထုတ္ေဝခဲ့တဲ့ တျခားေလ့လာမႈေတြမွာ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ပ်ိဳ႕ခ်င္အန္ခ်င္ခံစားရတာက ကိုယ္ဝန္ပ်က္က်ႏႈန္း ေလ်ာ့နည္းမႈႏွင့္ ဆက္စပ္ေနတာေၾကာင့္ ေကာင္းတဲ့ လကၡဏာတစ္ခု ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ တနည္းအားျဖင့္ ေဟာ္မုန္းပမာဏေတြက ကိုယ္ဝန္ကို ဆက္လက္ထိန္းသိမ္းဖို႔ အလုံအေလာက္ ျမင့္မားတာေၾကာင့္ ပ်ိဳ႕အန္ျခင္းမွာ အကာအကြယ္ေပးတဲ့ လုပ္ေဆာင္မႈတစ္ခု ရွိတယ္လို႔ ဆိုပါတယ္။
၂။ အာ႐ုံေၾကာ ဖြံ႕ၿဖိဳးတိုးတတ္မႈမွာ အားေကာင္းေစပါတယ္
ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ပ်ိဳ႕အန္တတ္တဲ့ မိခင္ရဲ႕ ကေလးဟာ ပ်ိဳ႕အန္မႈမခံစားရတဲ့ မိခင္ရဲ႕ ကေလးထက္ အိုင္က်ဴရမွတ္ ပိုျမင့္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီအရာက human chorionic gonadotropin လို႔ေခၚတဲ့ (HCG) ေဟာ္မုန္း တိုးျမင့္လာတာေၾကာင့္ ျဖစ္ပါတယ္။ HCG ကို ကိုယ္ဝန္ေဆာင္ေနစဥ္ အခ်င္းကေန ထုတ္လုပ္ေပးပါတယ္။ ဒီေဟာ္မုန္းက ကိုယ္ဝန္ကို ထိန္းသိမ္းေပးၿပီး ကေလးႀကီးထြားမႈႏွင့္ ကေလးအာ႐ုံေၾကာ ဖြံ႕ၿဖိဳးမႈ ပိုေကာင္းေစတဲ့ သက္ေရာက္မႈလည္း ရွိပါတယ္။
၃။ အရာအားလုံးကို ေက်ာ္ျဖတ္သြားပါလိမ့္မယ္
ကိုယ္ဝန္ေဆာင္တိုင္းဟာ ကိုယ္ဝန္ပထမအပတ္မွ ကိုယ္ဝန္ ၁၄ပတ္- ၁၆ပတ္အၾကားမွာ ပင္ပန္းႏြမ္းနယ္ျခင္း၊ မူးေဝျခင္းႏွင့္ ေရာင္ရမ္းျခင္း ကဲ့သို႔ ကိုယ္ဝန္ေဆာင္လကၡဏာေတြကို ခံစားရတတ္ပါတယ္။ ပထမ (၃)လေက်ာ္သြားရင္ေတာ့ ပ်ိဳ႕အန္ခ်င္တာေတြ၊ ေနမေကာင္းျဖစ္တာေတြ ႀကဳံရေတာ့မွာ မဟုတ္ပါဘူး။ ပ်ိဳ႕အန္တာ သက္သာေစဖို႔ အိပ္ေရးဝဝအိပ္ပါ။ အစားအေသာက္ ဂ႐ုစိုက္ပါ။ ေလ့က်င့္ခန္းမွန္မွန္လုပ္ေပးၿပီး ေရမ်ားမ်ားေသာက္ပါ။
Chit_MayMay
LM_Nandar
source-brightside