ပျော်စရာကောင်းတဲ့ မိသားစုထမင်းဝိုင်းလေး ဖြစ်စေဖို့အတွက် ဆောင်ရန်ရှောင်ရန် အချက်များ

0
72

ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝမွာ မိသားစုထမင္းဝိုင္းေလးဟာလည္း ေပ်ာ္႐ြင္စရာေကာင္းတဲ့ အစိတ္အပိုင္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။ အေဖက မိသားစုအတြက္ ဝင္ေငြရွာ၊ အေမကကေလးေတြကို ဂ႐ုစိုက္၊ အိမ္မႈကိစၥေတြလုပ္ရသလိုပဲ ကေလးေတြမွာလည္း အိမ္စာေတြ၊ ေက်ာင္းလႈပ္ရွားမႈေတြအတြက္နဲ႔ ကိုယ္စီကိုယ္စီ အလုပ္မ်ားၾကပါလိမ့္မယ္။ ဒါေပမယ့္ မိသားစုအခ်င္းခ်င္း ပိုမိုေႏြးေထြးေစၿပီး အေပ်ာ္ေတြကို မွ်ေဝခံစားႏိုင္ဖို႔အတြက္ မိသားစုထမင္းဝိုင္းဟာ မိသားစုအတြက္ အရမ္းကိုအေရးပါတဲ့အခ်ိန္ေလးျဖစ္ပါတယ္။

မိသားစုထမင္းဝိုင္းကေနတဆင့္ ကေလးေတြဟာ အစားအစာေတြအေၾကာင္းကို ေလ့လာဖို႔၊ မိဘေတြရဲ႕ ေကာင္းမြန္တဲ့စားေသာက္မႈပုံစံကို ေလ့လာဖို႔အျပင္ အစားေ႐ြးတတ္တဲ့ကေလးေတြအတြက္လည္း အစားအစာအသစ္ေတြကို စမ္းစားၾကည့္ဖို႔ မ်ားစြာအေထာက္အကူ ျဖစ္ေစပါတယ္။ မိသားစုအခ်င္းခ်င္းလည္း တစ္ေယာက္ရဲ႕အေၾကာင္းတစ္ေယာက္ မွ်ေဝေပးႏိုင္ၿပီး ၾကည္ႏူးစရာေကာင္းတဲ့ အခ်ိန္ေလးျဖစ္တာေၾကာင့္ အေပ်ာ္႐ြင္ရဆုံး မိသားစုထမင္းဝိုင္းအေလ့အထေလး ဖန္တီးႏိုင္ေစဖို႔ နည္းလမ္းေလးေတြ မွ်ေဝေပးခ်င္ပါတယ္။

မိသားစုအတူတူ လက္ဆုံစားဖို႔အတြက္ ပုံမွန္ခ်ိန္သတ္မွတ္ထားေပးပါ
သင့္ရဲ႕အခ်ိန္ဇယားမွာ ယခုလိုမိသားစုထမင္းစားခ်ိန္ကို ထည့္သြင္းထားျခင္းျဖင့္ မိသားစုပုံမွန္လက္ဆုံစားေစဖို႔ ပိုၿပီးအခြင့္အလမ္းမ်ားေစပါတယ္။ မိသားစုလက္ဆုံစားေနတဲ့ အခ်ိန္မွာ တီဗြီ၊ စမတ္ဖုန္း စတာေတြကို ပိတ္ထားျခင္းျဖင့္ ပိုၿပီးေပ်ာ္စရာေကာင္းမွာပါ

ထမင္းစားခ်ိန္ကို အခ်ိန္ေပးပါ
မိသားစုထမင္းစားခ်ိန္ကို နာရီဝက္ေလာက္ အခ်ိန္ၾကာျမင့္ေအာင္ သတ္မွတ္ထားျခင္းဟာ သင့္ကေလးကို အစားမ်ားမ်ားပိုစားျဖစ္ေစပါတယ္။ ဒါ့အျပင္ အစားအစာအသစ္ေတြကို စမ္းစားေစဖို႔နဲ႔ ေကာင္းမြန္တဲ့စားေသာက္မႈ အေလ့အထရရွိေစဖို႔ အခြင့္အလမ္းပိုမ်ားေစတဲ့အျပင္ မိသားစုေပ်ာ္ေပ်ာ္႐ြင္႐ြင္ စကားေျပာၿပီး အပန္းေျဖႏိုင္ပါတယ္။

မိသားစုဝင္တိုင္း ပါဝင္ပတ္သတ္ပါေစ
အစားအစာေတြကို ေ႐ြးခ်ယ္ေစျခင္း နဲ႔ ျပင္ဆင္တဲ့အခါ မိသားစုတိုင္းပါဝင္ပတ္သတ္ေနတဲ့အတြက္ ကေလးေတြဟာ အစားပိုစားေစၿပီး အစားဂ်ီးမ်ားတဲ့ ကေလးေတြအတြက္ အစားအစာအသစ္ေတြကို စမ္းစားဖို႔လည္း ကူညီေပးႏိုင္ပါတယ္။ ခ်က္ျပဳတ္တဲ့အခါ ကေလးေတြကိုပါဝင္ခြင့္ေပးျခင္းဟာ သူတို႔ကို အခ်က္အျပဳတ္ဝါသနာပါေစဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္။

ထမင္းစားခ်ိန္ဟာ မိသားစုစကားဝိုင္း အျဖစ္လည္း အသုံးဝင္ပါတယ္
မိသားစုထမင္းဝိုင္းဟာ မိသားစုဝင္ေတြရဲ႕ တစ္ေန႔တာလႈပ္ရွားမႈေတြကို သိရွိေစဖို႔နဲ႔ ကေလးေတြကိုကူညီေပးႏိုင္ဖို႔ မ်ားစြာအက်ိဳးရွိပါတယ္ ဥပမာ- သားဒီေန႔ေက်ာင္းမွာ ႀကဳံခဲ့တဲ့တာကို အေမ့ကိုေျပာျပပါဦး” တကယ္လို႔ကေလးက စကားမေျပာခ်င္တဲ့အခါ ဖိအားေပးၿပီး မေမးေစပဲ အျခားမိသားစုဝင္ေတြ ေျပာတာကို နားေထာင္ေစျခင္းျဖင့္လည္း သူတို႔ကိုေပ်ာ္႐ြင္ေစပါတယ္

ေကာင္းတဲ့အျပဳအမူအတြက္ ခ်ီးမြန္းေပးပါ
သင့္ရဲ႕ကေလးက အစားေကာင္းေကာင္းစားတဲ့အခါ၊ အစားအစာေတြကို စမ္းစားၾကည့္တဲ့ အခ်ိန္ေတြမွာ ေကာင္းမြန္တဲ့စကားလုံးေတြနဲ႔ ခ်ီးက်ဴးေပးဖို႔ မေမ့ပါနဲ႔။ ကေလးေတြဟာ သူတို႔ကိုခ်ီးက်ဴးျခင္း၊ ေလးေလးစားစားေျပာျခင္းေတြကို အရမ္းႏွစ္သက္တတ္တာေၾကာင့္ ေကာင္းမြန္တဲ့အစားအစာေတြနဲ႔ မိတ္ဆက္ေပးဖို႔ ထိေရာက္ပါတယ္။

ထမင္းစားခ်ိန္အတြက္ ဖန္တီးမႈရွိပါေစ
မိသားစုထမင္းဝိုင္းေလးကို အၿမဲတမ္းဆန္းသစ္ေနေစဖို႔ မတူညီတဲ့အေျခအေနေတြ ဖန္တီးႏိုင္ပါတယ္ အျခားသင့္ရဲ႕မိတ္ေဆြသူငယ္ခ်င္း၊ အေဖအေမတို႔ကို ထမင္းစားဖို႔အတြက္ ဖိတ္ၾကားတာေတြ၊ ကေလးရဲ႕သူငယ္ခ်င္းကို ဖိတ္ၾကားတာေတြအျပင္၊ အျပင္မွာ ေပ်ာ္ပြဲစားထြက္တာေတြက မိသားစုထမင္းဝိုင္းေလးကို ပိုမိုစိုေျပေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

ပျော်စရာကောင်းတဲ့ မိသားစုဘဝမှာ မိသားစုထမင်းဝိုင်းလေးဟာလည်း ပျော်ရွင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ အဖေက မိသားစုအတွက် ဝင်ငွေရှာ၊ အမေကကလေးတွေကို ဂရုစိုက်၊ အိမ်မှုကိစ္စတွေလုပ်ရသလိုပဲ ကလေးတွေမှာလည်း အိမ်စာတွေ၊ ကျောင်းလှုပ်ရှားမှုတွေအတွက်နဲ့ ကိုယ်စီကိုယ်စီ အလုပ်များကြပါလိမ့်မယ်။ ဒါပေမယ့် မိသားစုအချင်းချင်း ပိုမိုနွေးထွေးစေပြီး အပျော်တွေကို မျှဝေခံစားနိုင်ဖို့အတွက် မိသားစုထမင်းဝိုင်းဟာ မိသားစုအတွက် အရမ်းကိုအရေးပါတဲ့အချိန်လေးဖြစ်ပါတယ်။

မိသားစုထမင်းဝိုင်းကနေတဆင့် ကလေးတွေဟာ အစားအစာတွေအကြောင်းကို လေ့လာဖို့၊ မိဘတွေရဲ့ ကောင်းမွန်တဲ့စားသောက်မှုပုံစံကို လေ့လာဖို့အပြင် အစားရွေးတတ်တဲ့ကလေးတွေအတွက်လည်း အစားအစာအသစ်တွေကို စမ်းစားကြည့်ဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ မိသားစုအချင်းချင်းလည်း တစ်ယောက်ရဲ့အကြောင်းတစ်ယောက် မျှဝေပေးနိုင်ပြီး ကြည်နူးစရာကောင်းတဲ့ အချိန်လေးဖြစ်တာကြောင့် အပျော်ရွင်ရဆုံး မိသားစုထမင်းဝိုင်းအလေ့အထလေး ဖန်တီးနိုင်စေဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

မိသားစုအတူတူ လက်ဆုံစားဖို့အတွက် ပုံမှန်ချိန်သတ်မှတ်ထားပေးပါ
သင့်ရဲ့အချိန်ဇယားမှာ ယခုလိုမိသားစုထမင်းစားချိန်ကို ထည့်သွင်းထားခြင်းဖြင့် မိသားစုပုံမှန်လက်ဆုံစားစေဖို့ ပိုပြီးအခွင့်အလမ်းများစေပါတယ်။ မိသားစုလက်ဆုံစားနေတဲ့ အချိန်မှာ တီဗွီ၊ စမတ်ဖုန်း စတာတွေကို ပိတ်ထားခြင်းဖြင့် ပိုပြီးပျော်စရာကောင်းမှာပါ

ထမင်းစားချိန်ကို အချိန်ပေးပါ
မိသားစုထမင်းစားချိန်ကို နာရီဝက်လောက် အချိန်ကြာမြင့်အောင် သတ်မှတ်ထားခြင်းဟာ သင့်ကလေးကို အစားများများပိုစားဖြစ်စေပါတယ်။ ဒါ့အပြင် အစားအစာအသစ်တွေကို စမ်းစားစေဖို့နဲ့ ကောင်းမွန်တဲ့စားသောက်မှု အလေ့အထရရှိစေဖို့ အခွင့်အလမ်းပိုများစေတဲ့အပြင် မိသားစုပျော်ပျော်ရွင်ရွင် စကားပြောပြီး အပန်းဖြေနိုင်ပါတယ်။

မိသားစုဝင်တိုင်း ပါဝင်ပတ်သတ်ပါစေ
အစားအစာတွေကို ရွေးချယ်စေခြင်း နဲ့ ပြင်ဆင်တဲ့အခါ မိသားစုတိုင်းပါဝင်ပတ်သတ်နေတဲ့အတွက် ကလေးတွေဟာ အစားပိုစားစေပြီး အစားဂျီးများတဲ့ ကလေးတွေအတွက် အစားအစာအသစ်တွေကို စမ်းစားဖို့လည်း ကူညီပေးနိုင်ပါတယ်။ ချက်ပြုတ်တဲ့အခါ ကလေးတွေကိုပါဝင်ခွင့်ပေးခြင်းဟာ သူတို့ကို အချက်အပြုတ်ဝါသနာပါစေဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

ထမင်းစားချိန်ဟာ မိသားစုစကားဝိုင်း အဖြစ်လည်း အသုံးဝင်ပါတယ်
မိသားစုထမင်းဝိုင်းဟာ မိသားစုဝင်တွေရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို သိရှိစေဖို့နဲ့ ကလေးတွေကိုကူညီပေးနိုင်ဖို့ များစွာအကျိုးရှိပါတယ် ဥပမာ- သားဒီနေ့ကျောင်းမှာ ကြုံခဲ့တဲ့တာကို အမေ့ကိုပြောပြပါဦး” တကယ်လို့ကလေးက စကားမပြောချင်တဲ့အခါ ဖိအားပေးပြီး မမေးစေပဲ အခြားမိသားစုဝင်တွေ ပြောတာကို နားထောင်စေခြင်းဖြင့်လည်း သူတို့ကိုပျော်ရွင်စေပါတယ်

ကောင်းတဲ့အပြုအမူအတွက် ချီးမွန်းပေးပါ
သင့်ရဲ့ကလေးက အစားကောင်းကောင်းစားတဲ့အခါ၊ အစားအစာတွေကို စမ်းစားကြည့်တဲ့ အချိန်တွေမှာ ကောင်းမွန်တဲ့စကားလုံးတွေနဲ့ ချီးကျူးပေးဖို့ မမေ့ပါနဲ့။ ကလေးတွေဟာ သူတို့ကိုချီးကျူးခြင်း၊ လေးလေးစားစားပြောခြင်းတွေကို အရမ်းနှစ်သက်တတ်တာကြောင့် ကောင်းမွန်တဲ့အစားအစာတွေနဲ့ မိတ်ဆက်ပေးဖို့ ထိရောက်ပါတယ်။

ထမင်းစားချိန်အတွက် ဖန်တီးမှုရှိပါစေ
မိသားစုထမင်းဝိုင်းလေးကို အမြဲတမ်းဆန်းသစ်နေစေဖို့ မတူညီတဲ့အခြေအနေတွေ ဖန်တီးနိုင်ပါတယ်
အခြားသင့်ရဲ့မိတ်ဆွေသူငယ်ချင်း၊ အဖေအမေတို့ကို ထမင်းစားဖို့အတွက် ဖိတ်ကြားတာတွေ၊ ကလေးရဲ့သူငယ်ချင်းကို ဖိတ်ကြားတာတွေအပြင်၊ အပြင်မှာ ပျော်ပွဲစားထွက်တာတွေက မိသားစုထမင်းဝိုင်းလေးကို ပိုမိုစိုပြေစေဖို့ အထောက်အကူဖြစ်စေပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here