မိဘတိုင်းကတော့ ကိုယ့်ရဲ့သားသမီးလေးတွေကို အချစ်တွေအများကြီး ပိုင်ဆိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာတာကို မြင်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်း ဘယ်လိုနည်းလမ်းကိုသုံးပြီးတော့ ဘယ်လိုမျိုးပြုစုပျိုးထောင်ရမလဲဆိုတာကို အမြဲတမ်းမသိတာက ခက်နေပါတယ်။ ဒါကြောင့် မတော်တဆ သွန်သင်ဆုံးမမှုလွဲမှားသွားလို့ သားသမီးလေးတွေနဲ့ ဝေးကွာသွားတာမျိုး မဖြစ်ရလေအောင် သိထားသင့်တဲ့ အကြံဥာဏ်ကောင်းလေးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

နံပါတ်တစ်အချက်ကတော့ ကျေးဇူးတင်တတ်အောင် သင်ပေးဖို့ပါပဲ။ လူ့လောကကြီးထဲကို ရောက်ရှိလာပြီး ကြုံတွေ့ရသမျှ အရာရာတိုင်းကို မြင်တွေ့ခွင့်၊ လုပ်နိုင်ခွင့်ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်တတ်အောင် သင်ကြားပေးပါ။ ပန်းခြံထဲမှာ အတူတူ ဘောလုံးကန်ဖို့၊ လှပတဲ့နေဝင်ဆည်းဆာလေးကို ကြည့်ခွင့်ရလို့ သို့မဟုတ် လတ်ဆတ်တဲ့စတော်ဘယ်ရီသီးလေးတွေ ခူးရလို့ စတဲ့ အခွင့်အရေးမှန်သမျှကို မိဘကရှေ့ကနေ ဦးစွာကျေးဇူးတင်ပြမှ သားသမီးတို့ကလည်း အနောက်ကနေ လိုက်လံလုပ်ဆောင်မှာဖြစ်ပါတယ်။
ကျောင်းကနေ အိမ်ပြန်ရောက်ချိန်မှာ ကြုံတွေ့ခဲ့သမျှ၊ ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုး အကြောင်းအရာအားလုံးကို ပြန်ပြောပြချိန်မှာ ဆူမယ်၊ ချက်ချင်းသွန်သင်မယ် မလုပ်လိုက်ပါနဲ့။ ဒီလိုလုပ်ခြင်းက ကလေးရဲ့မပျော်ရွှင်တဲ့စိတ်ကို အတွင်းမှာလှောင်ပိတ်သွားပါစေလိမ့်မယ်။ ထိုအစား သူပြောသမျှကို အရင်နားထောင်ပြီး ခံစားချက်တွေကို အသိအမှတ်ပြုလိုက်ပါ။ မိဘတွေက သူတို့ကိုနားလည်တယ်လို့ ခံစားရတဲ့အခါ အရမ်းပျော်သွားပါလိမ့်မယ်။
တတိယမြောက်အချက်ကတော့ ပုံမှန်အချိန်ဇယားလေးတွေ ဖန်တီးပေးပါ။ ထမင်းစားချိန်၊ ရေချိုးချိန်၊ အိပ်ရာဝင်ချိန် စတဲ့ နေ့စဥ်ကိစ္စလေးတွေကို အချိန်မှန်မှန်ပြုလုပ်ပေးခြင်းက မိသားစုကြားက ဆက်ဆံရေးကို ခိုင်မာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သွားတိုက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ လက်ဆေးခြင်း တို့လိုမျိုး အလေ့အကျင့်ကောင်းလေးတွေကို ထိန်းသိမ်းပေးခြင်းကလည်း ကလေးငယ်ရဲ့ကျန်းမာရေးကို တိုးတက်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် အားမလို အားမရဖြစ်တတ်တဲ့ စိတ်လေးတွေကို ထိန်းနိုင်အောင်လည်း ကူညီပေးလိုက်ပါ။ ပဟေဠိပြီးအောင်ဆက်ဖို့ သို့မဟုတ် ရှူးဖိနပ်ကြိုးချည်ဖို့ကို ဆက်မလုပ်နိုင်တော့လို့ စိတ်ရှုပ်ကြောင်း ညည်းတွားနေခဲ့မယ်ဆိုရင် လုပ်နိုင်တယ်ဆိုပြီးတော့ အတင်းအကြပ်ဆက်မလုပ်ခိုင်းပါနဲ့။ ထိုအစား “အလျင်လိုစရာမလိုဘူး၊ နောက်တစ်ခေါက်ထပ်လုပ်ချင်တဲ့အခါ ပြောနော်” ဆိုပြီးတော့ စိတ်ရှည်တတ်ကြောင်းကို ပြောပြလိုက်ပါ။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ ကလေးငယ်လေး ကြီးလာတာနဲ့အမျှ သူတစ်ပါးကို ကူညီပေးရတာဟာ ဘယ်လောက်တောင်စိတ်ကျေနပ်စရာကောင်းလဲဆိုတာကို သင်ကြားပေးဖို့ပါပဲ။ အပြင်မှာသူတစ်ပါးကို ကူညီပေးတာမှမဟုတ်ဘဲ ရိုးရှင်းတဲ့ အိမ်အလုပ်လေးတွေကို ကူညီပေးခြင်းကလည်း အထောက်အကူဖြစ်စေတယ်ဆိုတဲ့ ခံစားချက်ရရှိအောင် ကူညီပေးလိုက်ပါ။
Chit_MayMay
Thinzar
Source-rd.com
Zawgyi
ေပ်ာ္႐ႊင္က်န္းမာတဲ့ သားငယ္သမီးငယ္ေလးေတြအျဖစ္ ျပဳစုပ်ိဳးေထာင္ႏိုင္ေစဖို႔
မိဘတိုင္းကေတာ့ ကိုယ့္ရဲ႕သားသမီးေလးေတြကို အခ်စ္ေတြအမ်ားႀကီး ပိုင္ဆိုင္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ႀကီးျပင္းလာတာကို ျမင္ခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္လည္း ဘယ္လိုနည္းလမ္းကိုသုံးၿပီးေတာ့ ဘယ္လိုမ်ိဳးျပဳစုပ်ိဳးေထာင္ရမလဲဆိုတာကို အၿမဲတမ္းမသိတာက ခက္ေနပါတယ္။ ဒါေၾကာင့္ မေတာ္တဆ သြန္သင္ဆုံးမမႈလြဲမွားသြားလို႔ သားသမီးေလးေတြနဲ႔ ေဝးကြာသြားတာမ်ိဳး မျဖစ္ရေလေအာင္ သိထားသင့္တဲ့ အႀကံဥာဏ္ေကာင္းေလးတစ္ခ်ိဳ႕ကို ေဝမွ်ေပးခ်င္ပါတယ္။
နံပါတ္တစ္အခ်က္ကေတာ့ ေက်းဇူးတင္တတ္ေအာင္ သင္ေပးဖို႔ပါပဲ။ လူ႔ေလာကႀကီးထဲကို ေရာက္ရွိလာၿပီး ႀကဳံေတြ႕ရသမွ် အရာရာတိုင္းကို ျမင္ေတြ႕ခြင့္၊ လုပ္ႏိုင္ခြင့္ရရွိခဲ့တဲ့အတြက္ ေက်းဇူးတင္တတ္ေအာင္ သင္ၾကားေပးပါ။ ပန္းၿခံထဲမွာ အတူတူ ေဘာလုံးကန္ဖို႔၊ လွပတဲ့ေနဝင္ဆည္းဆာေလးကို ၾကည့္ခြင့္ရလို႔ သို႔မဟုတ္ လတ္ဆတ္တဲ့စေတာ္ဘယ္ရီသီးေလးေတြ ခူးရလို႔ စတဲ့ အခြင့္အေရးမွန္သမွ်ကို မိဘကေရွ႕ကေန ဦးစြာေက်းဇူးတင္ျပမွ သားသမီးတို႔ကလည္း အေနာက္ကေန လိုက္လံလုပ္ေဆာင္မွာျဖစ္ပါတယ္။
ေက်ာင္းကေန အိမ္ျပန္ေရာက္ခ်ိန္မွာ ႀကဳံေတြ႕ခဲ့သမွ်၊ ျဖစ္ပ်က္ခဲ့သမွ် အေကာင္းအဆိုး အေၾကာင္းအရာအားလုံးကို ျပန္ေျပာျပခ်ိန္မွာ ဆူမယ္၊ ခ်က္ခ်င္းသြန္သင္မယ္ မလုပ္လိုက္ပါနဲ႔။ ဒီလိုလုပ္ျခင္းက ကေလးရဲ႕မေပ်ာ္႐ႊင္တဲ့စိတ္ကို အတြင္းမွာေလွာင္ပိတ္သြားပါေစလိမ့္မယ္။ ထိုအစား သူေျပာသမွ်ကို အရင္နားေထာင္ၿပီး ခံစားခ်က္ေတြကို အသိအမွတ္ျပဳလိုက္ပါ။ မိဘေတြက သူတို႔ကိုနားလည္တယ္လို႔ ခံစားရတဲ့အခါ အရမ္းေပ်ာ္သြားပါလိမ့္မယ္။
တတိယေျမာက္အခ်က္ကေတာ့ ပုံမွန္အခ်ိန္ဇယားေလးေတြ ဖန္တီးေပးပါ။ ထမင္းစားခ်ိန္၊ ေရခ်ိဳးခ်ိန္၊ အိပ္ရာဝင္ခ်ိန္ စတဲ့ ေန႔စဥ္ကိစၥေလးေတြကို အခ်ိန္မွန္မွန္ျပဳလုပ္ေပးျခင္းက မိသားစုၾကားက ဆက္ဆံေရးကို ခိုင္မာေစမွာျဖစ္ပါတယ္။ ဒါ့အျပင္ သြားတိုက္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ လက္ေဆးျခင္း တို႔လိုမ်ိဳး အေလ့အက်င့္ေကာင္းေလးေတြကို ထိန္းသိမ္းေပးျခင္းကလည္း ကေလးငယ္ရဲ႕က်န္းမာေရးကို တိုးတက္ေစမွာျဖစ္ပါတယ္။
ဒါ့အျပင္ အားမလို အားမရျဖစ္တတ္တဲ့ စိတ္ေလးေတြကို ထိန္းႏိုင္ေအာင္လည္း ကူညီေပးလိုက္ပါ။ ပေဟဠိၿပီးေအာင္ဆက္ဖို႔ သို႔မဟုတ္ ရႉးဖိနပ္ႀကိဳးခ်ည္ဖို႔ကို ဆက္မလုပ္ႏိုင္ေတာ့လို႔ စိတ္ရႈပ္ေၾကာင္း ညည္းတြားေနခဲ့မယ္ဆိုရင္ လုပ္ႏိုင္တယ္ဆိုၿပီးေတာ့ အတင္းအၾကပ္ဆက္မလုပ္ခိုင္းပါနဲ႔။ ထိုအစား “အလ်င္လိုစရာမလိုဘူး၊ ေနာက္တစ္ေခါက္ထပ္လုပ္ခ်င္တဲ့အခါ ေျပာေနာ္” ဆိုၿပီးေတာ့ စိတ္ရွည္တတ္ေၾကာင္းကို ေျပာျပလိုက္ပါ။
ေနာက္ဆုံးအေနနဲ႔ အေရးႀကီးဆုံးအခ်က္ကေတာ့ ကေလးငယ္ေလး ႀကီးလာတာနဲ႔အမွ် သူတစ္ပါးကို ကူညီေပးရတာဟာ ဘယ္ေလာက္ေတာင္စိတ္ေက်နပ္စရာေကာင္းလဲဆိုတာကို သင္ၾကားေပးဖို႔ပါပဲ။ အျပင္မွာသူတစ္ပါးကို ကူညီေပးတာမွမဟုတ္ဘဲ ႐ိုးရွင္းတဲ့ အိမ္အလုပ္ေလးေတြကို ကူညီေပးျခင္းကလည္း အေထာက္အကူျဖစ္ေစတယ္ဆိုတဲ့ ခံစားခ်က္ရရွိေအာင္ ကူညီေပးလိုက္ပါ။
Chit_MayMay
Thinzar
Source-rd.com