ပျော်ရွှင်တတ်သောကလေးတွေကို ပြုစုပျိုးထောင်ဖို့ သိပ္ပံနည်းကျနည်းလမ်း (၅) ချက်

0
276
- Advertisement -

ဘဝထဲက သင်ဖြစ်ပျက်ခဲ့ဖူးသမျှ အရာတွေထဲမှာ ကံကောင်းတာတွေထဲက တစ်ခုကတော့ ပျော်ရွှင်စရာကလေးဘဝကို ပိုင်ဆိုင်ခြင်းဖြစ်ပါတယ်။ ကလေးဘဝဟာ လူတိုင်းရဲ့ ဘဝမှာ အထူးစပယ်ရှယ်အချိန်ဖြစ်သင့်ပါတယ်။ ဒါဟာ ပြဇာတ်တွေလိုပဲ၊ အံ့ဩစရာတွေ အပန်းဖြေခြင်းနှင့် ကျေနပ်စရာတွေကို ရှာဖွေနေခြင်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကလေးတစ်ဦးရဲ့ တောင်းဆိုချက်တွေကို ၎င်းတို့ရဲ့ မိဘတွေက အမြဲလိုလိုဖြည့်ဆည်းပေးကြပါတယ်။ အကြောင်းရင်းကတော့ မိဘတိုင်းက သူတို့ကလေးတွေကို ပျော်ရွှင်စေချင်ကြလို့ပါ။

၁။ ကစားဖို့အတွက် အချိန်များများပေးပါ

ကလေးတွေဟာ အိမ်စာတွေ၊ သင်ရိုးညွှန်းတမ်းပစ္စည်းတွေနှင့် အိပ်စက်ခြင်းတို့အပြင် ပျော်နေရဖို့ အရေးကြီးပါတယ်။ ကလေးတစ်ဦးဟာ နောက်ဆုံး မြီးကောင်ပေါက်အရွယ်ပဲဖြစ်နေပါစေ ကစားရဖို့အတွက် အလွန်အရေးကြီးပါတယ်။ လေ့လာမှုတွေအရ ကလေးတွေဟာ အပြင်ထွက်ပြီး ကစားကြတဲ့အခါ ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကိုလည်း သင်ယူနိုင်ပါတယ်။ တစ်ခြားလူကြီးတွေ၊ ကလေးတွေနှင့် အပြန်အလှန်ဆက်သွယ်မှုတွေပြုလုပ်တဲ့အခါ ကလေးသူငယ်အများစုဟာ လူတွေရဲ့ အမူအကျင့်တွေအကြောင်းကို မြောက်များစွာ သင်ယူကြပါတယ်။

- Advertisement -

၂။ ကလေးတွေကို တစ်ခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုး ရှောင်ပါ

လူ့အဖွဲ့အစည်းတွေဟာ ကျွန်မတို့အားလုံးအပေါ် ဖိအားပေးမှုတွေရှိနေပါတယ်။ ကလေးတွေဟာ အောင်မြင်ဖို့အတွက် ဖိအားတွေ အရမ်းများနေကြပါတယ်။ အောင်မြင်မှုတွေကို တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ရစေဖို့ ကျွန်မတို့ကလေးတွေကို တွန်းအားတွေးပေးကြပါတယ်။ သို့ပေမယ့် ဒီလိုနှိုင်းယှဉ်ခြင်းက ကောင်းမွန်သော နည်းဗျူဟာတစ်ခုမဟုတ်ပါ။

၃။ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပါ

မိဘတစ်ဦးအနေနဲ့ သင်ဟာ သင့်ကလေးရဲ့ ကြိုးစားအားထုတ်မှုတွေကို အာရုံစိုက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ ကလေးတွေရဲ့ လုပ်ဆောင်မှုတိုင်းက ကောင်းကင်က ကြယ်တွေကိုမျှော်မှန်းပြီး ကြိုးစားတတ်တာမျိုး ကြီးပျင်းလာစေဖို့ အရေးကြီးပါတယ်။ ‘အို ဒီအရာကိုတောင် တော်တော်လုပ်တတ်နေပြီပဲ’ ‘ဒီအခြေအနေကို ဆက်ထိမ်းထားပြီး ကြိုးစားပါ’ စတဲ့ အသိအမှတ်ပြုခြင်းတွေနှင့် ပျော်ရွှင်သော ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သင့်ပါတယ်။

၄။ မိသားစုအစဉ်အလာတွေကို တန်ဖိုးထားစေပါ

မိသားစုတွေမှာ ကောင်းမွန်သောအချိန်လေးတွေရှိထားခြင်းက ကလေးကို ချစ်မြတ်နိုးမှုနှင့် အရေးကြီးမှုတွေကို ခံစားရဖို့၊ အပြုသဘောဆောင်တဲ့ အပြုအမူတွေနဲ့ အရွယ်ရောက်လာစေဖို့ အရေးကြီးပါတယ်။ ဘဝကို လမ်းညွှန်နိုင်ဖို့ ကလေးနှင့် မိဘနှောင်ကြိုးတွေဟာလည်း ခိုင်မြဲနေဖို့ အရေးကြီးပါတယ်။ သို့မှလည်း ကလေးတစ်ဦးဟာ သူမရဲ့ တည်ငြိမ်သောမိသားစုတည်ဆောက်မှုရေးအတွက် သူမရဲ့ အတွေးတွေနှင့် ခံစားချက်တွေကို ဖွင့်ပြောနိုင်မှာဖြစ်ပါတယ်။

၅။ ပျော်ရွှင်သော အမှတ္တရတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားပါ

လေ့လာမှုတစ်ခုအရ သုတေသီတွေဟာ ကလေးရဲ့ ငယ်စဉ်ဘဝမှာ ကောင်းမွန်တဲ့အရာတစ်ခုနှင့် ပတ်သက်ပြီး ပျော်ဖို့ ကောင်းတဲ့ မှတ်ဉာဏ်တွေက လူကြီးဘဝနောက်ပိုင်းမှာ ပျော်ဖို့ကောင်းတဲ့ ဘဝရဲ့ အကျိုးကျေးဇူးတွေကို ခံစားရစေပါတယ်။ ဒါ့ကြောင့် ကလေးတွေအနေနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ ပျော်ရွှင်တဲ့အမှတ်တတရတွေကို ထားရှိဖို့ အလွန်အရေးကြီးပါတယ်။

Chit_May_May

Nyein_Thu

Ref-themindjournals

LEAVE A REPLY

Please enter your comment!
Please enter your name here