Marina Mellia ဟာ စိတ်ပညာပါမောက္ခတစ်ယောက်ဖြစ်ပြီး “သတိရှိသော မိဘအုပ်ထိန်းမှုနှင့် အောင်မြင်မှုရဲ့ စိတ်ပညာအကြောင်း” အရောင်းရဆုံးစာအုပ်တွေကို ရေးသားသူဖြစ်ပါတယ်။ သူမဟာ အောင်မြင်သော ဘီလျံနာတွေရဲ့ စိတ်ပညာရှင်လည်းဖြစ်ပါတယ်။ အများစုက မိဘအုပ်ထိန်းမှုနဲ့ ပတ်သတ်ပြီး အကြံဉာဏ်တောင်းခံကြပါတယ်။ မာရီနာမှာ ကလေးပျိုးထောင်ခြင်းနှင့် ပတ်သတ်ပြီး ထူးခြားသောအမြင်ရှိပါတယ်။ ကျွန်မတို့ မိဘအုပ်ထိန်းမှု သဘောတရားတွေနဲ့ ဆန့်ကျင်နေပါတယ်။ သူမဟာ ကလေးတစ်ယောက်ကို အောင်မြင်ဖို့အတွက်် ပရိုဂရမ်ချဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောထားပါတယ်။ မိဘတွေအနေနဲ့ သူတို့ဘာသာသူတို့ ဘယ်လိုအသက်မွေးဝမ်းကျောင်းရမလဲဆိုတာသိတဲ့ ပျော်ရွင်သော လူသားတစ်ယောက်အဖြစ် ပျိုးထောင်ဖို့ ကြိုးစားနိုင်ပါတယ်။
ဒီနေ့မှာတော့ မာရီနာ ရေးသားထားတဲ့ ကလေးတွေကို ချမ်းသာကြွယ်သူတွေဖြစ်လာဖို့ တားဆီးနေတဲ့ မိဘအုပ်ထိန်းမှုအမှားတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။
မိဘအုပ်ထိန်းမှုအမှား (၁) – အောင်မြင်မှုအတွက် အစီအစဉ်ဆွဲခြင်း
မိဘတွေဟာ communication( ပြောဆိုဆက်ဆံခြင်း) ရဲ့အရေးပါသော ရှု့ထောင့်ကို မကြာခဏ လျစ်လျူရှုမိကြပါတယ်။ ပြောဆိုဆက်ဆံခြင်းက ကျွန်မတို့ရဲ့ စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ ကျွန်မတို့ ကလေးတွေဆီ ပေးပို့တဲ့ အချက်ပြမှုတွေ ဖြစ်ပါတယ်။ ဒီအချက်ပြမှုတွေက ကလေးတွေကို နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် ပရိုဂရမ် ဖြစ်ပါတယ်။ ဒါတွေကတော့ လူတွေရဲ့စိတ်ထဲမှာ ဖြစ်နေကျပုံစံတွေနဲ့ သူတို့ရဲ့အနာဂတ်ကို သက်ရောက်နိုင်တဲ့ ခံစားမှု ဥပမာအချို့ဖြစ်ပါတယ်။
- အမျိုးသမီးတစ်ယောက်က ရာထူးတိုးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူမ နေမကောင်းဖြစ်နေခဲ့ပြီး အလုပ်အတွက် လုပ်ကွက် မပြနိုင်ခဲ့တာကြောင့် အခြားသူတစ်ယောက်က နေရာရသွားခဲ့ပါတယ်။ သူမဟာ ငယ်စဉ်ကလေးဘဝမှာ သူမရဲ့မိဘတွေက သူမကို အလုပ်တွေအများကြီးခိုင်းခဲ့တယ်။ သူမ မူလတန်းကျောင်းလောက်မှာ ညီမလေးတစ်ယောက် ရရှိခဲ့ပြီး မိဘတွေရဲ့ အာရုံစိုက်မှုအားလုံးက အငယ်ဆုံးလေးပေါ်မှာသာ ဖြစ်ပါတယ်။ သူမဟာ အစ်မတစ်ယောက်အနေနဲ့ ညီမလေးကို မကြာခဏ ကြည့်ရှုစောင့်ရှောက်ရပါတယ်။ သူမဟာ မိဘတွေရဲ့ အာရုံစိုက်မှုကို ပြန်ရဖို့ နေမကောင်းခြင်းက တစ်ခုတည်းသောနည်းလမ်း ဖြစ်ကြောင်း သဘောပေါက်လာခဲ့ပါတယ်။ သူမကြီးပြင်းလာတဲ့အခါ တာဝန်ဝတ္တရားတွေကိုကြောက်ပြီး နာမကျန်းဖြစ်မှုမှာ ဆက်ပုန်းအောင်းနေခဲ့ပါတယ်။
- ” အမှားမဖြစ်စေနဲ့”_ အမျိုးသားတစ်ယောက်ဟာ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့အသက်မွေးဝမ်းကျောင်းက အရမ်းမအောင်မြင်ခဲ့ပါဘူး။ သူဟာ အလုပ်တစ်ခုတည်းမှာပဲ ၇နှစ်နီးပါး အချိန်ကုန်ခဲ့ပါတယ်။ သူငယ်ငယ်တုန်းက အောင်မြင်မှုအတွက် ဘယ်တော့မှ ချီးမြှောက်ခြင်း မခံခဲ့ရပေမယ့် ကျရှုံးမှုအတွက်တော့ အမြဲအပြစ်တင်ခံခဲ့ရပါတယ်။ သူဟာ အမှားအားလုံးကို တတ်နိုင်သမျှ ရှောင်ရှားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့်သူဟာ အရာရာတိုင်းကို တဖြည်းဖြည်းသာ လုပ်ခဲ့ပြီး သူ့ကိုယ်သူ အပြည့်အဝ မဖော်ပြခဲ့ပါဘူး။
- ” မခံစားနဲ့”_ အမျိုးသမီးတစ်ယောက်ဟာ မနှစ်မြို့ဖွယ် အခြေအနေတွေကို မကြာခဏ ကြုံရလေ့ရှိပါတယ်။ သူမဟာ အလုပ်ကောင်းကောင်း မရခဲ့သလို ဆိုးတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ခဲ့ရပါတယ်။ သူမရဲ့ ကလေးဘဝမှာ မိဘတွေက သူမကို ကိုယ့်စိတ်ကို မယုံဖို့ သွန်သင်ခဲ့ပါတယ်။ တစ်ချို့မိဘတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို တန်ဖိုးမထားခဲ့ကြပါဘူး။ ကလေးတွေ သူတို့ရဲ့ခံစားချက်တွေနဲ့ ပတ်သတ်ပြီး ပြောလာရင် ငြင်းပယ်ပြီး ရယ်တတ်ကြပါတယ်။ ရလဒ်အနေနဲ့ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို မယုံကြည်တဲ့ လူကြီးတွေ ဖြစ်လာပါတယ်။
မိဘအုပ်ထိန်းမှုအမှား ၂- ဖျက်လိုဖျက်ဆီး စကားအသုံးအနှုန်းများ
တကယ်တော့ ကျွန်မတို့ကလေးတွေကို ထောက်ပံ့ပေးရတာက ကျွန်မတို့ရဲ့ တာဝန်ပါပဲ။ သင်လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ သင့်ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးတွေဆီကနေ အဲဒီအတွက် အထူးကျေးဇူးတင်ကြောင်းကို သင်တောင်းဆိုလို့ မရနိုင်ပါဘူး။ “နင့်အတွက် ငါတို့အများကြီး လုပ်ပေးခဲ့ပြီးပြီ”ဆိုတဲ့ စကားစုကို မေ့လိုက်ပါ။
သင့်ရဲ့တာဝန်ယူမှုက တခြားမိသားစုတွေထက်ပိုများသလား? ကောင်းပါတယ်၊ သင်ဆန္ဒရှိလို့သာ ဒီလိုလုပ်ပေးခဲ့တယ်ဆိုတဲ့ အချက်ကို လက်ခံပါ။ မိဘတွေကို ကျေးဇူးတင်ခြင်းနှင့် လေးစားမှုက တစ်ချို့မိသားစုတစ်ခုရဲ့ ဝင်ငွေအဆင့်ပေါ် မူတည်မှု မရှိပါဘူး။

မိဘအုပ်ထိန်းမှုအမှား နံပါတ် ၃- အကောင်းဆုံးကျောင်းသား(သို့) ချန်ပီယံတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့ ကြိုးစားခြင်း
neurotic လူတစ်ယောက်ကို ပျိုးထောင်ခြင်းနှင့် ပတ်သတ်လာတဲ့အခါ အန္တရာယ်ရှိသော ဗျူဟာ ၂ခုရှိပါတယ်။
- သူတို့ရဲ့ focus အပေါ် စွဲလမ်းမှုနှင့် စိတ်ရောဂါဖြစ်လာတဲ့ ချန်ပီယံတွေဟာ ဖခင်(သို့) မိခင်က တစ်ခုခုနှင့် ပတ်သတ်ပြီး အိမ်မက်ရှိခဲ့ပေမယ့် ဒါကို အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ မိသားစုမှာ (သို့) အောင်မြင်မှုအချို့ရရှိထားပြီး သူတို့လို ဖြစ်စေချင်တဲ့ မိဘတွေရှိသော မိသားစုမှာ ကြီးပြင်းလာသူတွေဖြစ်ပါတယ်။ အနာဂတ်ချန်ပီယံတွေဟာ သူတို့ရဲ့နေ့ရက်တွေကို လေ့ကျင့်သင်ကြားခြင်းနဲ့ လေ့လာခြင်းသာ ပြုလုပ်ခဲ့ကြပြီး သူတို့မှာ အသက်ရှင်ဖို့ လုံလောက်တဲ့အချိန်မရှိပါဘူး။ သူတို့အပေါ် ဖိအားပေးမှုတွေက ကြီးမားလာပြီး သူတို့ပန်းတိုင်ကို ရောက်လာတဲ့အခါမှသာ ပျော်ရွှင်မယ်လို့ သူတို့ယုံကြည်ကြပါတယ်။
- ပြီးပြည့်စုံတဲ့ ကျောင်းသားတစ်ယောက်ကို ပျိုးထောင်ခြင်းက ပေါ်ပြူလာဖြစ်နေတဲ့ မဟာဗျူဟာတစ်ခုဖြစ်ပေမယ့် ဒါက အန္တရာယ်များပါတယ်။ ဒီနေ့ခေတ်မှာ မိဘတွေဟာ ကလေးတွေကို အရမ်းငယ်သေးတဲ့အရွယ်တည်းကနေ သင်ကြားပေးနေကြပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ကို အလွန်အကျွံဝန်ပိစေတာကြောင့် ဒီလိုလုပ်တာက မှန်ကန်တဲ့အရာမဟုတ်ပါဘူး။
သင့်ကလေးတွေကို တင်းကျပ်တဲ့ အချိန်ဇယားတွေ မချမှတ်ပေးပါနဲ့- သူတို့က သင့်ကို စိတ်ဓါတ်ကျစရာကောင်းတဲ့ ကလေးဘဝနဲ့ မပျော်တဲ့ လူတစ်ယောက်အဖြစ် ပျိုးထောင်းပေးဖို့သာ ကူညီပါလိမ့်မယ်။ သင့်ကလေးတွေကို ဘာမှမလုပ်ရတဲ့ အားလပ်ချိန်တစ်ချို့ပေးပါ။ ဘာမှမလုပ်တာက လေ့လာခြင်းလိုပဲ အရေးပါပါတယ်။ ဒါက ကောင်းကင်ကြီးကိုကြည့်ဖို့ ကခုန်ပြီး အသက်ရှင်ဖို့အချိန်ဖြစ်ပါတယ်။ ဒါက တီထွင်ဖန်တီးမှု မွေးဖွားပုံ ဖြစ်ပါတယ်။

မိဘအုပ်ထိန်းမှု အမှား ၄- လာဘ်ပေးလာဘ်ယူမှု
ဒီနေ့ခေတ်မှာ မိဘတစ်ချို့ဟာ သူတို့ကလေးတွေကို အဆင့်ကောင်းရလို့၊ အခန်းသန့်ရှင်းရေးလုပ်ထားလို့ဆိုပြီး ဆုပေးတတ်ကြပါတယ်။ ဒါကမှားနေပါတယ်။ လာဘ်ပေးလာဘ်ယူမှုက ကလေးတွေကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းကောင်းမဟုတ်ပါဘူး။ သူတို့ရဲ့အောင်မြင်မှုတွေအတွက် ပေးခြင်းအားဖြင့် ကျွန်မတို့ကလေးတွေကို သူတို့ရဲ့တကယ့်အောင်မြင်မှုကို တန်ဖိုးမထားဖို့ တွန်းအားပေးနေပါတယ်။ မိသားစုတစ်ခုက စျေးကွက်တစ်ခုမဟုတ်ပါဘူး။ ဒါက ချစ်ခြင်းမေတ္တာနဲ့ စောင့်ရှောက်မှုပေါ် အခြေခံတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။
- သူတို့ကို မုန့်ဖိုးပေးပါ။ ဒါကသူတို့ရဲ့ ငွေရေးကြေးရေးဆုံးဖြတ်ချက်တွေနဲ့ သူတို့ကို ယုံကြည်စိတ်ချကြောင်း ပြသခြင်းဖြစ်ပါတယ်။ သူတို့ဘာသာသူတို့ စုချင်စု၊ မုန့်စားချင်စားပေါ့။ ဒါက ပါစင်နယ် လွတ်လပ်ခွင့်ရဲ့ လိုအပ်ချက်တစ်ခုပါပဲ။
- သူတို့ပိုက်ဆံဘယ်လောက်သုံးမယ်ဆိုတာ ကလေးတွေကို ဆုံးဖြတ်ခွင့်ပေးပါ။ မိဘတွေက မိမိတို့ကလေးတွေကို လမ်းပြပေးနိုင်ပါတယ်။ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက်ကို ကလေးရဲ့လက်ထဲမှာ ထားရပါမယ်။ ဟုတ်ပါတယ်။ သူတို့အမှားတွေ လုပ်မိနိုင်ပေမယ့် ဒါက သူတို့ရဲ့အတွေ့အကြုံနဲ့ ဗဟုသုတအသစ်တွေပါ။

မိဘအုပ်ထိန်းမှု အမှားနံပါတ် ၅- ပညာရှိစကားတွေဖြင့် ဖိအားပေးခြင်း
တစ်ခါတစ်ရံ မိဘတွေဟာ ” ပိုက်ဆံက လွယ်လွယ်နဲ့မရဘူး”, ” ငါ မင်းတို့အရွယ်တုန်းကဆိုရင် အကုန်လုပ်တတ်နေပြီ” ကဲ့သို့သော စကားလုံးတွေကို ပြောတတ်ကြပါတယ်။ ဒီအရာတွေကို ကျွန်မတို့မိဘတွေဆီကနေ ကြားသိရပြီး ကျွန်မတို့ကလေးတွေကို ဒီအရာတွေ ပြောတတ်ကြပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကို ငွေရှာရတာ အရမ်းခဲယဉ်းပြီး တာဝန်ကြီးတယ်လို့ ယုံကြည်စေခြင်းဖြင့် ကလေးတွေအား ငွေဆုံးရှုံးမှာ ကြောက်တဲ့စိတ်ကို ဖွံ့ဖြိုးစေပါတယ်။
ကျွန်မတို့ပြောတဲ့ ဒီစကားစုတွေက စစ်မှန်သောဘဝနဲ့ လုံးဝမပတ်သတ်ပါဘူး။ သင်တစ်ခုခု မဝယ်နိုင်ရင် ဝယ်ယူမှုအတွက် ငွေအလုံအလောက်စုဖို့ ဘာလုပ်နိုင်သလဲဆိုတာသာ ဆွေးနွေးပါ။
မိဘအုပ်ထိန်းမှုအမှား (၆) – သင့်ကလေးနဲ့ သူငယ်ချင်းဖြစ်ခြင်း
သူငယ်ချင်းတွေလို နေခဲ့တာကြောင့် သားဖြစ်သူဟာ သူမကို နာမည်တပ်ပြီး ခေါ်တယ်လို့ မိခင်တစ်ယောက်က ဆိုပါတယ်။ ကလေးတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းခြင်းက trend သစ်တစ်ခုလိုဖြစ်နေပါတယ်။ မိသားစုဆိုတာက သူ့အခန်းကဏ္ဍနဲ့သူရှိတဲ့ ဝါစဉ်စနစ်တစ်ခုဖြစ်ပါတယ်။ မိဘက မိဘနေရာမှာ ရှိရမှာဖြစ်ပြီး သားသမီးက သားသမီးတာဝန်ကျေရမှာဖြစ်ပါတယ်။ မိဘဆိုတာ ‘အထက်’မှာ ရှိနေရပါမယ်။ ဒါမှသာ ဆုံးမပဲ့ပြင်တာကို ကောင်းကောင်းလုပ်နိုင်မှာပါ။ သူငယ်ချင်းပေါင်း ပေါင်းဖို့ ကြိုးစားတာက ရွယ်တူချင်းလို ဆက်ဆံလာနိုင်ပြီး ထိန်းချုပ်မှု ဆုံးရှုံးစေပါတယ်။
- အကန့်အသတ်ထားပါ၊ ရှင်းရှင်းလင်းလင်းပြောပါ။ ဒါက ကလေးတွေကို ဘာလုပ်နိုင်တယ်၊ ဘာလုပ်လို့ မရနိုင်ဘူးဆိုတာကို နားလည်စေပါတယ်။
- ငြင်းတတ်ဖို့ သင်ယူပါ။
- ကလေးရော၊ မိဘပါ မချိုးဖောက်နိုင်တဲ့ စည်းမျဉ်းတွေကို သတ်မှတ်ပါ။ တကယ်လို့ သင်ဟာ ကလေးတွေကို လွတ်လပ်မှု အရမ်းပေးထားတယ်ဆိုရင် confidence ရှိမှာမဟုတ်ဘဲ ကြီးပြင်းသွားပါလိမ့်မယ်။ ကြီးပြင်းနေစဉ်မှာ လုံခြုံမှု ခံစားရဖို့နဲ့ Confident ရှိဖို့က အရမ်းအရေးကြီးပါတယ်။
မိဘအုပ်ထိန်းမှု အမှား (၇) ကလေးတွေကို အိပ်မက်မက်ဖို့ မသင်ကြားပေးခြင်း
အရမ်းတင်းကျပ်တဲ့ စည်းမျဉ်းတွေ ကန့်သတ်ထားတဲ့အခါ ကလေးတွေဟာ ပြင်ပထိန်းချုပ်မှု ကို မြန်မြန်အသုံးချတတ်ပါတယ်။ ပထမဆုံး သူတို့ဟာ ကျောင်းကသူတွေရဲ့ စကားကို နားယောင်တတ်ပါတယ်။ သူတို့ကို ကိုယ်စွမ်းကိုယ်စရှိဖို့နှင့် သူတို့လုပ်ချင်တာကိုလုပ်မယ့်အစား တစ်စုံတစ်ယောက်ရဲ့ မျှော်လင့်ချက်နဲ့အညီ မနေဖို့ သင်ပေးထားသင့်ပါတယ်။ ကျွန်မတို့က သူတို့ကို “မင်းလုပ်ရမယ်” ” မင်းလုပ်ဖို့လိုတယ်” ဆိုတဲ့ စကားလုံးတွေသုံးပြီး ပြောတာက သူတို့ရဲ့ motivation နဲ့ သူတို့ရဲ့ တီထွင်ဖန်တီးမှုအားလုံးကို သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို အိပ်မက်တွေရှိဖို့ နဲ့ သူများပြောတဲ့အတိုင်း မလုပ်ဖို့ သင်ပေးပါ။ သူတို့ဘာလိုချင်သလဲဆိုတာ နားလည်နိုင်စွမ်းရှိသင့်ပြီး သင့်ရဲ့ပံ့ပိုးမှု လိုအပ်ပါတယ်။
Chit_MayMay
LM_Nandar
Source-brightside
Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။