ပျော်ရွှင်မှုနှင့် ကလေးတွေရဲ့ ဦးနှောက်ကို ချိတ်ဆက်နည်း (၃) မျိုး

0
282
- Advertisement -

ပျော်ရွှင်မှုနှင့် သန်မာမှုအတွက် ကျွန်မတို့ကလေးတွေရဲ့ ဦးနှောက်ကို ကောင်းကောင်းtrain ပေးနိုင်ပါတယ်။ ကျရှုံးမှုတွေကို ဖြတ်သန်းနိုင်ဖို့၊ စိတ်ပျက်စရာတွေကနေ ပြန်ကောင်းလာစေဖို့နှင့် သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ စိတ်ခံစားမှုတွေအားကောင်းလာစေဖို့ သူတို့ကို ကောင်းကောင်းသင်ကြားပေးနိုင်ပါတယ်။ ဒီကနေ့မှာ ရိုးရှင်းသော နည်းလမ်း (၃) ခုကို မျှဝေပေးထားပါတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ ဦးနှောက်ကို ပျော်ရွှင်မှုတွေနဲ့ ချိတ်ဆက်ထားခြင်းကို ဆိုလိုပါတယ်။

၁။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို အဆင့်သတ်မှတ်နိုင်ဖို့ သင်ပေးပါ

ဘယ်လိုအချိန်တွေမှာမဆို ကျွန်မတို့ခံစားရသော စိတ်လှုပ်ရှားမှုအမျိုးမျိုးကို ခွဲခြားသတ်မှတ်ဖို့က အမှန်တကယ်ခက်ခဲနိုင်ပါတယ်။ လူတော်တော်များများဟာ စိုးရိမ်စိတ်တွေ၊ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားတာမျိုး အင်မတန်နည်းပါးကြပါတယ်။ ကလေးတွေမှာ စိတ်ဆိုးလာတဲ့အခါ ဒီမေးခွန်းလေးတွေမေးပါ။ မင်းဘယ်လို ခံစားခဲ့ရသလဲ? အဲ့ဒီ့လိုဖြစ်တဲ့အခါ စိတ်လှုပ်ရှားမိသလား (သို့) စိတ်ပျက်မိသလား? တစ်ခုခုကြောင့် စိတ်လှုပ်ရှားနေတဲ့အခါ ခန္ဓာကိုယ်တွေရော နာကျင်လာခဲ့သလား? စတဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေနဲ့ စိတ်ခံစားချက်တွေကို ထုတ်ဖော်စေပါ။

- Advertisement -

၂။ ကျေးဇူးတင်တတ်ဖို့ လေ့ကျင့်ပေးပါ

ကလေးတွေကို ကျေးဇူးတင်တတ်ဖို့ သင်ကြားပေးခြင်းက သူတို့ရဲ့ အနာဂတ်ပျော်ရွှင်မှုအတွက် အရေးပါသောအချက်တစ်ချက်ဖြစ်ပါတယ်။ ကျေးဇူးတင်ကြောင်း လေ့ကျင့်ပေးတဲ့အခါ ဦးနှောက်ကို ပြန်လည်နွေးထွေးစေပါတယ်။ ဘယ်လိုလေ့ကျင့်မလဲ? ကိုယ့်အပေါ် ကောင်းခဲ့ဖူးတဲ့ တစ်ယောက်ယောက်ရဲ့ ကောင်းကြောင်းတွေကို ပြောပြပါ။ အခုအိမ်မှာနေရခြင်းအတွက် ဘာတွေကို သဘောကျသလဲလို့ မေးပါ။ တစ်စုံတစ်ဦးက ကိုယ်ချစ်မြတ်နိုးတဲ့အရာတစ်ခုခုကို ပေးခဲ့ဖူးတဲ့အချိန်တွေကို သတိရပါ။

၃။ တာဝန်ဝတ္တရားတွေအကြောင်း သင်ပေးပါ

မေမေတို့ရဲ့ အိမ်မှုကိစ္စတာဝန်တွေနဲ့ မိတ်ဆက်ပေးပြီး ကလေးကို တာဝန်ဝတ္တရားတွေအကြောင်း စပြီး သင်ကြားပါ။ သုတေသနပြချက်တွေအရ အိမ်မှုကိစ္စတွေမှာ ကူညီသောကလေးတွေဟာ ပိုမိုမြင့်မားသောမိမိကိုယ်လေးစားမှုတွေရှိကြပါတယ်။ ဒါ့ပြင့် ပိုပြီးတာဝန်ရှိကြပါတယ်။ ဒါ့ကြောင့် ငယ်ငယ်ကတည်းက တာဝန်ဝတ္တရားတွေကို ခွဲဝေပေးပါ။

Chit_May_May

Nyein_Thu

Ref-goldenslumbersphotos

LEAVE A REPLY

Please enter your comment!
Please enter your name here