ပြစ်ဒဏ်က ဘာ့ကြောင့် အဖြေမဟုတ်တာလဲ

ပြစ်ဒဏ်က ဘာ့ကြောင့် အဖြေမဟုတ်တာလဲ

0
68
- Advertisement -

အပြစ်ပေးတယ်ဆိုတာ ကလေးတွေကို အသိညဏ်မဲ့ မျက်မမြင်နာခံစေခြင်းမျိူးနှင့် ကြောက်ရွံ့စေခြင်းတွေကို ပို့ဆောင်ပေးပြီးတော့ တန်ဖိုးထားတတ်မှုကို သင်ကြားဖို့ ပျက်ကွက်ခြင်းပါ။ သင့်ရဲ့ သားသမီးကို မလိုလားအပ်တဲ့ မဖြစ်သင့်တဲ့ အလေ့အထတွေနဲ့ အပြုအမူတွေကို ပြုပြင်ဖို့အတွက် သင့်အနေနဲ့ အပြစ်ပေးတာမျိုးတွေ လုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အဖြေမဟုတ်ပါဘူးဆိုတာကို ရှင်းပြပေးချင်ပါတယ်။
ကျွန်မတို့အနေနဲ့ ပြုစုပျိုးထောင်ခြင်းအနုပညာဆိုတာ ပေါ့ပေါ့တန်တန် သဘောထားရမဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါဟာ အနုပညာတစ်မျိုးဖြစ်ပြီးတော့ လူသားတစ်ဦးရဲ့ ဖန်တီးမှု ၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဥ်တွေမှာ ပါ၀င်နေပါတယ်။ ကျွန်မတို့ဟာ သူတို့လေးတွေရဲ့ အနာဂတ်ကိုယ်ရည်ကိုယ်သွေးတွေအတွက် အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။

အပြစ်ပေးတယ်ဆိုတာ ဘာကို ဆိုလိုသလဲ

ပထမဆုံးပြစ်ဒဏ်ဆိုတာ ဘယ်လိုအရာမျိုးလဲဆိုတာ သတ်မှတ်ဖို့ လိုအပ်ပါတယ်။ ပြစ်ဒဏ်နှစ်မျိုးနှစ်စားရှိပါတယ်။ အပြုသဘောင်ဆောင်တဲ့ ပြစ်ဒဏ်မှာ ပြစ်ဒဏ်လို့ ကျွန်မတို့စဥ်းစားတဲ့အခါ မကြာခဏသတိရလေ့ရှိပါတယ်။ ကျွန်မတို့ဖယ်ရှားလိုတဲ့ အပြုအမူတစ်ခုကို ပေးကမ်းခြင်း ဒါမှမဟုတ် မနှစ်မြို့ဖွယ်ရာ တစ်ခုခုပြုလုပ်တာမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆူပူခြင်း ၊ ရိုက်နှက်ခြင်း ၊ ကလေးတွေကို သူတို့ရဲ့ အခန်းကို ပို့ခြင်း ၊ တစ်ခြားဆိုးရွားတဲ့ နှိုးဆွခြင်းတွေကို ဆိုလိုပါတယ်။ အခြားတစ်ဖက်မှာ အပျက်သဘောဆောင်တဲ့ အပြစ်ပေးခြင်းဆိုတာကတော့ မနှစ်သက်ဖွယ်အပြုအမူတွေကို သာယာစေတဲ့ အရာတစ်ခုခုဖြင့် ဖယ်ရှားခြင်းဖြစ်ပါတယ်။ဆိုလိုတာက ဗီဒီယိုဂိမ်းများ ယူဆောင်ပေးခြင်း (သို့) စိတ်ပိုင်းဆိုင်ရာတစ်ခုခု ထိန်းချူပ်သာယာစေခြင်းပါ။ ဒါဟာ သင့်ကလေးကို ဂရုမစိုက်ရာ ရောက်ပါတယ်။

ဘာကြောင့် ပြစ်ဒဏ်ပေးတာက ဆွဲဆောင်မှုရှိပြီး လူကြိုက်များနေရတာလဲ

မိဘတွေနဲ့ ဆရာသမားတွေဟာ ပညာရေးနည်းလမ်းကို မျိုးဆက်တွေအတွက် အသုံးပြုခဲ့ကြပြီးပြီ။ မရေမတွက်နိုင်တဲ့ လူကြီးတွေဟာ မိဘနဲ့ ကလေးကြားက ဆက်ဆံမှုမှာ ပြစ်ဒဏ်ရဲ့ သီလကို ကာကွယ်ကြတယ်။ ချက်ချင်း အကျိုးသက်ရောက်မှုရှိခြင်း-အနည်းဆုံး လက်ရှိအချိန်မှာ မသင့်လျော်တဲ့ အပြုအမူတစ်ခုခုကို ရပ်တန့်ဖို့ ပြစ်ဒဏ်ဟာ ထိရောက်ကြောင်းသက်သေပြနိုင်တယ်။ သူတို့က မလိုလားအပ်တဲ့ ပုံစံတွေနဲ့ ပြုမူနေထိုင်တဲ့ အခါ ကျွန်မတို့တွေက သူတို့အပေါ်မှာ အာဏာ(သို့)အခွင့်အာဏာကို သုံးကြတယ်။ ပြစ်ဒဏ်ဟာ လက်တွေ့ကျင့်သုံးဖို့ လွယ်ကူပြီး မြန်ဆန်ပါတယ်။ ဒါဟာဆိုရင် အလွန်ကြီးလေးတဲ့ အချိန်ရင်းနှီးမြှပ်နှံမှု (သို့) ရှင်းလင်းချက်တွေအများကြီး မလိုအပ်ဘူး။ ကျွန်မတို့ရွေးခဲ့တာက အပြစ်ပေးခြင်းပဲလေ။

ပြစ်ဒဏ်ဟာ ဘာကြောင့်အဖြေမဖြစ်ရတာလဲ

ပြစ်ဒဏ်ဟာ အဖြေမဟုတ်တဲ့ အတွက် အသုံးချဖို့အကောင်းဆုံးကိရိယာလည်း မဟုတ်ပါဘူး။ ဒါဟာ အသိညဏ်မဲ့ နာခံခြင်းမျိုးဖြစ်တဲ့ အတွက် သူတို့ရဲ့ အပြုအမူကို ”ဒီလိုဆိုရင် အမေက ငါ့ကို အော်မှာ မဟုတ်ဘူး”‘ဒါ့ကြောင့် အဖေက ငါ့တီဗီကို ယူမသွားနိုင်ဘူး” ဆိုတာလောက်ပဲ နားလည်မှာပါ။ကလေးတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ဘာကြောင့်တာ၀န်ယူသင့်တယ်ဆိုတာကို နားမလည်ကြပါဘူး။ ပြစ်ဒဏ်ကို နောက်တစ်မျိုး ရိုက်တယ်လို့လည်း ဆိုလိုပါတယ်။ ဒါဟာ ကလေးသူငယ်တွေအတွက် နာကျင်မှုထက် အရှက်ရစေတဲ့ ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ ဆိုးကျိုးများစွာ ရှိတယ်ဆိုတာ သတိရပေးပါ။

ဒီလိုအချက်တွေကြောင့် ကလေးတွေဟာ မိဘတွေအပေါ်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးစေပါတယ်။ မိဘတွေက သူတို့အပေါ်မှာ လေးလေးစားစားဆက်ဆံတယ်ဆိုတဲ့ ခံစားမှုတွေ ပျောက်ဆုံးစေပါတယ်။ ဒေါသဖြစ်ခြင်း၊ လက်စားချေလိုခြင်းတွေနဲ့ အတူ မိဘနဲ့ သားသမီးကြားမှာ နားလည်မှုကွဲလွဲတာတွေ ဖြစ်စေနိုင်ပါတယ်။


အပြစ်ပေးခြင်းက ကလေးတွေအတွက် မိမိကိုယ်ကို လေးစားမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တစ်ခြားသူတွေအပေါ်မှာ မှီခိုလွန်းခြင်း၊ စိတ်ဒဏ်ရာတွေ စွဲကပ်သွားခြင်း၊ တာ၀န်မယူတတ်ခြင်း စတဲ့ ဆိုးကျိုးတွေ အလိုလျောက်ဖြစ်စေနိုင်ပါတယ်။
နောက်ဆုံးမှာ တင်းမာမှု ၊ ရန်လိုမှု နှင့် လိမ်ပြောတတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ ပြစ်ဒဏ်ရဲ့ ကြီးမားတဲ့ သင်ခန်းစာတွေကို မသင်ကြားခြင်း၊ ကလေးတွေရဲ့ အပြုအမူတွေကို ကိုယ်ရေးကိုယ်တာ အဆင်ပြေလွယ်ကူမှုဖြင့် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခြင်းတွေကြောင့် ဖြစ်ပါတယ်။

ကျွန်မတို့ ဘယ်လိုဆုံးမကြမလဲ

ကလေးသူငယ်ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ သူတို့လေးတွေရဲ့ ဂုဏ်သိက္ခာကို လေးစားဖို့နှင့် တန်ဖိုးထားဖို့ရန် အရေးကြီးပါတယ်။ ကလေးသူငယ်တွေကို တာ၀န်နှင့် တန်ဖိုးတွေကို ပိုမိုနားလည်လာအောင် ကူညီပေးရပါမယ်။ ရလဒ်အနေနဲ့ သူတို့ဟာ သူတို့ရဲ့ တန်ဖိုးနှင့်အညီ ပြုမူဆောင်ရွက်လာပါလိမ့်မယ်။ ဒါ့အပြင် သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်လာနိုင်ပြီးတော့ သူတို့ရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ပြန်ပြီး တွေးတောဆင်ခြင်လာနိုင်ပါလိမ့်မယ်။
ဒါကြောင့်မို့လို့ ကျွန်မတို့ ကလေးတွေကို လေးစားမှု ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုစောင့်ရှောက်ပေးရပါမယ်။ ကျွန်မတို့ ကလေးတွေရဲ့ အပြုအမူတွေရဲ့ နောက်ကွယ်က ခံစားချက်တွေကို နားလည်ပေးနိုင်ဖို့နှင့် အတည်ပြုနိုင်ဖို့ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းဆုံးမကြပါလို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

Chit_May_May

Nyein_Thu

sources-Youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here