ပြစ်ဒဏ်နဲ့ စည်းကမ်းအကြားက ခြားနားချက်များ

0
163
- Advertisement -

ပြစ်ဒဏ်ပေးခြင်းဆိုတာ

ကလေးရဲ့ ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်ပေးခြင်းတစ်မျိုးဖြစ်ပါတယ်။ ကလေးက သူ့ရဲ့အမှားအတွက် ”အခ”ပေးရတာပါ။ တစ်ခါတလေမှာ အပြစ်ပေးချင်တဲ့ဆန္ဒတွေဟာ မိဘတစ်ဦးဦးရဲ့ စိတ်ပျက်/စိတ်ဓာတ်ကျခြင်း ခံစားချက်တွေက ထွက်ပေါ်လာတတ်တာဖြစ်ပါတယ်။

တစ်ချို့အချိန်တွေမှာတော့ ဒါဟာ အလျင်လိုအပူတပြင်းဖြစ်ခြင်းကတဆင့် ဖြစ်တည်လာတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတစ်ယောက်ကို ပြောင်းလဲစေနိုင်တဲ့ ရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးဖို့ ကြိုးစားတဲ့အခါတိုင်း အော်ဖို့၊ ရိုက်ဖို့ ဒါမှမဟုတ် အထူးအခွင့်အရေးတွေကို ဖယ်ရှားဖို့ အတင်းအကြပ်ပြုလုပ်ခြင်းပါ။ ဒါတွေကို အပြစ်ဒဏ်ပေးတယ်လို့ ဆိုလိုပါတယ်။

ပြစ်ဒဏ်ဆိုတာ ကလေးကို ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ဖို့ သင်ကြားပေးရမယ့်အစား ကလေးကို မိဘကထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။ အများအားဖြင့် အပြစ်ပေးခြင်းက ကလေးရဲ့ ကိုယ့်ပိုင်ပုံရိပ်ကို ထိခိုက်စေပါတယ်။

ကြီးလေးတဲ့ ပြစ်ဒဏ်တစ်ခုခုအပြစ်ပေးခံရတဲ့ ကလေးတစ်ဦးက ”ငါဟာ ဆိုးတဲ့ကလေးတစ်ယောက်”လို့ စတင်တွေးလာပါလိမ့်မယ်။ သူက မှားယွင်းတဲ့ရွေးချယ်မှုတစ်ခုလုပ်မိတယ်လို့ တွေးရမယ့်အစား သူဟာ လူဆိုးကလေးတစ်ယောက်လို့ ထင်ကောင်းထင်လာပါလိမ့်မယ်။ အာဏာပိုင်မိဘတွေဟာ ကလေးတွေကို အများဆုံးအပြစ်ပေးလေ့ရှိပါတယ်။

အပြစ်ပေးခြင်းရဲ့ ပြဿနာများ

ပြစ်ဒဏ်တွေဟာ ကလေးတွေကို ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ မသင်ပေးပါဘူး။ အစ်ကိုဖြစ်သူနဲ့ ရန်ဖြစ်တဲ့အတွက် အရိုက်ခံရတဲ့ ကလေးတစ်ယောက်ဟာ ပဋိပက္ခတွေကို ဘယ်လိုငြိမ်းချမ်းစွာဖြေရှင်းရမယ်ဆိုတာ သူမသိပါဘူး။ အဲဒီ့အစား မိဘတွေက သူ့ကို ရိုက်မယ်ဆိုတာ ဘာကြောင့်ရိုက်တယ်၊ သူ့အစ်ကိုကိုရိုက်တာ ဘာကြောင့်မသင့်တော်တာလဲဆိုတာ ရှုပ်ထွေးသွားစေပါတယ်။

အပြစ်ပေးခြင်းက ကလေးတွေကို ၎င်းတို့ကိုယ်တိုင်မထိန်းချုပ်နိုင်ကြောင်း သင်ကြားပေးခြင်းဖြစ်ပါတယ်။ သူတို့ကိစ္စတွေတိုင်း/ အမှားအယွင်းတိုင်းကို မိဘက တာဝန်ယူလိမ့်မယ်လို့ အတွေးဝင်စေပါတယ်။ သူတို့အသားနာကျင်တဲ့အခါ အမျက်ဒေါသထွက်တာတွေလည်း ရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် နောက်တစ်ခေါက် သူပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာမျိုး တွေးတာထက် ဖိအားပေးခံရတဲ့ကလေးတစ်ယောက်ဟာ ဘယ်လိုလက်စားချေရမလဲဆိုတာမျိုးသာ စဥ်းစားပါလိမ့်မယ်။

စည်းကမ်းဆိုတာ

စည်းကမ်းက ကလေးတွေကို သူတို့ရဲ့အမူအကျင့်တွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်၊ စည်းကမ်းက ကလေးတွေကို သူတို့အမှားတွေက သင်ခန်းစာပေးပြီး ဒေါသနှင့် စိတ်ပျက်ခြင်းကဲ့သို့သော စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖို့လူမှုရေးအရ သင့်လျော်သော နည်းလမ်းတွေကို သင်ပေးပါတယ်။

စည်းကမ်းက လုပ်ပိုင်ခွင့်ရှိတဲ့ချဥ်းကပ်မှုကို ယူတယ်။ ပြီးတော့ ကျန်းမာတဲ့စည်းကမ်းမှာ ကလေးက စည်းကမ်းချိုးဖောက်တဲ့အခါ ရှင်းလင်းတဲ့စည်းမျဥ်းတွေနှင့် ဆိုးရွားတဲ့ထိခိုက်မှုတွေမရှိစေတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။

စည်းကမ်းရဲ့ အကျိုးကျေးဇူးများ

စည်းကမ်းက တုံ့ပြန်မှုမဟုတ်ဘဲ တက်ကြွတဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။ ၎င်းက အမှားတွေကတစ်ဆင့် ကလေးတွေတက်တက်ကြွကြွလေ့လာခြင်းကို သေချာစေပါတယ်။ များစွာသော စည်းကမ်းထိန်းသိမ်းရေးနည်းစနစ်တွေမှာ ချီးမွမ်းခြင်းနှင့် ဆုချီးမြှင့်ခြင်းစနစ်များကဲ့သို့သော ချဥ်းကပ်မှုတွေ ပါဝင်ပါတယ်။ စည်းကမ်းက မိဘတွေနှင့် ကလေးတွေအကြား အပြုသဘောဆောင်တဲ့ဆက်ဆံရေးကို တိုးပွားစေပါတယ်။ ဆုံးမပဲ့ပြင်ခြင်းက သင့်လျော်တဲ့အပြစ်ပေးမှုတွေရှိသင့်ပေမယ့်လည်း ကလေးကို ရှက်ကြောက်သွားစေတာမျိုးမဖြစ်သင့်ပါဘူး။ အဲဒီ့အစား သူတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်စွမ်းတွေကိုသာ ထည့်သွင်းပေးပါ။

Lifestyle_Myanmar

Nyein_Thu

Ref-verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here