ပြဿနာကြီးကြီးမားမားဖြစ်နေကြောင်း အချက်ပြနေတဲ့ ကလေးငယ်တွေရဲ့ အပြုအမူ (၅) ချက်

0
3788

ကလေးငယ်တိုင်းက စည်းကမ်းတွေကို ချိုးဖောက်ကြပါတယ်။ သူတို့ဟာ ကမ္ဘာကြီးကို ဒီလိုနည်းလမ်းတွေနဲ့ စမ်းသပ်ကြပါတယ်။ သူတို့ဖြတ်သန်းခွင့်မရှိတဲ့ နယ်နိမိတ်တွေကို ရှာဖွေကြပါတယ်။ ကလေးတွေရဲ့ အလိုဆန္ဒနှင့် မကောင်းတဲ့အကြံအစည်တွေက သဘာဝရဲ့ သင်ယူမှုဖြစ်စဉ်ဖြစ်ပါတယ်။ သို့ပေမယ့် ကလေးတစ်ဦးရဲ့အပြုအမူတွေဟာ အန္တရာယ်မကင်းနိုင်လောက်ဘူးဆိုတာ ပြသနိုင်တဲ့ အခြေအနေတွေမြောက်များစွာရှိပါတယ်။ အဲ့ဒီအခြေအနေတွေကို ဆက်ဖတ်လိုက်ရအောင်…

၁။ ကလေးငယ်ဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာကြောင်နေတယ်

များသောအားဖြင့် ကလေးတွေဟာ သူတို့ရဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး တော်တော်လေးဇီဇာကြောင်တတ်ကြပါတယ်။ သို့ပေမယ့် လိုအပ်တာထက်ပိုပြီး ဇီဇာကြောင်လာပြီဆိုရင် ကလေးမှာစိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်နေနိုင်ပါတယ်။ အစားအစာဇီဇာကြောင်တဲ့ကလေးတွေဟာ အားလုံးကို စားတတ်သောကလေးတွေထက် စိတ်ကျဝေဒနာတွေကို ၂ ကြိမ်ထက်မနည်းကြုံတွေ့နေရနိုင်ပါတယ်။ စိုးရိမ်ပူပန်ခြင်းတွေဖြစ်နေတဲ့ အခြေအနေပါ။

၂။ သူတို့ရဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး အထိအရှမခံဖြစ်နေနိုင်ပါတယ်

ကလေးတစ်ဦးအနေနဲ့ တစ်ချို့အဝတ်အစားတွေကို ဝတ်ဆင်ဖို့ ငြင်းဆန်မှာဖြစ်ပေမယ့်လည်း ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားနေရတယ်ဆိုရင် စုတ်ပြတ်နေတဲ့အဝတ်အစားတွေကိုတောင် မလဲချင်ဘဲဖြစ်နေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ကလေးငယ်တွေဟာ ရာသီဥတုကို ဂရုမစိုက်ဘဲ နွေခေါင်ခေါင်မှာ အနွေးထည်ဦးထုပ်ကို ဆောင်းထားနိုင်သလို ဆောင်းတွင်းကြီးမှာလည်း အနွေးထည်တွချွတ်ပြီးနေနိုင်ပါတယ်။ ဒါဟာ စိုးရိမ်စိတ်တွေတိုးပွားနေတဲ့ လက္ခဏာတစ်မျိုးပါ။

၃။ သူတို့ရဲ့ နည်းပညာပစ္စည်းတွေကို ပုံမှန်ထက်ပိုသုံးနေတယ်

ကလေးတွေဟာ သူတို့ရဲ့ စမတ်ဖုန်းတွေ (သို့) ကွန်ပျူတာတွေပေါ်မှာ ဂိမ်းကစားရတာကို ကြိုက်ကြပါတယ်။ သို့ပေမယ့် စိတ်သောကရောက်နေချိန်မှာ တစ်ချိန်လုံးဖန်သားပြင်ရှေ့မှာပဲ အချိန်ဖြုန်းနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ နည်းပညာပစ္စည်းတွေကို စွဲလမ်းခြင်းဟာ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကို တိုးပွားစေနိုင်ပါတယ်။

ဖုန်းနဲ့ အချိန်ကုန်လွန်းနေတယ်လို့ ထင်တယ်ဆိုရင် ပြောပြပါ။ သူတို့နဲ့ အတူ အွန်လိုင်းဂိမ်းကစားပါ။ ဒီလိုကူညီလုပ်ပေးမယ်ဆိုရင် သင့်ကလေးကို ဘယ်အရာက စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ သိရပါလိမ့်မယ်။

၄။ သူတို့ရဲ့ အရုပ်အသစ်တွေကို ဖက်တွယ်ထားတယ်

မိဘတိုင်းလိုလိုဟာ သူတို့ကလေးတွေရဲ့ ငိုယိုတောင်းပန်ပြီး ပစ္စည်း/အရုပ်အသစ်တွေကို ဝယ်ယူခိုင်းတဲ့အခြေအနေမျိုးတွေကြုံတွေ့ရဖူးပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ လိုအင်ဆန္ဒတွေနဲ့ ပြည့်နေပါတယ်။ မိဘတွေရဲ့ ငွေကြေးပြဿနာတွေကို ကလေးအပေါ်အပြစ်တင်မယ်ဆိုရင် ကလေးအနေနဲ့ ကမ္ဘာကြီးဟာ တစ်ခုခုအမြဲတမ်းပျောက်ဆုံးနေတဲ့နေရာတစ်ခုဖြစ်တယ်လို့ ကလေးယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့အရာကို ရရှိဖို့ အသည်းအသန်ကြိုးစားကြရတော့မယ်။ တရားသောနည်းလမ်းဖြစ်စေ၊ မတရားသောနည်းလမ်းတွေဖြစ်စေကြိုးစားကြရတော့မှာပါ။

သို့ပေမယ့်လည်း ကလေးတောင်းဆိုသမျှကို ဝယ်ပေးရမယ်လို့ မဆိုလိုပါ။ ကလေးရဲ့ အကျိုးခံစားခွင့်တွေကို အသင့်အတင့်ပေးရပါမယ်။ စျေးအသင့်အတင့်ဖြစ်စေမယ့်ပစ္စည်းတွေဟာ မျက်ရည်တွေနဲ့ တောင်းပန်နေတဲ့ ကလေးငယ်အတွက် ချစ်ခြင်းမေတ္တာတွေကို ပြသရာရောက်ပါတယ်။

၅။ သူတို့ဟာ သတင်းအချက်အလက်အသစ်တွေကို အဆက်မပြတ်ရှာဖွေနေကြတယ်

စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးတစ်ယောက်ဟာ အွန်လိုင်းပေါ်က သတင်းအချက်အလက်တွေကို အဆက်မပြတ်ရှာဖွေနေပြီး ပုံမှန်ထက်ပိုပြီး မေးခွန်းတွေမေးလာတယ်ဆိုရင် ၎င်းက စိုးရိမ်ပူပန်မှုတွေတိုးလာနေပါတယ်။ ‘ငလျင်လှုပ်ရင် ဘာတွေဖြစ်လာနိုင်သလဲ’ဆိုတဲ့ မေးခွန်းလိုမျိုးတွေ အကြိမ်ကြိမ်မေးလာတယ်ဆိုရင် သင့်ကလေးကို တစ်ခုခုအနှောင့်အယှက်ပေးနေတယ်ဆိုတာ သတိရပါ။ သူတို့ရဲ့ စကားကို နားထောင်ဖို့နှင့် ကူညီဖို့အဆင်သင့်ဖြစ်သိအောင်ကြိုးစားပါ။

Chit_May_May

Nyein_Thu

Ref-brightsideme

LEAVE A REPLY

Please enter your comment!
Please enter your name here