ဖခင်ကောင်းတစ်ယောက်မှာ ရှိတဲ့ သွင်ပြင်လက္ခဏာ (၉) ချက်
0
65
- Advertisement -
သင့်ရဲ့ချစ်သူ ဒါမှမဟုတ် ခင်ပွန်းဖြစ်သူဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်းကို အတိအကျသိရှိနိုင်မယ့် သွင်ပြင်လက္ခဏာတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ သူဟာဂရုစိုက်ပြီးတော့ သေချာနားထောင်တတ်တယ်
သင့်ရဲ့အမျိုးသားဟာ သင့်ကိုချစ်မြတ်နိုးပြီးတော့ သင်သေချာပေါက် လိုအပ်ချက်တွေကို အာရုံစိုက်ပေးတတ်ခြင်းဟာ နောင်တချိန်မှာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာမယ့် လက္ခဏာပဲဖြစ်ပါတယ်။ ကလေးငယ်တွေဟာ မိနစ်တိုင်းအာရုံစိုက်မှုကို လိုချင်ကြပါတယ်။ ဒါကြောင့် သင်တို့ရဲ့ relationship အတွင်းမှာ တစ်ကိုယ်ကောင်းဆန်မှုတွေကို ရပ်တန့်လိုက်ပါ။ အကောင်းဆုံးမိဘတွေဟာ ကလေးတွေရဲ့ ခံစားချက်နဲ့ လိုအပ်ချက်တွေကို ဘယ်လောက် နီးနီးဝေးဝေး အာရုံစိုက်တတ်ကြတာကြောင့် သင့်အပေါ်အမြဲအာရုံစိုက်တဲ့ချစ်သူဟာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာမှာအသေအချာပဲ ဖြစ်ပါတယ်။
၂။ စိတ်ခံစားမှုတွေအတွက် စိုးရိမ်မှုမရှိဘူး
အထူးသဖြင့် ချစ်ခြင်းနဲ့ မေတ္တာကိုစိတ်ခံစားချက်အဖြစ် ဖော်ပြတတ်တာဟာ အမျိုးသားတွေအတွက် ရှားပါးတဲ့အပြုအမူတွေ ဖြစ်ပါတယ်။ သင့်ရဲ့လက်ကို သင့်ချစ်သူက လူထူထပ်တဲ့နေရာမှာ ကိုင်ထားဖို့အတွက် မစိုးရွံ့သလို လူရှေ့မှာအနမ်းပေးဖို့အတွက် ဝန်မလေးတတ်ခြင်းဟာ အနာဂတ်မှာ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ရှားပါးပြီးအဖိုးတန်တဲ့ စွမ်းရည်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သူရဲ့ခွေးကလေးတွေ၊ ကြောင်ကလေးတွေကိုလည်း ချစ်တဲ့စိတ်နဲ့ ဂရုစိုက်တတ်ပါသေးတယ်။ ဒါဆိုရင်တော့ သူဟာကလေးတွနဲ့ စိတ်ပိုင်းဆက်သွယ်မှု အားကောင်းတဲ့ဖခင်ကောင်းတစ်ယောက် ဖြစ်လာမှာ မလွှဲမသွေပါပဲ။
- Advertisement -
၃။ စိတ်ဖိစီးမှုတွေကို ကျော်ဖြတ်နိုင်တယ်
လူတိုင်းစိတ်ဖိစီးစရာတွေကို ကြုံတွေ့ကြပေမယ့် သင့်ရဲ့လူကတော့ အဆိုပါပြဿနာတိုင်းကို လွယ်ကူစွာကိုင်တွယ်ဖြေရှင်းနိုင်ရင်လည်း ဒါဟာအုပ်ထိန်းမှုကောင်းတဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်လာမဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ကလေးတွေအနေနဲ့ စိတ်အလိုမကျမှုတွေ၊ စိတ်ဆိုးမှုတွေကို ကြုံတွေ့ရတဲ့အခါတိုင်း သင့်လူကအကောင်းဆုံးဖြေရှင်းနိုင်မယ့် ဖခင်တစ်ယောက်ပါ။
၄။ စားကောင်းတဲ့ဟင်းလျာတွေကို မျှဝေပေးတတ်တယ်
သင်တို့တွေ လက်မထထပ်ခင်အချိန်တည်းက အတူတူစားသောက်တဲ့အခါတိုင်း သူကအကောင်းဆုံးဟင်းလျာတွေကို သင့်ကိုဦးစားပေးကျွေးတတ်ပြီး သူ့ပန်းကန်ထဲကနေ မျှဝေပေးတတ်သူ ဆိုပါက နောင်တချိန်မှာ ကလေးငယ်တွေရဲ့ အရာရာလိုချင်မှုကို ဖြည့်ဆည်းပေးမယ့် ဖခင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အဆိုပါလက္ခဏာရှိသူတွေဟာ ကိုယ့်ကိုယ်ကိုထက် အခြားသူကိုဦးစားပေးတတ်တဲ့ စရိုက်ရှိပြီး သူတို့မစားရရင်နေပါစေ သားသမီးကိုတော့ ဖြည့်ဆည်းပေးမယ့် သူတွေဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
၅။ စိတ်ခံစားမှု ပွင့်လင်းတယ်
သူရဲ့စိတ်ခံစားချက်နဲ့ ပတ်သတ်ပြီးသင့်ကို အပွင့်လင်းဆုံးဆက်ဆံတတ်သလို အနာဂတ်အစီအစဉ်တွေကိုလည်း လွယ်ကူစွာဆွေးနွေးနိုင်သူဖြစ်ပါက သူ့ကိုလက်လွှတ်မခံပါနဲ့ ။ ဒါဟာဖခင်ကောင်းတစ်ယောက်မှာပဲရှိတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
၆။ အိမ်သန့်ရှင်းရေးနဲ့ အချက်အပြုတ်တွေကို ကူညီပေးတတ်တယ်
ယခုလိုအိမ်မှုကိစ္စတွေကို လုံးဝစိတ်မဝင်စားတဲ့ အမျိုးသားတစ်ယောက်ဟာ သင်တို့လက်ထပ်ပြီးလို့ ကလေးတွေရလာတဲ့အခါမှာလည်း အိမ်အလုပ်တွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ လက်တွဲဖော်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးရမှာဖြစ်ပြီး သင့်ကိုအိမ်အလုပ်တွေ ကူလုပ်ပေးတတ်သူဟာ ဖခင်ကောင်းတစ်ယောက်မှာရှိတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။
၇။ အချို့အရာတွေကို စွန့်လွှတ်နိုင်တယ်
တုံံ့ပြန်မှု၊ ဂရုစိုက်မှုတွေနဲ့ အလိုက်အသင့်နေတတ်တဲ့ အမျိုးသားတွေဟာ သင်နဲ့အတူရှိတဲ့အချိန်တွေ၊ ခရီးတွေနဲ့၊ သင်နာမကျန်းဖြစ်တဲ့အခါမျိုးတွေမှာ သူ့အတွက်တစိတ်တဒေသအရေးပါတဲ့ အရာတွေကိုစွန့်လွှတ်နိုင်ကြပြီး သင့်ဘေးနားမှာ အချိန်ပေးတတ်ကြပါတယ်။ ယခုလိုလူတွေဟာ တစ်ကိုယ်ကောင်းမဆန်တတ်သူတွေ ဖြစ်တာကြောင့် ဖခင်ကောင်းတစ်ယောက်ရဲ့စွမ်းရည်တွေ ပိုင်ဆိုင်လေ့ရှိကြပြီး သင်ယုံကြည်အားကိုးလို့ရမယ့် သူမျိုးတွေ ဖြစ်ကြပါတယ်။
၈။ သင်ယုံကြည်အားကိုးနိုင်တယ်
အရာရာတိုင်းကို သင်သတိပေးစရာမလိုသလို အချိန်မဆွဲပဲ ဆောင်ရွက်တတ်တဲ့ သင့်ချစ်သူဟာ ဖခင်ကောင်းတစ်ယောက်ဖြစ်လာမယ့်သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူကတိပေးပြီးသားကိစ္စတွေကိုလည်း ဖြစ်မြောက်အောင် ဆောင်ရွက်တတ်ကြပါသေးတယ်။ တကယ်လို့သင့်ချစ်သူကို မယုံကြည်ရတဲ့သူလို့ ခံစားရရင်တော့ သူဟာသင့်ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ထိုက်တန်သူတစ်ယောက် မဖြစ်နိုင်ပါဘူး။
၉။ သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးအခြေအနေ
လေးစားမှု၊ စိတ်အားထက်သန်မှု နဲ့ ကောင်းမွန်တဲ့ပြောဆိုဆက်ဆံရေးတွေဟာ relationship တိုင်းအတွက် အရေးပါတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီလိုအရာတွေ ခိုင်မာမြဲမှသာလျှင် ပျော်စရာကောင်းတဲ့ မိသားစုဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်ဆိုတာ သင်တို့နှစ်ယောက်သာ အမြဲတက်ကြွနေရမှာဖြစ်ပြီး နှစ်ဦးစလုံးရဲ့အမြင်တွေကို ဝေမျှဖို့လည်း လိုအပ်ပါတယ်။ ဒီလိုနှစ်ဦးသား ဆက်ဆံရေးကောင်းမွန်အောင် ပြုမူနေထိုင်ခြင်းဟာလည်း ဖခင်ကောင်းတစ်ယောက်မှာ ရှိတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။
LM_Naung_Naung
Chit_MayMay
Zawgyi Font
LM_Naung_Naung
Chit_MayMay
LEAVE A REPLY
Please enter your comment!
Please enter your name here