ဖခင်က သင့်ဘဝအပေါ် အရှိန်အဝါလွှမ်းမိုးမှု ရှိကြောင်း သင်သတိမထားမိတဲ့ နည်းလမ်း(၆)ခု

0
95
- Advertisement -

အိမ်မှုကိစ္စ ပိုလုပ်ပေးတဲ့ ဖခင်တွေမှာ ရည်မှန်းချက်ကြီးမားတဲ့ သမီးတွေ ရှိကြတယ်လို့ဆိုပါတယ်။ ဖခင်တစ်ယောက်ရဲ့ အကူအညီက ဒီအချက်မှာ ပါဝင်တဲ့အရာ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်မတို့ ဘဝတစ်သက်တာမှာ ဖခင်တစ်ယောက်ရဲ့ ပါဝင်ပတ်သတ်မှုက ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမှသည် ကျွန်မတို့ရဲ့ သိမြင်မှုစွမ်းရည်တွေအထိ ကျွန်မတို့ရဲ့ စရိုက်တွေပေါ်ကို သက်ရောက်မှုကြီးတစ်ခု ရှိစေပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ ဖခင်တွေကို ဒီဆောင်းပါးလေးနဲ့ ချီးကျူး ဂုဏ်ပြုချင်ပါတယ်။

၁။ ဖခင်ဆိုတာ သားသမီးတွေကို လုံခြုံမှု အပေးနိုင်ဆုံးသူတွေပါ

ဖခင်တွေဟာ ကလေးတွေအတွက် စိတ်ခံစားမှုဆိုင်ရာ အခြေအနေ ဖွဲ့စည်းခြင်းမှာ အရေးပါပါတယ်။ ဖခင်ဆီက ရရှိတဲ့ ချစ်ခင်မှုနှင့် ပံ့ပိုးမှုတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီး လုံခြုံနွေးထွေးမှုကို ခံစားရစေပါတယ်။ ကလေးတွေ အရွယ်ရောက်လာစဉ်မှာ ဘဝ အတတ်၊ အကျတွေ အများကြီးနှင့် ရင်ဆိုင်ရပါတယ်။ ဖခင်တစ်ယောက်ရဲ့ ခွန်အားကြီးမားတဲ့ လက်တစ်စုံက သားသမီးတွေ လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖခင်တစ်ယောက်အဖြစ် ရှိနေခြင်းဟာ ကလေးတစ်ယောက်ရဲ့ သိမြင်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတတ်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

- Advertisement -

၂။ ဖခင်တွေဟာ သားသမီးရဲ့ ပေါင်းဆင်းဆက်ဆံရေးကို ပုံဖော်ပေးနိုင်စွမ်း ရှိသူတွေပါ

ကလေးတွေဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ ဖခင်ဘယ်လိုပြုမှုဆက်ဆံသလဲဆိုတာကို အမြဲတမ်းကြည့်ရှုလေ့လာပြီး ဖခင်တွေရဲ့ သဘောထားကို ပုံတူကူးကြပါတယ်။ ဒါကို ဖခင်တွေ ကိုယ်တိုင်တောင် သတိမပြုမိနိုင်ပါဘူး။ နောက်ပိုင်းမှာ ကလေးတွေဟာ သူငယ်ချင်းတွေ၊ ချစ်သူတွေနှင့် သူတို့နားက လူတွေကို ဖခင်နည်းတူ ရွေးချယ်နိုင်ပါတယ်။ ဘယ် relationship မှာမဆို သူတို့မြင်တဲ့နည်းက ဖခင်ရဲ့ စံနမူပေါ်မှာ အခြေခံပါလိမ့်မယ်။

၃။ ဖခင်တွေက သားသမီးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ကူညီပေးသူတွေပါ

ဖခင်တွေဟာ သားသမီးတွေကို အချိန်ပေးပြီး ဘယ်ဝါသနာမဆို ပံ့ပိုးပေးတတ်သူတွေပါ။ သားသမီးတွေအတွက် အံ့ဖွယ်ရာတွေကို ဘေးကနေ အမြဲတမ်း ပြုလုပ်ပေးတတ်ကြပါတယ်။ ကလေးတွေအနေနဲ့ ကြောက်စိတ်ကို ကျော်လွှားနိုင်ပြီး အရွယ်ရောက်လာတဲ့အခါ ယုံကြည်မှု ပိုရှိလာစေပါတယ်။

၄။ ဖခင်တွေဟာ သားသမီးတွေကို စစ်မှန်တဲ့ တွေးခေါ်ရှင်တွေ ဖြစ်စေသူပါ

သားသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုမှာ တတ်ကြွစွာ ပါဝင်ပတ်သတ်မှုရှိသော ဖခင်တွေရဲ့ ကလေးတွေဟာ ပိုပြီးစမတ်ကျလေ့ရှိပါတယ်။ ကလေးတွေနဲ့ စကားများများပြောပေးတဲ့ ဖခင်တွေဟာ ကလေးတွေရဲ့ ဝေါဟာရကို တိုးချဲ့ပေးနိုင်သလို ပိုမိုရှုပ်ထွေးတဲ့ ဘာသာစကားစွမ်းရည်တွေကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဒီကလေးငယ်တွေဟာ ကျောင်းမှာပိုကောင်းတဲ့ သင်ယူမှုစွမ်းရည် ရှိလာကြပါတယ်။ ဒီလိုကလေးတွေဟာ ပုံမှန်အားဖြင့် ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်များရှိပြီး ယေဘုယျအားဖြင့် အရမ်းဉာဏ်ကောင်းတတ်ကြပါတယ်။

၅။ ဖခင်တွေဟာ ယောကျ်ားတွေရဲ့အကြောင်းကို သိစေသူပါ

ကျွန်မတို့ ဖခင်ဟာ ကျွန်မတို့ ဘဝရဲ့အဦးဆုံးချစ်ရတဲ့ ယောကျ်ားတစ်ယောက်ပါ။ ဖခင်တစ်ယောက်ရဲ့ စံနမူနာကောင်းနှင့်အတူ ကျွန်မတို့ဟာ ဂျန်ဒါပေါ်မှာ ကိုယ့်အမြင်ကို ပုံဖော်နိုင်ပါတယ်။ ယောက်ျားလေးတွေအနေနှင့် သူတို့ဖခင်ကိုကြည့်ပြီး စိတ်လှုပ်ရှားမှုကို ဘယ်လိုထိန်းချုပ်ရမယ်၊ သူတို့ရဲ့ အစွမ်းသတ္တိနှင့် ယောကျ်ားကောင်းပီသမှုကို ဘယ်လိုအသုံးချရမယ် ဆိုတာကို လေ့လာတတ်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့တော့ ကိုယ့်နားက လူတွေကို ဘယ်လိုပြုမှုဖို့ ဆုံးဖြတ်ရမယ်၊ သူတို့ကို ဘယ်လောက် ယုံကြည်ရမယ်ဆိုတာကို သင်ယူကြပါတယ်။ အမျိုးသားတွေနဲ့ relationship တည်ဆောက်တဲ့အခါ ဖခင်ကို စံနမူနာယူတတ်ကြပါတယ်။ နောက်ပိုင်းမှာ ကလေးတစ်ယောက်ရဲ့ အပြုအမှုကို လမ်းကြောင်းပေးအခါ ဖခင်တွေဆီကနေ လေ့လာသင်ယူထားမှုပေါ်မှာ အခြေခံပြီး သွန်သင်လေ့ရှိကြပါတယ်။

၆။ ကျွန်မတို့ရဲ့ လက်တွေ့ဘဝအတွက် ပြင်ဆင်ပေးသူတွေပါ

လက်တွေ့ဘဝဟာ ကျွန်မတို့ ဖြစ်ချင်တဲ့အတိုင်း အမြဲတမ်း အပူအပင်ကင်းတယ်ဆိုတာ မရှိပါဘူး။ မိခင်တွေဟာ တတ်နိုင်သလောက် အကာအကွယ်ပေးနိုင်သလို ဖခင်တွေက ကျွန်မတို့ကို မျက်စိပွင့်၊ နားပွင့် ဖြစ်စေပါတယ်။ ဖခင်တွေဟာ အမျိုးသားတွေ ဖြစ်တာကြောင့်ပဲ တရားမျှတမှု၊ ဘက်မလိုက်မှုနှင့် တာဝန်ဝတ္တရားတွေကို ရွေးချယ်တတ်ကြပြီး ကလေးတွေကို သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေအကြောင်း သင်ပေးတတ်ကြပါတယ်။ ဘယ်အချိန်မှာ ခက်ခဲကြမ်းတမ်းမယ်ဆိုတာကို သူတို့သိပါတယ်။ နောက်ပိုင်းမှာ လိုအပ်လိမ့်မယ့် အားမာန်တွေကို ဖွံ့ဖြိုးဖို့ ကူညီပေးပြီး ကျွန်မတို့ရဲ့ ဘဝအတွက် စည်းကမ်းတွေကို ယူဆောင်လာပေးပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here