ဖခင်ဆီကနေ သမီးတစ်ယောက်လိုအပ်တဲ့ အရာ (၅)ခု

0
321
- Advertisement -

လူတိုင်းက အမေနဲ့ သမီးကြားကဆက်ဆံရေးအကြောင်း ပြောဆိုကြပေမယ့်လည်း ထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့ တခြားဆက်ဆံရေးတစ်ခုကတော့ အဖေနဲ့ သမီးအကြားက ဆက်ဆံရေး ဖြစ်ပါတယ်။ သမီးဆိုတာက ဖခင်တစ်ယာက်ရဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်ဖြစ်ပြီး ဖခင်တွေဟာ စကားလုံးတွေနဲ့တောင် နှိုင်းပြလို့မရတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ သမီးတွေကို ချစ်ကြပါတယ်။ ဖခင်ကောင်းတစ်ယောက်ဟာ သမီးတွေကို ဂရုစိုက်ပေးတယ်၊ အကာအကွယ်ပေးတယ် ၊ ခွန်အားရှိဖို့ သင်ကြားပေးပါတယ်။ ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူ အနာဂတ်မှာကြုံတွေရမယ့် Relationship အတွက် ရှေ့ပြေးအဖြစ် သတ်မှတ်ပြီး ဇနီးဖြစ်သူနဲ့ ပြောဆိုဆက်ဆံပုံပေါ် မူတည်ပြီး ချစ်ခြင်းမေတ္တာနဲ့ လေးစားမှု အဓိပ္ပာယ်ကို သင်ကြားပေးပါတယ်။

သမီးတွေဟာ အမျိုးသမီးအဖြစ် ကြီးပြင်းလာတဲ့အခါ အမျိုးသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြလိမ့်မယ်။ ဒါပေမယ့် သူမဟာ ဖခင်နဲ့ နှိုင်းယှဉ်ကြည့်မှာ သေချာပါတယ်။ဖခင်တစ်ယောက်ဟာ သမီးရဲ့ ဘဝတစ်သက်တာမှာ ငယ်ရွယ်စဉ်အချိန်မှစပြီး အရွယ်ရောက်လာသူဖြစ်လာတဲ့အထိ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဖခင်တွေဟာ သမီးတွေအတွက် မိမိကိုယ်ကို အကောင်းဆုံး ဗားရှင်းဖြစ်နေဖို့ တာဝန်ရှိပါတယ်။ ဖခင်တွေဆီကနေ သမီးတိုင်းလိုအပ်တဲ့ အချက် (၅)ချက်ရှိပါတယ်။ သို့မှသာ ခိုင်မာတဲ့ relationship ကိုတည်ဆောက်နိုင်မှာပါ။

၁။ သူမရဲ့ဘဝမှာ ရှိနေပေးပါ

- Advertisement -

ဖခင်တစ်ယောက်ဟာ သမီးရဲ့ ဘဝမှာ ပါဝင်ပေးဖို့ လိုအပ်ပါတယ်။ မိခင်တစ်ယောက်လိုပဲ သူမရဲ့ ကလေးဘဝ၊ မြီးကောင်ပေါက်အရွယ်နှင့် လူကြီးဘဝတစ်လျှောက်လုံး သူမရဲ့ဘေးမှာ ရပ်တည်ပေးသင့်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ဝါသနာကို သမီးနှင့် မျှဝေပြီး ကားပြင်တာပဲဖြစ်ဖြစ်၊ လက်သမားအလုပ်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဝါသနာ တစ်စုံတစ်ခုကို သင်ပေးနိုင်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ဝါသနာမှာ ပါဝင်ရတာကို သမီး သဘောကျပါလိမ့်မယ်။

၂။ အိမ်ထောင်ရေး စံနမူနာကို ပြပါ

သမီးတွေဟာ ဖခင်နဲ့ မိခင်ရဲ့ အိမ်ထောင်ရေးက ဘယ်လိုရှိသလဲ? တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ပြုမှုဆက်ဆံသလဲဆိုတာကို သင်ခန်းစာ ယူပါလိမ့်မယ်။ သမီးဖြစ်သူဟာ ဖခင်တွေဆီကနေ နေ့စဉ်အိမ်မှုကိစ္စတွေမှာ အဖေပါဝင်ရဲ့လား? အိမ်ပတ်ဝန်းကျင်က တာဝန်တွေကို ဘယ်လောက်တာဝန်ယူသလဲ? မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဘယ်လောက်ဂရုစိုက်သလဲဆိုတဲ့ အချက်တွေကို လေ့လာပါတယ်။

၃။ သူမရဲ့ ယုံကြည်မှုကို ရယူပါ၊ သူမရဲ့လူယုံတော်ဖြစ်ပေးပါ

သူမကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့ အရာတွေအကြောင်း ပြောပြလာတဲ့အခါ ဖခင်တစ်ယောက်လို တုံ့ပြန်ဖို့ မကြိုးစားဘဲ သူငယ်ချင်းတစ်ယောက်လို သူမလိုအပ်တာတွေ ဖြည့်ဆည်းပေးပါ။ အကဲဖြတ်ဝေဖန်မှုမပါဘဲ သူမရဲ့စကားကို နားထောင်ပေးတဲ့အခါ ဖခင်ကို ဖွင့်ပြောဖို့ ပွင့်လင်းလာနိုင်ပါတယ်။

၄။ သူမရဲ့ Role model ဖြစ်ပေးပါ

ကြီးပြင်းလာနေတဲ့ ကလေးတစ်ယောက်အနေနဲ့ သူမဘဝတစ်လျှောက်လုံး လူများစွာကို မြင်ကောင်းမြင်ပေမယ့် ဖခင်ကိုတော့ သူမအကြည့်ဆုံးဖြစ်မှာပါ။ ဖခင်တစ်ယောက်ဟာ သမီးရဲ့ဘဝမှာ ပထမဆုံးယောကျ်ားပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့် ဖေဖေတို့အနေနဲ့ ကိုယ့်ရဲ့ Role ကို မြင့်အောင်ထားဖို့ အရေးကြီးပါတယ်။

၅။ မိမိကိုယ်ကို ဖော်ပြဖို့ မတွန့်ဆုတ်ပါနဲ့

အမျိုးသားတွေဟာ မိမိကိုယ်ကို မဖော်ပြတတ်ကြသလို သူတို့ဘယ်လိုခံစားရလဲဆိုတာကို မပြတတ်ကြပါဘူး။ ဒါက အမျိုးသား၊ အမျိုးသမီးနှင့် ကလေးအတွက် အရမ်းဆိုးရွားလှတဲ့အရာဖြစ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သမီးကို ပြောပြဖို့ မတွန့်ဆုတ်ပါနဲ့ ။ အမျိုးသားတွေ မငိုသင့်တဲ့ ပုံပြင်ကို ပြောင်းလဲဖို့ အလုံအလောက် သတ္တိရှိပါ။ ခံစားရတာ၊ ဖော်ပြရတာက လူ့သဘာဝဖြစ်ကြောင်း သမီးကို သင်ပေးပါ။

Chit May May

LM_Nandar

Source-momjunction

Chit MayMay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here