ဖခင်တစ်ယောက်က ငွေကြေးထောက်ပံ့ရုံနဲ့ ဘာကြောင့် ဖခင်တာဝန်မကျေတာလဲ(ဖခင်ကောင်းဆိုတာ)

0
449
- Advertisement -

မည်သူမဆိုဖခင်ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် စစ်မှန်သောဖခင်တစ်ဦးဖြစ်ဖို့အတွက်တော့ ထူးခြားတဲ့လူတစ်ဦးဖြစ်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုကျပန်းယောင်္ကျားမျိုးမဆို မိန်းကလေးကို ကလေးတစ်ယောက်နဲ့ တာဝန်မဲ့စွာခေါက်ထားခဲ့နိုင်ပါတယ်။ သို့ပေမယ့် ဒီကလေးကို မည်သို့မည်ပုံအကောင်းဆုံးပြုစုပျိုးထောင်ဖို့၊ ချစ်ဖို့နှင့် ပြုစုပျိုးထောင်ခြင်းတွေမှာ တက်ကြွစွာပါဝင်နိုင်မယ့် အထူးကောင်လေးတစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ စစ်မှန်သောဖခင်တစ်ဦးက အလုပ်သွားခြင်း၊ ငွေရှာခြင်းနှင့် သူ့မိသားစုအတွက် ထောက်ပံ့ပေးခြင်းရုံနဲ့ ကျေနပ်ရောင့်ရဲလိမ့်မယ်လို့ မဟုတ်ပါဘူး။ ဟုတ်ပါတယ် တကယ်တော့ ဒီအရာတွေအားလုံးက ဖခင်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့ တာဝန်တွေပဲ။ သို့ပေမယ့် ဒီအရာတွေထက် အများကြီးပိုနက်ရှိုင်းတတ်ပါတယ်။ စစ်မှန်သော ဖခင်တစ်ဦးဟာ ဖခင်ဖြစ်ခြင်းက ရုပ်ပစ္စည်းတွေသာမဟုတ်ကြောင်း နားလည်သူဖြစ်ပါတယ်။

သေချာတာတစ်ခုက မေတ္တာပြည့်ဝတဲ့ ဖခင်တစ်ဦးဟာ ကလေးတွေကို သူတို့လိုချင်တာမှန်သမျှ ဝယ်နိုင်အောင် အလုပ်ကြိုးစားလုပ်ပါတယ်။ ဇနီးအတွက်ခန်းနားထည်ဝါသောပြင်ဆင်မှုတွေရရှိစေဖို့ ငွေရှာတယ်။ ဖခင်တစ်ဦးဟာ ဒီကမ္ဘာမှာ သူ့ဇနီးနှင့် ကလေးတွေလောက် ဘယ်အရာကမှအရေးမကြီးဘူးဆိုတာ နားလည်ပါတယ်။

ဖခင်တစ်ဦးက သူဘယ်လောက်ပဲအလုပ်များနေပါစေ မိသားစုအတွက် အချိန်ပိုပေးမယ့်သူဖြစ်ပါတယ်။ သူ့ဇနီး (သို့) ကလေးတွေလိုအပ်တဲ့အခါတိုင်း သူက သူ့ကိုမှီခိုအားထားနိုင်ကြောင်း အသိပေးပါလိမ့်မယ်။ သဘာဝအားဖြင့် သူက သူ့မိသားစုရဲ့ အနှောင့်အယှက်မှန်သမျှကို ရင်ဆိုင်နိုင်ဖို့လိုအပ်ကြောင်း၊ ခွန်အားနှင့် ယုံကြည်မှုပေးဖို့အတွက် သူတတ်နိုင်သမျှလုပ်ပါလိမ့်မယ်။ သူမကျော်လွှားနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမယ်ဆိုရင်တောင် သူမိသားစုကို ဘယ်တော့မှစွန့်ခွာသွားမှာ မဟုတ်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ မပြည့်စုံတာမှန်ပါတယ်။ သို့ပေမယ့် ဖခင်တစ်ဦးကတော့ သူ့မိသားစုလိုအပ်တဲ့အခါတိုင်း အတူရှိနေပေးဖို့ အမြဲကြိုးစားပါလိမ့်မယ်။

- Advertisement -

ဖခင်တစ်ဦးဟာ အမြဲတမ်းလိုအပ်သော အလျှော့ပေးလိုက်လျောမှုတွေနှင့် စွန့်လွှတ်အနစ်နာခံမှုတွေပြုလုပ်ဖို့ အမြဲတမ်းအသင့်ရှိနေပါလိမ့်မယ်။ သူက သူမိသားစုကို ပျော်ရွှင်စွာ ချစ်မြတ်နိုးတယ်ဆိုတာ သေချာချင်တယ်။ သူ့အနေနဲ့ ပညာပေးခြင်းရဲ့ အခန်းကဏ္ဍလည်း ပါဝင်ပါတယ်။ မိမိတို့ရဲ့ကလေးတွေကို အမြဲပွေ့ဖက်ထားပြီးတော့ သူ့ဘဝရဲ့ အထင်ရှားဆုံးနှင့် အရေးကြီးဆုံးသင်ခန်းစာတွေကို ထုတ်ဖော်ပြောဆိုပါလိမ့်မယ်။ ဒါ့အပြင် ကလေးတွေရဲ့ ဘဝမှာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ကိရိယာတွေ တပ်ဆင်နိုင်ဖို့အတွက် တတ်နိုင်သမျှ ဉာဏ်ပညာတွေပေးပါလိမ့်မယ်။

သူ့မိသားစုကို ဂရုစိုက်ပြီး ကြည့်ရှုစောင့်ရှောက်ဖို့ သူကိုယ်တိုင်ကတိပြုခဲ့တဲ့အတိုင်း သူ့ကိုယ်သူကာကွယ်ဖို့ သူ့မိသားကို ဘယ်တော့မှ စွန့်ခွာသွားမှာမဟုတ်ပါဘူး။ သူက မိသားစုအတွက် ကောင်းကင်ကို မြည်းစမ်းချင်တယ်ဆိုရင်တောင် အခွင့်အရေးပေးနိုင်ဖို့ မိမိကိုယ်ကိုယ်အတွက်တော့ ငရဲကတစ်ဆင့် လိုလိုလားလားတွန်းအားပေးနေပါလိမ့်မယ်။ စစ်မှန်သောဖခင်တစ်ဦးက သူ့မိသားစုအောင်မြင်ကျော်ကြားဖို့အတွက် သူကိုယ်တိုင်ခြေလှမ်းတွေနောက်ဆုတ်ရမယ်ဆိုရင်လည်း တွန့်ဆုတ်မယ့်သူတစ်ယောက်မဟုတ်ပါဘူး။

အရေးကြီးဆုံးကတော့ ဖခင်တစ်ဦးဟာ မိမိတို့ကလေးတွေလိုက်လျှောက်အတုယူဖို့အတွက် အကောင်းဆုံးစံနမူနာရှင်ဖြစ်ပါတယ်။ သူက မိမိသားတွေကို မိန်းမတွေအပေါ်မှာ စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုချစ်ရမယ်ဆိုတာ သင်ပေးပါလိမ့်မယ်။ သူက မိမိသမီးတွေကို မိမိကိုယ်ကိုယ် ဘယ်လိုခုခံကာကွယ်ရမယ်၊ သူမ ယုံကြည်သောအရာတွေအတွက် ဘယ်လိုရပ်တည်ရမယ်ဆိုတာ သင်ကြားပေးပါလိမ့်မယ်။ မည်သို့ဆိုစေ သူ့ရဲ့ သွန်သင်ပြသမှုတွေနဲ့အတူ သူ့ရဲ့စိတ်ဝိညာဥ်တွေက အတူရှိနေပါလိမ့်မယ်။

ဖခင်တစ်ဦးက သူ့ကလေးတွေအတွက် မရှိမဖြစ်လိုအပ်သောစရိုက်တွေနှင့် သူတော်ကောင်းတရားတွေနဲ့ တပ်ဆင်ပေးတတ်သူဖြစ်ပါတယ်။ ဒီလိုဥပမာတွေမှာ ကြင်နာမှု၊ ရိုးသားမှု၊ စိတ်ရှည်မှု၊ နားလည်မှု၊ ရက်ရောမှုနှင့် ချစ်ခင်စုံမက်မှုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီနိယာမတွေကို သူ့ကလေးတွေကို သင်ကြားဖို့ သူကိုယ်တိုင် သတိကြီးစွာကြိုးပမ်းရပါတယ်။ သူက သူတို့လိုက်လျှောက်အတုယူရမယ့် စံနမူနာကောင်းဖြစ်ပြီးတော့ သင်ကြားနေတာကြောင့် ဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

Ref-rerules

LEAVE A REPLY

Please enter your comment!
Please enter your name here