ဖခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍနှင့် သမီးနှင့် သားကို အကျိုးသက်ရောက်ပုံ

0
139
- Advertisement -

ဖခင်တစ်ယောက်က ကလေးဘဝရဲ့အရေးပါဆုံး အခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဖခင်တွေဟာ သားသမီးတွေကို ဘဝသင်ခန်းစာတွေကို သင်ပေးပါတယ်။ အမေတွေက သားသမီးတွေရဲ့ အဓိက မွေးဖွားစောင့်ရှောက်သူတွေဖြစ်ပြီး ဖခင်တွေက မိသားစုကို ရှာဖွေကျွေးမွေးသူတွေ ဖြစ်ကြပါတယ်။ ကျွန်မတို့ ဘဝတစ်သက်တာမှာ ဖခင်တစ်ယောက်ရဲ့ ပါဝင်ပတ်သတ်မှုက ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမှသည် ကျွန်မတို့ရဲ့ သိမြင်မှုစွမ်းရည်တွေအထိ ကျွန်မတို့ရဲ့ စရိုက်တွေပေါ်ကို သက်ရောက်မှုကြီးတစ်ခု ရှိစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဖခင်တစ်ယောက်ရဲ့အခန်းကဏ္ဍ အရေးပါပုံနှင့် သမီးနှင့်သားကို ဘယ်လို အကျိုးသက်ရောက်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ဖခင်တစ်ယောက်ဟာ ကလေးတစ်ယောက်ရဲ့ဘဝမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သလဲ?

ဖခင်ဆိုတာ ပြန်အစားလို့ မရနိုင်ပါဘူး။ မိခင်တွေက အဓိကစောင့်ရှောက်သူတွေ ဖြစ်ပေမယ့်လည်း အထူးသဖြင့် ကလေး လူ့လောကထဲ စရောက်လာတဲ့ နှစ်အနည်းငယ်အတွင်းမှာ ကလေးနှင့်အတူ မပြတ်တောက်နိုင်သော နှောင်ကြိုးတွေ တည်ဆောက်ရာမှာ၊ ကလေးတွေကို ပုံသွင်းရာမှာ ဖခင်တွေက မရှိမဖြစ်လိုအပ်ပါတယ်။ ဖခင်တွေက ကလေးတစ်ယောက်ရဲ့ ယုံကြည်မှုနှင့် စိတ်ခံစားချက် လုံခြုံရေးမှာ လွှမ်းမိုးနိုင်ပါတယ်။

- Advertisement -

လေ့လာမှုတွေအရ ဖခင်တွေရဲ့ပျိုးထောင်မှု၊ ပြုစုစောင့်ရှောက်မှု ခံရတဲ့ ကလေးတွေဟာ ပညာရေးဆိုင်ရာမှာ စွမ်းဆောင်ရည် ပိုကောင်းကြောင်း ဖော်ပြထားပါတယ်။ သူတို့မှာ အိုင်ကျူမြင့်မားပြီး ဘာသာစကားစွမ်းရည်နှင့် သိမြင်မှု ပိုကောင်းပါတယ်။ ဖခင်တွေဟာ ကလေးရဲ့ စိတ်ရှည်မှု၊ စိတ်ဖိစီးမှုအခြေအနေတွေကို ကိုင်တွယ်နိုင်စွမ်းနှင့် ပညာရေးဆိုင်ရာ အောင်မြင်မှုတွေကိုပါ သက်ရောက်မှုရှိပါတယ်။

  • အဖေတွေနဲ့ သမီးတွေ

ဖခင်တစ်ယောက်နဲ့ သမီးတစ်ယောက်အကြား ဆက်နွယ်မှုကို အမြဲတမ်းသတိပြုမိသူ ဘယ်သူမဆို ဒါက ထူးခြားကြောင်း သိကြပါတယ်။ ဘယ်သူမျှ အစားထိုးလို့ မဖြစ်နိုင်တဲ့ အထူးနှောင်ကြိုးဖြစ်ပါတယ်၊ မိန်းကလေးတွေဟာ ဖခင်တွေဆီကနေ လုံခြုံမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရဖို့ မျှော်ကိုးတတ်ကြပါတယ်။

ဖခင်တွေဟာ သမီးတွေရဲ့ အနာဂတ် relationships အတွက် စံပြပုဂ္ဂိုလ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုနှင့် လုံခြုံမှုအတွက် အခြေခံအုတ်မြစ်ချပေးပါတယ်။ ဖခင်တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေရှိရင် သူမရဲ့အနာဂတ်လက်တွဲဖော်ဆီမှာ ဒီလိုအရည်အသွေးတွေကို ရှာဖွေပါလိမ့်မယ်။

  • အဖေတွေနဲ့ သားတွေ

သမီးတွေက အဖေတွေကို ကြည့်ပြီး သူတို့ဖခင်ရဲ့ကာရိုက်တာပေါ် အခြေခံကာ relationships အတွက် နမူနာယူစဉ်မှာ သားတွေကတော့ သူတို့ဖခင်တွေက ဘယ်လိုမျိုးလဲဆိုတဲ့ အပေါ်မှာ အခြေခံပြီး ကိုယ်ပိုင်ကာရိုက်တာ ချမှတ်တတ်ကြပါတယ်။ ဖခင်တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး ချစ်ခင်တွယ်တာမှု၊ ချစ်ခြင်းမေတ္တာရှိပါက သားတစ်ယောက်အနေနဲ့ သူတို့ရဲ့လက်တွဲဖော်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သတ်မှတ်သွားပါတယ်။ အဖေက အမေ့ကို ပြုမှုဆက်ဆံပုံဖြင့်လည်း သားရဲ့ အနာဂတ် ကာရိုက်တာကို လွှမ်းမိုးပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here