မိဘအုပ်ထိန်းရတဲ့အလုပ်က ခက်ခဲပါတယ်နော်။ သင်ဟာ သမီးတစ်ယောက်ဖခင်ဖြစ်ရင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိတဲ့ ဒုက္ခတွေကို မကြာခဏ ရင်ဆိုင်ရပါလိမ့်မယ်။ သမီးရဲ့ အရုပ်မလေးအတွက် လိုက်ဖက်တဲ့ အဝတ်အစား ရွေးချယ်မပေးနိုင်ရင်တောင် သမီးလေးကို သူမဘဝမှာ ပျော်ရွင်စေဖို့ သင်ပေးနိုင်တဲ့ အရေးပါဆုံးအရာတွေ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကိုယ်ကိုနှင့် တစ်ခြားသူတွေကို လေးစားမှုထားခြင်းတွေက သူမချစ်တဲ့ ဖခင်ဆီကနေ သမီးလေး သင်ယူနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်သေးတဲ့ အချိန်မှာ ဖခင်တွေက သမီးတွေကို သင်ပေးနိုင်တဲ့ အရေးပါဆုံးအချက် (၁၀)ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ သူမရဲ့ လှပမှု

ကျွန်မတို့ဟာ ရုပ်လှမှ လူရာဝင်တဲ့ ၊ အရေးပါတဲ့ လောကကြီးမှာ နေထိုင်နေကြရပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သမီးမိန်းကလေးတစ်ယောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေဖို့ ကူညီပေးနိုင်ပါတယ်။။ ဂါဝန်အသစ်လေးနဲ့ သမီးလေးက ဘယ်လိုလှကြောင်း၊ ဆံပင်လေးစည်းထားရင် ဘယ်လိုလှကြောင်း ပြောပေးခြင်းက သမီးရဲ့ self-esteemကို တည်ဆောက်ပေးခြင်းဖြစ်ပါတယ်။ မြင်တွေ့နေရတဲ့ အရာတွေသာ အလှအပ မဟုတ်ကြောင်း ကိုယ့်ရဲ့ အတွင်းမှာလည်း အလှတရားရှိကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက် စိတ်အလှကို မြင်ဖို့လိုကြောင်း သမီးလေးကို ပြောပြဖို့ မမေ့ပါနဲ့နော်။
၂။ သူမက အရေးပါပါတယ်

သမီးလေး ကျောင်းမှာ ဘာသင်တယ်၊ ဘာစာဖတ်တယ်၊ ဘယ်လိုကစားတယ်ဆိုတာ စိတ်ဝင်စားပေးဖို့လိုပါတယ်။ ကျောင်းမှာ အားကစားပဲဖြစ်ဖြစ်၊ ဂီတဖျော်ဖြေပွဲပဲ ဖြစ်ဖြစ် သမီးလေးပါဝင်တဲ့အခါ သွားအားပေးဖို့ လက်လွတ်မခံပါနဲ့။ သမီးရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို မြင်ရဖို့ အဲ့ဒီနေရာမှာ သင်ရှိနေဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ဝါသနာတွေနဲ့ လေ့လာမှုတွေကို စိတ်ဝင်စားပေးတဲ့ ဖေဖေတွေရဲ့ သမီးတွေဟာ လူကြီးတွေဖြစ်လာတဲ့အခါ ပိုပြီးအောင်မြင်လာကြတယ်လို့ စိတ်ပညာရှင်များက ယုံကြည်ကြပါတယ်။
၃။ ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာဖြစ်ပါစေ

ဘာပဲဖြစ်ဖြစ် သမီးကို ဖေဖေတို့က ချစ်ကြောင်း သမီးသိပါစေနော်။ ဘယ်သူမှ အမှားနဲ့ မကင်းကြပါဘူး။ သင့်ကို စိတ်ပျက်စေတဲ့ အမှားတွေ လုပ်မိနိုင်ရင်တောင် သင့်ရဲ့ ချစ်ခြင်းမေတ္တာကို မပြောင်းလဲသင့်ပါဘူး။ ဖခင်ဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ထောက်ပံ့ပေးမှု အလုံအလောက်မရတဲ့ မိန်းကလေးတွေဟာ လက်တွဲဖော်အမျိုးသားကို ဘဝနှောင်းပိုင်းမှ ရှာဖွေနိုင်ခြေ ပိုများတယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ သူတို့ဟာ မလုံခြုံသလို ခံစားရပြီး သူတို့ရဲ့ လက်တွဲဖော်ကို ဆုံးရှုံးမှာကို စိုးရိမ်ကြတယ်လို့ ဆိုပါတယ်။ ဒီစိတ်က သူတို့ကို လင်ယောကျ်ား၊ ရည်စားတွေအပေါ် အလွန်အမင်း သံသယဖြစ်တာ၊ မှီခိုတာတွေ ဖြစ်စေနိုင်ပါတယ်။
၄။ ဘာမဆို သမီးလုပ်နိုင်တယ်

ယောကျ်ားလေးလုပ်ရမယ့်အရာ၊ မိန်းကလေးလုပ်ရမယ့်အရာ မရှိကြောင်း သမီးလေးကို သဘောပေါက်အောင် ကူညီပါ။ တခြားသူပေါ် မှီခိုစရာမလိုဘဲ သူမလုပ်ချင်တယ်ဆိုရင် လုပ်နိုင်တယ်လို့ ယုံကြည်စေပါ။ သူမအရွယ်ရောက်လာတဲ့အခါ ပိုက်ပေါက်တာကအစ တာယာလဲတာအဆုံး ဖခင်တစ်ယောက်အနေနဲ့ သမီးကို သင်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကျောင်းမှာ၊ အလုပ်မှာ၊ နောက်ပိုင်းသူမရဲ့ ပါစင်နယ်ဘဝမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ဖြေရှင်းတတ်အောင် ကူညီပေးနိုင်တဲ့ သူမရဲ့ self-esteem နဲ့ confidence ကိုမြှင့်တင်ပေးပါလိမ့်မယ်။
၅။ လွတ်လပ်တဲ့ မိန်းကလေးတစ်ဦးဖြစ်ပါစေ

ဖခင်တွေက သူတို့ရဲ့ မင်းသမီးလေးကို ကြီးမားတဲ့ လောကဓံဒုက္ခတွေ ရုန်းကန်နေရတာကို ကာကွယ်ပေးလိုကြပါတယ်။ ရွေးချယ်မှုကောင်းတစ်ခုကတော့ ဖခင်ကို အမြဲတမ်းအားကိုးနိုင်ပေမယ့် ကိုယ်ရွေးချယ်တဲ့ အမှားတွေအတွက် ကိုယ့်မှာသာ တာဝန်ရှိတယ်ဆိုတာ သမီးကို သိစေရပါမယ်။ ကိုယ့်ဘဝကိုယ် တာဝန်ယူပြီး သူမရဲ့ လုပ်ရပ်အကျိုးဆက်တွေကို အသိအမှတ်ပြုတတ်အောင် သင်ကြားပေးခြင်းက သူမကို ပျော်ရွင်ပြီး လွတ်လပ်သော လူကြီးတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။
၆။ သူမဟာ အကောင်းဆုံးနဲ့ ထိုက်တန်ပါတယ်

ဒီရိုးရှင်းတဲ့ အမှန်တရားက သမီးလေး အရွယ်ရောက်လာတဲ့ဘဝမှာ ကူညီပေးပါလိမ့်မယ်။ အလုပ်မှာ အဆင်မပြေတဲ့အခါ၊ ဆိုးရွားတဲ့ relationship တစ်ခုနှင့် ကြုံတွေ့ရတဲ့အခါ ငါဒါနဲ့ပဲ ထိုက်တန်လို့ဆိုပြီး အားမလျော့စေချင်ပါဘူး။ သင့်ကိုရိုသေလေးစားပြီး ချစ်မြတ်နိုးတဲ့သူတစ်ယောက်နှင့်အတူ ရှိနေဖို့၊ သင်လုပ်နေတဲ့ အလုပ်ကိုချစ်မြတ်နိုးခြင်းနဲ့ မိသားစုကောင်းရှိခြင်း က ဘာကိုဆိုလိုသလဲဆိုတာကို ဖေဖေတို့ရဲ့ အပြုအမှုဖြင့်ပြသပေးပါ။
၇။ သူမမှာ ငြင်းဆိုပိုင်ခွင့် ရှိပါတယ်
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးပါဝင်တဲ့ သူမရဲ့ ပါစင်နယ်စည်းမျဉ်းကို ကာကွယ်ဖို့ သမီးလေးကို သင်ပေးပါ။ ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုနှင့် အဆင်ပြေမှုကို ကာကွယ်ဖို့ ငြင်းဆိုပိုင်ခွင့်ရှိကြောင်း ရှင်းပြပါ။ သူတို့ကိုယ်သူတို့ ကာကွယ်ခြင်းနှင့် ငြင်းဆိုခြင်းကို သင်ပေးဖို့ လိုအပ်သလို ဥပမာ- သူတို့ဓါတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာတင်မယ်ဆိုပါစို့ ၊ ဒီလိုလုပ်ခြင်းက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို ထိခိုက်မှုရှိမရှိ၊ အဆင်ပြေ/မပြေဆိုတာကို မေးဖို့ စိတ်ပညာရှင်များက မိဘတွေကို အကြံပြုထားပါတယ်။
၈။ သူမဟာ ကိုယ့်ကိုယ်ကို ဂုဏ်ယူရပါမယ်

Good job ၊ သမီးအလိမ္မာလေး စတဲ့ စကားစုများဖြင့် အချိန်တိုင်း ချီးမွမ်းခြင်းက သူတို့ကို တဖြည်းဖြည်း အဓိပ္ပာယ် မဲ့စေပါတယ်။ အဲ့ဒီအစား တိကျတဲ့ အောင်မြင်မှုတွေကို ချီးမြှောက်ခြင်းနှင့် သူမရဲ့ အောင်မြင်မှုတွေကို ဂုဏ်ယူပေးခြင်းဖြင့် သမီးကို ထောက်ပံ့ပါ။ ဒါမှသာ သူမကြီးပြင်းလာတဲ့အခါ အခြားသူတွေရဲ့ ထင်မြင်ချက်တွေ အပေါ် မှီခိုမှာ မဟုတ်ပါဘူး။
၉။ ကျရှုံးခြင်းကို လုံးဝစိတ်မပျက်ဖို့
ရည်မှန်းချက်ပန်းတိုင် မြင့်မြင့်ထားဖို့၊ လုပ်နေတဲ့အရာတိုင်းကို ကြိုးစားအားထုတ်ဖို့ သင်ပေးတာက ကောင်းပေမယ့် တခါတရံမှာ ကျရှုံးမှုတွေ၊ မတိုးတတ်တာတွေရှိတယ်ဆိုတာ သမီးကို နားလည်အောင် ကူညီပေးဖို့ကလည်း အရေးကြီးပါတယ်။ စံနမူနာကောင်းတစ်ခု ပြသပါ။ ရင့်ကျက်သူတစ်ယောက်အဖြစ် ကျရှုံးမှုတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းနိုင်တယ်ဆိုတာ သမီးကို ပြသပါ။
၁၀။ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် လေးစားသင့်ကြောင်း
ဒါက မေမေနဲ့ ဖေဖေ နှစ်ယောက်စလုံးဆီကနေ ကလေးတွေ သင်ယူရမယ့် သင်ခန်းစာ ဖြစ်ပါတယ်။ သမီးလေးက သူမမိဘတွေဟာ ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းဖြင့် ဘယ်ပြဿနာမဆို ဖြေရှင်းနိုင်တယ်ဆိုတာ မြင်လာတဲ့အခါမှာ အမျိုးသား-အမျိုးသမီး အပြန်အလှန် ဆက်ဆံမှုရဲ့ မှန်ကန်တဲ့ ပုံစံကို သူသိလာပါလိမ့်မယ်။ လိင်အခွင့်အရးချိုးဖောက်မှုနှင့် ပတ်သတ်တဲ့ ဟာသတွေ၊ မှတ်ချက်တွေကို ရှောင်ပါ။ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး တွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနှင့် ပတ်သတ်ပြီး ဖေဖေတို့ ဘယ်လိုပြောသလဲ၊ ဘယ်လိုဂရုစိုက်သလဲဆိုတာ သမီးလေးက နားထောင်နေပါတယ်။ ဒါ့ကြောင့် သမီးရှေ့မှာ စံပြယောကျ်ားကောင်းတစ်ယောက်အဖြစ် နေပေးရပါမယ်။
Chit_MayMay
LM_Nandar
ZawGyi
ဖခင္တစ္ေယာက္အေနနဲ႔ သမီးေလးကို သင္ေပးႏိုင္တဲ့ အဖိုးတန္သင္ခန္းစာ (၁၀)ခု
မိဘအုပ္ထိန္းရတဲ့အလုပ္က ခက္ခဲပါတယ္ေနာ္။ သင္ဟာ သမီးတစ္ေယာက္ဖခင္ျဖစ္ရင္ ဘယ္လိုကိုင္တြယ္ရမယ္ဆိုတာ မသိတဲ့ ဒုကၡေတြကို မၾကာခဏ ရင္ဆိုင္ရပါလိမ့္မယ္။ သမီးရဲ႕ အ႐ုပ္မေလးအတြက္ လိုက္ဖက္တဲ့ အဝတ္အစား ေ႐ြးခ်ယ္မေပးႏိုင္ရင္ေတာင္ သမီးေလးကို သူမဘဝမွာ ေပ်ာ္႐ြင္ေစဖို႔ သင္ေပးႏိုင္တဲ့ အေရးပါဆုံးအရာေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈ၊ ယုံၾကည္မႈ၊ ဂုဏ္သိကၡာ၊ ကိုယ့္ကိုယ္ကိုႏွင့္ တစ္ျခားသူေတြကို ေလးစားမႈထားျခင္းေတြက သူမခ်စ္တဲ့ ဖခင္ဆီကေန သမီးေလး သင္ယူႏိုင္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ငယ္႐ြယ္ေသးတဲ့ အခ်ိန္မွာ ဖခင္ေတြက သမီးေတြကို သင္ေပးႏိုင္တဲ့ အေရးပါဆုံးအခ်က္ (၁၀)ခ်က္ကို မွ်ေဝေပးခ်င္ပါတယ္။
၁။ သူမရဲ႕ လွပမႈ
ကြၽန္မတို႔ဟာ ႐ုပ္လွမွ လူရာဝင္တဲ့ ၊ အေရးပါတဲ့ ေလာကႀကီးမွာ ေနထိုင္ေနၾကရပါတယ္။ ဖခင္တစ္ေယာက္အေနနဲ႔ သမီးမိန္းကေလးတစ္ေယာက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈပိုရွိလာေစဖို႔ ကူညီေပးႏိုင္ပါတယ္။။ ဂါဝန္အသစ္ေလးနဲ႔ သမီးေလးက ဘယ္လိုလွေၾကာင္း၊ ဆံပင္ေလးစည္းထားရင္ ဘယ္လိုလွေၾကာင္း ေျပာေပးျခင္းက သမီးရဲ႕ self-esteemကို တည္ေဆာက္ေပးျခင္းျဖစ္ပါတယ္။ ျမင္ေတြ႕ေနရတဲ့ အရာေတြသာ အလွအပ မဟုတ္ေၾကာင္း ကိုယ့္ရဲ႕ အတြင္းမွာလည္း အလွတရားရွိေၾကာင္း၊ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္အလွကို ျမင္ဖို႔လိုေၾကာင္း သမီးေလးကို ေျပာျပဖို႔ မေမ့ပါနဲ႔ေနာ္။
၂။ သူမက အေရးပါပါတယ္
သမီးေလး ေက်ာင္းမွာ ဘာသင္တယ္၊ ဘာစာဖတ္တယ္၊ ဘယ္လိုကစားတယ္ဆိုတာ စိတ္ဝင္စားေပးဖို႔လိုပါတယ္။ ေက်ာင္းမွာ အားကစားပဲျဖစ္ျဖစ္၊ ဂီတေဖ်ာ္ေျဖပြဲပဲ ျဖစ္ျဖစ္ သမီးေလးပါဝင္တဲ့အခါ သြားအားေပးဖို႔ လက္လြတ္မခံပါနဲ႔။ သမီးရဲ႕ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြကို ျမင္ရဖို႔ အဲ့ဒီေနရာမွာ သင္ရွိေနဖို႔ လိုအပ္ပါတယ္။ သူတို႔ရဲ႕ ဝါသနာေတြနဲ႔ ေလ့လာမႈေတြကို စိတ္ဝင္စားေပးတဲ့ ေဖေဖေတြရဲ႕ သမီးေတြဟာ လူႀကီးေတြျဖစ္လာတဲ့အခါ ပိုၿပီးေအာင္ျမင္လာၾကတယ္လို႔ စိတ္ပညာရွင္မ်ားက ယုံၾကည္ၾကပါတယ္။
၃။ ႁခြင္းခ်က္မရွိတဲ့ ခ်စ္ျခင္းေမတၱာျဖစ္ပါေစ
ဘာပဲျဖစ္ျဖစ္ သမီးကို ေဖေဖတို႔က ခ်စ္ေၾကာင္း သမီးသိပါေစေနာ္။ ဘယ္သူမွ အမွားနဲ႔ မကင္းၾကပါဘူး။ သင့္ကို စိတ္ပ်က္ေစတဲ့ အမွားေတြ လုပ္မိႏိုင္ရင္ေတာင္ သင့္ရဲ႕ ခ်စ္ျခင္းေမတၱာကို မေျပာင္းလဲသင့္ပါဘူး။ ဖခင္ဆီကေန ခ်စ္ျခင္းေမတၱာနဲ႔ ေထာက္ပံ့ေပးမႈ အလုံအေလာက္မရတဲ့ မိန္းကေလးေတြဟာ လက္တြဲေဖာ္အမ်ိဳးသားကို ဘဝေႏွာင္းပိုင္းမွ ရွာေဖြႏိုင္ေျခ ပိုမ်ားတယ္လို႔ ကြၽမ္းက်င္သူမ်ားက ယုံၾကည္ၾကပါတယ္။ သူတို႔ဟာ မလုံၿခဳံသလို ခံစားရၿပီး သူတို႔ရဲ႕ လက္တြဲေဖာ္ကို ဆုံးရႈံးမွာကို စိုးရိမ္ၾကတယ္လို႔ ဆိုပါတယ္။ ဒီစိတ္က သူတို႔ကို လင္ေယာက်္ား၊ ရည္စားေတြအေပၚ အလြန္အမင္း သံသယျဖစ္တာ၊ မွီခိုတာေတြ ျဖစ္ေစႏိုင္ပါတယ္။
၄။ ဘာမဆို သမီးလုပ္ႏိုင္တယ္
ေယာက်္ားေလးလုပ္ရမယ့္အရာ၊ မိန္းကေလးလုပ္ရမယ့္အရာ မရွိေၾကာင္း သမီးေလးကို သေဘာေပါက္ေအာင္ ကူညီပါ။ တျခားသူေပၚ မွီခိုစရာမလိုဘဲ သူမလုပ္ခ်င္တယ္ဆိုရင္ လုပ္ႏိုင္တယ္လို႔ ယုံၾကည္ေစပါ။ သူမအ႐ြယ္ေရာက္လာတဲ့အခါ ပိုက္ေပါက္တာကအစ တာယာလဲတာအဆုံး ဖခင္တစ္ေယာက္အေနနဲ႔ သမီးကို သင္ေပးႏိုင္ပါတယ္။ ဒီလိုလုပ္ျခင္းျဖင့္ ေက်ာင္းမွာ၊ အလုပ္မွာ၊ ေနာက္ပိုင္းသူမရဲ႕ ပါစင္နယ္ဘဝမွာ ႀကဳံေတြ႕ရမယ့္ ျပႆနာေတြကို ေျဖရွင္းတတ္ေအာင္ ကူညီေပးႏိုင္တဲ့ သူမရဲ႕ self-esteem နဲ႔ confidence ကိုျမႇင့္တင္ေပးပါလိမ့္မယ္။
၅။ လြတ္လပ္တဲ့ မိန္းကေလးတစ္ဦးျဖစ္ပါေစ
ဖခင္ေတြက သူတို႔ရဲ႕ မင္းသမီးေလးကို ႀကီးမားတဲ့ ေလာကဓံဒုကၡေတြ ႐ုန္းကန္ေနရတာကို ကာကြယ္ေပးလိုၾကပါတယ္။ ေ႐ြးခ်ယ္မႈေကာင္းတစ္ခုကေတာ့ ဖခင္ကို အၿမဲတမ္းအားကိုးႏိုင္ေပမယ့္ ကိုယ္ေ႐ြးခ်ယ္တဲ့ အမွားေတြအတြက္ ကိုယ့္မွာသာ တာဝန္ရွိတယ္ဆိုတာ သမီးကို သိေစရပါမယ္။ ကိုယ့္ဘဝကိုယ္ တာဝန္ယူၿပီး သူမရဲ႕ လုပ္ရပ္အက်ိဳးဆက္ေတြကို အသိအမွတ္ျပဳတတ္ေအာင္ သင္ၾကားေပးျခင္းက သူမကို ေပ်ာ္႐ြင္ၿပီး လြတ္လပ္ေသာ လူႀကီးတစ္ေယာက္ ျဖစ္လာေစပါလိမ့္မယ္။
၆။ သူမဟာ အေကာင္းဆုံးနဲ႔ ထိုက္တန္ပါတယ္
ဒီ႐ိုးရွင္းတဲ့ အမွန္တရားက သမီးေလး အ႐ြယ္ေရာက္လာတဲ့ဘဝမွာ ကူညီေပးပါလိမ့္မယ္။ အလုပ္မွာ အဆင္မေျပတဲ့အခါ၊ ဆိုး႐ြားတဲ့ relationship တစ္ခုႏွင့္ ႀကဳံေတြ႕ရတဲ့အခါ ငါဒါနဲ႔ပဲ ထိုက္တန္လို႔ဆိုၿပီး အားမေလ်ာ့ေစခ်င္ပါဘူး။ သင့္ကို႐ိုေသေလးစားၿပီး ခ်စ္ျမတ္ႏိုးတဲ့သူတစ္ေယာက္ႏွင့္အတူ ရွိေနဖို႔၊ သင္လုပ္ေနတဲ့ အလုပ္ကိုခ်စ္ျမတ္ႏိုးျခင္းနဲ႔ မိသားစုေကာင္းရွိျခင္း က ဘာကိုဆိုလိုသလဲဆိုတာကို ေဖေဖတို႔ရဲ႕ အျပဳအမႈျဖင့္ျပသေပးပါ။
၇။ သူမမွာ ျငင္းဆိုပိုင္ခြင့္ ရွိပါတယ္
႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ ႏွစ္ခုလုံးပါဝင္တဲ့ သူမရဲ႕ ပါစင္နယ္စည္းမ်ဥ္းကို ကာကြယ္ဖို႔ သမီးေလးကို သင္ေပးပါ။ ကိုယ့္ရဲ႕ ေဘးကင္းလုံၿခဳံမႈႏွင့္ အဆင္ေျပမႈကို ကာကြယ္ဖို႔ ျငင္းဆိုပိုင္ခြင့္ရွိေၾကာင္း ရွင္းျပပါ။ သူတို႔ကိုယ္သူတို႔ ကာကြယ္ျခင္းႏွင့္ ျငင္းဆိုျခင္းကို သင္ေပးဖို႔ လိုအပ္သလို ဥပမာ- သူတို႔ဓါတ္ပုံေတြကို ဆိုရွယ္မီဒီယာမွာတင္မယ္ဆိုပါစို႔ ၊ ဒီလိုလုပ္ျခင္းက သူတို႔ရဲ႕ ကိုယ္ေရးကိုယ္တာကို ထိခိုက္မႈရွိမရွိ၊ အဆင္ေျပ/မေျပဆိုတာကို ေမးဖို႔ စိတ္ပညာရွင္မ်ားက မိဘေတြကို အႀကံျပဳထားပါတယ္။
၈။ သူမဟာ ကိုယ့္ကိုယ္ကို ဂုဏ္ယူရပါမယ္
Good job ၊ သမီးအလိမၼာေလး စတဲ့ စကားစုမ်ားျဖင့္ အခ်ိန္တိုင္း ခ်ီးမြမ္းျခင္းက သူတို႔ကို တျဖည္းျဖည္း အဓိပၸာယ္ မဲ့ေစပါတယ္။ အဲ့ဒီအစား တိက်တဲ့ ေအာင္ျမင္မႈေတြကို ခ်ီးေျမႇာက္ျခင္းႏွင့္ သူမရဲ႕ ေအာင္ျမင္မႈေတြကို ဂုဏ္ယူေပးျခင္းျဖင့္ သမီးကို ေထာက္ပံ့ပါ။ ဒါမွသာ သူမႀကီးျပင္းလာတဲ့အခါ အျခားသူေတြရဲ႕ ထင္ျမင္ခ်က္ေတြ အေပၚ မွီခိုမွာ မဟုတ္ပါဘူး။
၉။ က်ရႈံးျခင္းကို လုံးဝစိတ္မပ်က္ဖို႔
ရည္မွန္းခ်က္ပန္းတိုင္ ျမင့္ျမင့္ထားဖို႔၊ လုပ္ေနတဲ့အရာတိုင္းကို ႀကိဳးစားအားထုတ္ဖို႔ သင္ေပးတာက ေကာင္းေပမယ့္ တခါတရံမွာ က်ရႈံးမႈေတြ၊ မတိုးတတ္တာေတြရွိတယ္ဆိုတာ သမီးကို နားလည္ေအာင္ ကူညီေပးဖို႔ကလည္း အေရးႀကီးပါတယ္။ စံနမူနာေကာင္းတစ္ခု ျပသပါ။ ရင့္က်က္သူတစ္ေယာက္အျဖစ္ က်ရႈံးမႈေတြကို ဘယ္လိုရင္ဆိုင္ ေျဖရွင္းႏိုင္တယ္ဆိုတာ သမီးကို ျပသပါ။
၁၀။ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးစားသင့္ေၾကာင္း
ဒါက ေမေမနဲ႔ ေဖေဖ ႏွစ္ေယာက္စလုံးဆီကေန ကေလးေတြ သင္ယူရမယ့္ သင္ခန္းစာ ျဖစ္ပါတယ္။ သမီးေလးက သူမမိဘေတြဟာ ၿငိမ္းခ်မ္းစြာ ေဆြးေႏြးျခင္းျဖင့္ ဘယ္ျပႆနာမဆို ေျဖရွင္းႏိုင္တယ္ဆိုတာ ျမင္လာတဲ့အခါမွာ အမ်ိဳးသား-အမ်ိဳးသမီး အျပန္အလွန္ ဆက္ဆံမႈရဲ႕ မွန္ကန္တဲ့ ပုံစံကို သူသိလာပါလိမ့္မယ္။ လိင္အခြင့္အရးခ်ိဳးေဖာက္မႈႏွင့္ ပတ္သတ္တဲ့ ဟာသေတြ၊ မွတ္ခ်က္ေတြကို ေရွာင္ပါ။ လုပ္ေဖာ္ကိုင္ဖက္ အမ်ိဳးသမီး ေတြ၊ သူငယ္ခ်င္းေတြ၊ ေဆြမ်ိဳးေတြႏွင့္ ပတ္သတ္ၿပီး ေဖေဖတို႔ ဘယ္လိုေျပာသလဲ၊ ဘယ္လိုဂ႐ုစိုက္သလဲဆိုတာ သမီးေလးက နားေထာင္ေနပါတယ္။ ဒါ့ေၾကာင့္ သမီးေရွ႕မွာ စံျပေယာက်္ားေကာင္းတစ္ေယာက္အျဖစ္ ေနေပးရပါမယ္။
Chit_MayMay
LM_Nandar