ဖခင်တိုင်း သားယောကျ်ားလေးတွေကို သင်ကြားပေးသင့်တဲ့ အရာ ၅ခု

0
825
- Advertisement -

ကလေးတွေအတွက် အမေတွေက အရေးကြီးတဲ့ အခန်းကပါတယ်ဆိုတာမှန်ပေမယ့် တချို့ကိစ္စတွေမှာတော့ မိခင်တွေထက်ဖခင်တွေသင်ကြားပေးမှ သားယောကျာ်းလေးတွေအတွက် လုံလောက်တဲ့ဘဝအသိကို ရရှိနိင်တာတွေရှိပါတယ်။ ခုပြောပြချင်တာက ဖခင်တိုင်းသူတို့ သားယောကျာ်းလေးတွေကို သင်ကြားပေးသင့်တဲ့ အရာ၅ခုအကြောင်းပါ

အရှုံးနဲ့အနိုင်အကြောင်းကိုသင်ပေးပါ

အမျိုးမျိုးသောပြိုင်ဆိုင်မှုတွေနဲ့ကြုံတွေ့ရမယ့် ကိုယ့်သားလေးတွေအတွက် အရှုံးနဲ့အနိုင် အကြောင်းတွေသင်ကြားပေးဖို့ ရှင်းပြပေးဖို့လိုပါတယ်။ အဖေဆိုတာကိုယ့်သားတွေအတွက် အကောင်းဆုံးသောလေ့ကျင့်ရေးနည်းပြဆရာတစ်ဦးဖြစ်ပါတယ်။ ဆိုလိုတာက ကလေးတွေနဲ့ ဂိမ်းဆော့ဖို့ပါ။ ပြိုင်ပွဲတစ်ခုကို သားအဖနှစ်ယောက်အတူလုပ်ဖို့ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲတွေကတစ်ဆင့် ကလေးဟာ အောင်ပွဲရဲ့အရသာကို ခံစားရပြီး ဒါကိုရရှိဖို့ဘယ်လို ဘယ်လောက်ကြိုးစားအားထုတ်ရလဲဆိုတာကို နားလည်လာပါလိမ့်မယ်။ အဖေတွေအတွက် အနိုင်ရရှိအောင် ဘယ်လိုကြိုးစားနိုင်ကြောင်းသင်ပေးနိုင်သလို ရှုံးနိမ့်မှုတွေကို ဘယ်လိုရှောင်ရှားနိုင်ကြောင်း ရှင်းပြဖို့ အလွန်ကောင်းတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

ဆိုလိုတာက မြှားပစ်လေ့ကျင့်တယ် ပစ်မှတ်ကိုမထိမချင်းရှုံးနိမ့်နေတယ် နောက်ကျ ပစ်မှတ်ကိုထိတယ်။ ဒီအခါကလေးဟာ အောင်ပွဲရဲ့ အရသာကိုသိသွားပါတယ်။ သူလဲကျရင် ပြန်ထမယ်ဆက်ကြိုးစားရင် ရရမယ်ဆိုတာကိုသိလာပါတော့တယ်။

မိန်းမတွေနဲ့ပက်သက်တဲ့သင်ခန်းစာတွေပေးပါ

အမေတွေကတော့ သားတွေကို အမျိုးသမီးတွေနဲ့ဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ပေးနိုင်ပေမယ့် အဖေတွေကတော့ သူတသက်တာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအဆိုးအကောင်းတွေကို သားတွေကို မျှဝေနိုင်ပါတယ်။ မိန်းမတွေနဲ့ပက်သက်လို့ အရေ းကြီးတဲ့သင်ခန်းစာတွေကိုဖခင်တွေဆီက ရနိုင်ပါတယ်။

သူငယ်ချင်းတွေ အင်တာနက်တွေ မလိုပဲ ဒီလို အခွင့်အရေးကိုဖခင်တိုင်းပေးနိုင်ပါတယ်။ အမေ့အတွက် ပန်းတွေဝယ်ဖို့ သားကိုခေါသွားပါ။ စတိုးဆိုင်ကိုသွားပြီး ငွေရှင်းကောင်တာက အမျိုးသမီးတွေနဲ့ယဉ်ကျေးစွာစကားပြောဆိုပါ။ ဒါဆို ကလေးက အ ကျွမ်းတင်မရှိတဲ့ အမျိုးသမီးတွေနဲ့ စကားပြောဖို့တွန့်ဆုတ်နေတော့မှာမဟုတ်ပါဘူး။

အချစ်အကြောင်း စကားပြောဆိုပါ

အချစ်နဲ့ပက်သက်ပြီး သင့်သားကို လေ့လာခွင့်ပေးပါ။ ဖခင်က သူ့သားကို သူရဲ့ပထမဆုံးအချစ်နဲ့နောက်ဆုံးရက်စွဲများအ ကြောင်းပြောပြပြီး ကိုယ်နဲ့သဟဇတဖြစ်မယ့် ကိုယ့်အပေါတကယ်နားလည်နိုင်မယ့် ဝိညဉ်ဖက်တစ်ယောက်ကိုတွေ့လာနိုင်တဲ့အတွက် အရာရာကို အလျင်စလိုမဖြစ်သင့်ကြောင်းရှင်းပြပါ။ အဲ့ဒီလိုပြောဆိုမှုတွေက အပြန်အလှန်ယုံကြည်မှုအတွက်အလွန်အသုံးဝင်လိမ့်မယ်။

ဘယ်လိုပြန်တိုက်ခိုက်ရမယ်သင်ပေးပါ

ဖခင်တစ်ဦးတည်းသာလျင် သားဖြစ်သူကို ခိုင်မာပြတ်သားဖို့ မိမိကိုယ်တိုင်အတွက်မှန်ကန်ရာကို ရပ်တည်ရဲဖို့ သင်ကြားပေးနိုင်မှာပါ။ ဆိုလိုတာက မမှန်ကန်တာတွကို တိုက်ခိုက်ရဲတဲ့သတ္တိ မှားနေရင်လည်းမှားနေတယ်လို့ဝန်ခံရဲပြီး ပြင်ဆင်ရဲတဲ့သတ္တိစတာတွေကို သင်ကြားပေးဖို့ပါ။ ရန်ဖြစ်ခိုင်းနေတာမဟုတ်ပါဘူးနော်.

လောကကို သူ့အမြင်နဲ့ကြည့်တတ်ဖို့သင်ပေးပါ

အခါအားလျော်စွာ သူနဲ့စကားပြောပါ။ ဆိုလိုတာက ဖြစ်ရပ်တစ်ခုချင်းစီတိုင်းမှာ ရှုထောင့်အမျိုးမျိုးရှိကြောင်းခွဲခြမ်းစိတ်ဖြာတတ်ဖို့နဲ့ အမှန်ကန်အသင့်တော်ဆုံးရှုမြင်ပုံတွေကို သင်ကြားပေးဖို့ပဲဖြစ်ပါတယ်။

Chit_May_May

Mg_Htet

REF_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here