ဖခင်နှင့် သမီးတွေရဲ့ ဆက်ဆံရေးဟာ ပိုမိုကျန်းမာသောလူ့ဘောင်တွေအဖွဲ့အစည်းတွေနှင့် ပိုမိုကျန်းမာသော ကမ္ဘာကြီးတို့ရဲ့ နောက်ကွယ်ကကျော်ရိုးဖြစ်ပါတယ်။ အဖေဆိုတာ ကမ္ဘာကြီးရဲ့ လုပ်ဆောင်ပုံတွေကို သင်ပေးခြင်း၊ သင့်တုန်လှုပ်ချောက်ချားခြင်းနှင့် ပြန်လည်နိုးထလာခြင်းနှင့် မတည်မြဲသောနိယာမတရားတွေကို ရှင်းပြပေမယ့်သူလည်းဖြစ်ပါတယ်။ ဖခင်ဆိုတာ သူတို့သမီးတွေရဲ့ အရာအားလုံဖြစ်ပြီး သမီးတွေအတွက်လည်း ဒီ့ထက်ပိုတဲ့အရာဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ပဲ ဖခင်တိုင်းက စံပြဖခင်တွေမဖြစ်ခဲ့ကြပါဘူး။ လက်တွေ့မှာတော့ ဖခင်နှင့် သမီးတွေရဲ့ ဆက်နွယ်မှုဟာ သမီးရဲ့ ဘဝတစ်လျှောက်လုံးမှာ သက်ရောက်မှုတွေမြောက်များစွာရှိနေပါတယ်။

၁။ ဖခင် ရဲ့ ဒေါသများ
ကလေးဘဝဟာ ဖခင်တစ်ဦးဆီက ထွက်ပေါ်လာတဲ့ ဒေါသနှင့် ပြင်းထန်တဲ့ အမျက်ဒေါသရိုက်ချက်တွေနဲ့ တစ်ချိန်လုံးကြောက်ရွံ့နေခဲ့ပါသလား? သင့်အဖေကို အမှန်တရားကို မပြောခင် သူ့အနေနဲ့ နောက်တစ်ကြိမ်ထပ်ပေါက်ကွဲမှာကို ကြောက်ရွံ့နေခဲ့သလား။ သင့်ရဲ့ အိမ်ကိုရော အမြဲတမ်းကြောက်ရွံ့စိုးရိမ်နေရတဲ့ မိုင်းကွင်းပြင်အဖြစ် သတ်မှတ်ခဲ့ဖူးပါသလား? ဒီအကြောင်းရင်းတွေအားလုံးဟာ ယခုလက်ရှိ သင့်ရဲ့ ဘဝမှာ ကိုယ်ရေးကိုယ်တာဘဝသစ်တစ်ခုတည်ဆောက်ဖို့ အခက်တွေ့နေရခြင်းရဲ့ နောက်ကြောင်းတွေပါပဲ။

၂။ Escapism
အဆိပ်အတောက်ရှိတဲ့ ဖခင်နှင့် ဆက်ဆံရေးပုံစံဟာ ပျက်ကွက်ခြင်းနဲ့ ဆင်တူပေမယ့်လည်း ကွဲပြားမှုတွေရှိပါတယ်။ ဒီလိုဆက်ဆံရေးတွေဟာ နေ့စဉ်ကိုယ့်ကိုယ်ကို လူနေမှုအခြေအနေတွေဘဝတွေကနေ ဝေးကွာသွားစေတဲ့ လွှမ်းမိုးမှုခံစားချက်တွေကို ရရှိစေပါတယ်။ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ဖခင်တွေနဲ့ သမီးတွေအကြား ဆက်သွယ်မှုတွေဟာလည်း လွဲချော်ရှုပ်ထွေးမှုတွေဖြစ်သွားစေပါတယ်။ ခုချိန်မှာ သင်ဟာ ပြဿနာတစ်ခုခုဖြစ်လာတိုင်း အခြေအနေအမှန်ကို ရင်မဆိုင်ရဲဘဲ စိတ်ကူးယဉ်ကမ္ဘာထဲ ထွက်ပြေးတတ်နေတယ်ဆိုရင် ဖခင်နဲ့ တစ်ချို့ဆက်ဆံရေးတွေကြောင့် ဖြစ်နိုင်ပါတယ်။

၃။ မိမိကိုယ်ကိုယ်ယုံကြည်မှုနှင့် တာဖိုးထားခြင်း
ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် တန်ဖိုးထားမှုဟာ မိဘတွေရင် ‘သမီး/သား လုပ်နိုင်တယ်’ ‘ သား/သမီး အဆင်ပြေတယ်’ ဆိုတဲ့ စကားလုံးတွေကနေ လာတာဖြစ်ပါတယ်။ အထူးသဖြင့် အဖေတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ပြုမူတတ်သူဖြစ်တယ်ဆိုတာ စံပြအဖြစ် ပြသနေရမှာဖြစ်ပါတယ်။ ကတိတည်ခြင်း၊ ကလေးရဲ့ ဘယ်အရွယ်မှာမဆို လေးစားမှုပေးခြင်းတို့ဟာ ဖခင်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဋတွေဖြစ်ပါတယ်။ သို့မှသာ ကလေးတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားတတ်လာမှာပါ။

၄။ လိင်ပိုင်းဆိုင်ရာ၊ ယောင်္ကျားပီသခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး
လူမှုရေးဖိအားပေးမှုနှင့် လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဖခင်တွေရဲ့ ပုံသဏ္ဋာန်တွေနဲ့ ပုဂ္ဂိုလ်ရေးပေါင်းသင်းဆက်ဆံမှုတွေက စံပြအဖြစ် အဓိကအခန်းကဏ္ဋကနေ ပါဝင်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ကျန်းမာတဲ့ သင်ခန်းစာတွေရရှိစေချင်တယ်ဆိုရင် လူကြီးလူကောင်းတစ်ယောက်ရဲ့ ပုံသဏ္ဋာန်ကို ဖော်ဆောင်ထားပါ။
၅။ ဆက်ဆံရေးနှင့် အိမ်ထောင်ရေး

လက်ထပ်ထိမ်းမြားခြင်းဟာ ကျွန်မတို့ရဲ့ ဘဝမှာ အခက်ခဲဆုံးသော ကတိတစ်ခုဖြစ်တယ်ဆိုတာ လူအနည်းငယ်သာနားလည်ကြပါတယ်။ လူအများစုက ကနဦးရင်ခုန်စရာချစ်ခြင်းမေတ္တာကို အောင်မြင်သော ရေရည်လက်ထပ်ထိမ်းမြားမှုအဖြစ် ပြောင်းလဲဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုမျိုးဆုံးဖြတ်ချက်တွေ မရှိသလောက်ပါပဲ။ မိတ်ဖက်တွေအနေနဲ့ မလွဲမရှောင်သာပြဿနာတွေကို ကျော်လွှားကြရပါတယ်။ သို့မှလည်း ကတိကဝတ်နှင့် ချစ်ခြင်းမေတ္တာဟာ တိုးပွားလာမှာဖြစ်ပါတယ်။ ပျော်ရွှင်စွာ လက်ထပ်သည်ဖြစ်စေ၊ စိတ်ဆင်းရဲစွာ တွယ်တာမိသည်ဖြစ်စေ မိဘတွေအနေနဲ့ ကလေးတွေအတွက် စံပြအိမ်ထောင်ရေးမျိုး ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။ ဘယ်လိုပြဿနာတွေမှာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန်ကိုင်တွယ်ဆုံးဖြတ်နိုင်တဲ့ ဖခင်တစ်ယောက်အဖြစ် စံနမူနာဖြစ်သင့်ပါတယ်။
Chit_May_May
Nyein_Thu
Ref – elisabettafranzoso