ဖခင်နှင့် သမီးလေးတွေအကြားက လှပသော မေတ္တာနှောင်ကြိုးနဲ့ ဖခင်တစ်ယောက်ရဲ့ လွှမ်းမိုးမှုအဆင့် (၃)ဆင့်

0
293
- Advertisement -

စီစီလီယာဟာ အခန်းတံခါး ဖန်အပေါက်ငယ်မှတဆင့် အထဲကို ချောင်းပြီးကြည့်နေခဲ့တယ်။ အခန်းထဲမှာ ဆေးထိုးအပ်တွေ၊ ဆေးပိုက်တွေ တန်းလန်းနဲ့ သတိလစ်မေ့မျောနေတဲ့ သူမရဲ့ဖခင်ရှိနေပါတယ်။ သူဟာ မကျန်းမာသူဖြစ်ပြီး ICU မှာတင်ထားရတဲ့အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ သူမဖခင်ကို မြင်ပြီး စီစီလီယာရဲ့အတွေးတွေက အတိတ်ကိုပြန်ရောက်သွားပါတယ်။ သူမရဲ့ဖခင်ဟာ ခွန်အားပြည့်ဝတဲ့ လူတစ်ယောက်လို့ သူမအမြဲတမ်းသိထားခဲ့တယ်။ သူမဘဝကို အဆင်ပြေချောမွေ့စေဖို့ အတားအဆီးတိုင်းကို တိုက်ထုတ်ပေးခဲ့တယ်။ သူက သူမအတွက် စူပါဟီးရိုးတစ်ယောက်ဖြစ်ခဲ့ပြီး သူမကို ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဘူး။ သူဟာ ဒီအချိန်မှာလည်းပဲ စိတ်ပျက်လိမ့်မှာ မဟုတ်ဘူးလို့ သူမမျှော်လင့်နေခဲ့ပါတယ်။

သမီးတွေအတွက် သူတို့ဖခင်တွေ မလုပ်ပေးနိုင်တဲ့အရာဟာ ဒီကမ္ဘာပေါ်မှာ ဘာမှမရှိပါဘူး။ သမီးနှင့် ဖခင်အကြားက ချစ်ခြင်းမေတ္တာနှောင်ကြိုးဟာ ပဥ္စလက်ဆန်ပါတယ်။ အဆိုပါနှောင်ကြိုးက သူမရဲ့ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ကူညီပေးပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ သမီးဖြစ်သူနှင့် ဖခင်အကြားက ချစ်ခြင်းမေတ္တာနှောင်ကြိုးအကြောင်းနှင့် သမီးမိန်းကလေးတစ်ယောက်ရဲ့ ဘဝအဆင့်ဆင့်မှာ ဖခင်တစ်ယောက်ရဲ့ လွှမ်းမိုးမှုအကြောင်းကို မျှဝေပေးချင်ပါတယ်။

ဖခင်နှင့်သမီးရဲ့ ဆက်ဆံရေးဟာ ဘာ့ကြောင့်အရေးကြီးရတယ်ဆိုတဲ့ အကြောင်းရင်း (၅)ချက်

ဖခင်နှင့် စိတ်ပိုင်းဆိုင်ရာတွယ်တာမှုက မိန်းကလေးတွေရဲ့ ဘဝတစ်လျှောက်လုံးကို အကျိုးပြုပါတယ်။

၁။ ဖခင်တွေဟာ သမီးတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူတို့က ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုနှင့် လုံခြုံမှုအတွက် အခြေခံအုတ်မြစ်ချပေးပါတယ်။

၂။ သူမရဲ့ဘဝထဲကို ဝင်ရောက်လာမယ့် တခြားအမျိုးသားတစ်ယောက်ကို အကဲဖြတ်ခြင်းအားဖြင့် ဖခင်တစ်ယောက်ဟာ သမီးတွေအတွက် စံနှုန်းချမှတ်ပေးပါတယ်။

၃။ ဖခင်နှင့် သမီးရဲ့ ရင်းနှီးသော နှောင်ကြိုးဟာ သမီးအတွက် မိမိကိုယ်ကို လေးစားမှုနှင့် ယုံကြည်မှုကို တိုးပွားစေပါတယ်။

၄။ ပညာရေးမှာ ဖခင်တွေ ပါဝင်ပေးခြင်းခံရတဲ့ မိန်းကလေးတွေဟာ ပါဝင်ပေးခြင်းမခံရတဲ့ မိန်းကလေးတွေထက် ပိုတော်လေ့ရှိကြပါတယ်။

၅။ အစောပိုင်းနှစ်တွေမှာ ဖခင်တစ်ယောက်ရဲ့ လွှမ်းမိုးမှုက သမီးဖြစ်သူကို ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းရရှိစေဖို့ ကူညီပေးပါတယ်။ သူတို့ဟာ ပိုအောင်မြင်တဲ့သူတွေ ဖြစ်လာကြပါတယ်။

သမီးမိန်းကလေးရဲ့ဘဝအဆင့်သုံးဆင့်မှာ ဖခင်ရဲ့ လွှမ်းမိုးမှု

ဖခင်-သမီးဆက်ဆံရေးတိုင်းဟာ ဘဝအဆင့်သုံးဆင့်ကို ဖြတ်သန်းသွားရပါတယ်။ အချို့က လွယ်ကူပြီး ပျော်စရာကောင်းပေမယ့် တစ်ချို့က ခက်ခဲပါတယ်။

ပထမအဆင့်- သူရဲကောင်းဖခင်ရဲ့ မင်းသမီးလေးအဖြစ် သိကြတဲ့ ပထမအဆင့်ဟာ လွယ်ကူပြီး ပျော်စရာကောင်းတဲ့အဆင့်ဖြစ်ပါတယ်။ အဖေက စူပါဟီးရိုးကြီးတစ်ယောက်ဖြစ်ပြီး သမီးက ချစ်စရာကောင်းတဲ့ မင်းသမီးလေးပေါ့။ ဒီနေရာမှာ ဖခင်က သမီးဖြစ်သူအပေါ် ဘယ်လို သြဇာသက်ရောက်သလဲဆိုတော့

၁။ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံဖြိုးတိုးတတ်မှု

မိန်းကလေးတွေရဲ့ဘဝအစောပိုင်းအဆင့်တွေမှာ ဖခင်ရဲ့ပါဝင်မှုက သူမရဲ့စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတတ်မှုအတွက် အထောက်အကူပြုပါတယ်။ လေ့လာမှုအရ ဖခင်တွေနဲ့ လုံခြုံစွာချိတ်ဆက်ထားတဲ့ ကလေးငယ်တွေဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုကောင်းမွန်ကြောင်းပြသခဲ့ပါတယ်။ အိမ်မှာ ဖခင်တွေရှိနေခြင်းနှင့်အတူ ကျောင်းစိတ်ဖိစီးမှုတွေကို ပိုမိုကောင်းမွန်စွာ စီမံနိုင်ကြပါတယ်။ သမီးတွေဟာ ဖခင်ရဲ့နွေးထွေးမှုနှင့် ချစ်ခြင်မှုနှင့်အတူ ပညာရေးအောင်မြင်မှု ရရှိကြပါတယ်။ တကယ်လို့ သမီးတွေဟာ ဖခင်နှင့် နီးကပ်လျှင် စိုးရိမ်ပူပန်မှုနှင့် လက်လျော့တဲ့ အပြုအမှုနည်းပါတယ်။

စိတ်ပညာရှင်တွေက ဖခင်နှင့် သမီးတွေရဲ့ ဆက်ဆံရေးကို နောက်ပိုင်းအဆင့်တွေမှာ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုရဲ့ အရေးကြီးသောအရာအဖြစ် အာရုံစူးစိုက်ခဲ့ကြပါတယ်။ ဖခင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာတွယ်တာမှုရှိခြင်းက သူတို့ဘဝတစ်လျှောက်လုံးကို အကျိုးပြုပါတယ်။

အကြီးစားလေ့လာမှုအရ ပထမငါးနှစ်တာကာလအတွင်းမှာ ဖခင်မရှိသော မိန်းကလေးတွေဟာ အသက် ၅နှစ်မှ ၁၀နှစ်အတွင်း ဖခင်ရဲ့ထားခဲ့ခံရသော မိန်းကလေးတွေနှင့် နှိုင်းယှဉ်ရင် ဆယ်ကျော်သက်အရွယ်မှာ စိတ်ဓါတ်ကျဖွယ်ရှိကြောင်း ပြသခဲ့ပါတယ်။ စိတ်ဒဏ်ရာပြင်းထန်ရင် သမီးတွေဟာ ယုံကြည်မှု ပြဿနာတွေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနိမ့်ကျတာ ရှိလာနိုင်ပါတယ်။

၂။ လုံခြုံမှုအသိ

အိမ်မှာ ယောကျ်ားသားတစ်ယောက်ရှိရင် ထိုမိသားစုအတွက် အားကိုးစရာနှင့် အင်အားတွေ ရရှိစေပါတယ်။လုံခြုံမှုက မိန်းကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ တကယ်လို့ သူမအနေနဲ့ ဒီကာကွယ်မှုမျိုး ရရှိခဲ့ရင် အတော်လေးလုံခြုံသော ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်စေပါတယ်။ သူမအတွက် အဟန့်အတားကင်းပြီး ၎င်းက မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ ကူညီနိုင်ပါတယ်။

ဒုတိယအဆင့်- ဆယ်ကျော်သက်ရွယ်မှာ ဖခင်တစ်ယောက်ရဲ့ သြဇာလွှမ်းမိုးမှု

ဒီအဆင့်ကို ဖခင်- ဆယ်ကျော်သက်သမီး အဆင့်လို့သိကြပါတယ်။ သင့်သမီးလေးက သင်ပြောသမျှကို မျက်လုံးလှန်ပြီး ကြည့်နေလိမ့်မှာဖြစ်တာကြောင့် ဖခင်တစ်ယောက်အနေနဲ့ ဒုတိယအဆင့်ကို သိပ်ပျော်မှာ မဟုတ်ပါဘူး။

ဒီအဆင့်က သူမရဲ့ ၁၁နှစ်မြောက်မွေးနေ့မှ ၁၂နှစ်မြောက်မွေးနေ့အထိဖြစ်ပါတယ်။ ဒုတိယအဆင့်က ရှုပ်ထွေးသော်လည်း အရေးကြီးတာက သူမဟာ မိမိကိုယ်ကိုနှင့် လောကကြီးကို စူးစမ်းရှာဖွေနေတာကြောင့် အရေးကြီးပါတယ်။ ဖခင်တွေဟာ သမီးလေးတွေရဲ့ ပြောကောင်းဆိုကောင်းတဲ့ ငယ်ဘဝလေးကို သာ နှစ်သက်ကြပေမယ့် ဒီအချိန်ဟာ သူမရဲ့self-esteem ကိုမြှင့်တင်ပေးဖို့ အချိန်ကောင်းပါပဲ။

မဝေးတော့သော အနာဂတ်မှာ သူမရင်ဆိုင်ရမယ့် လောကကြီးနှင့် ပတ်သတ်ပြီး သူမကို သင်ကြားပေးပါ။ ဖခင်တစ်ယောက်ဟာ ဆယ်ကျော်သက်သမီးငယ်လေးအား သူမရဲ့ပြောင်းလဲနေတဲ့ ခန္ဓာကိုယ်၊ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စရိုက်တွေကို ဘယ်လိုလမ်းညွှန်ပေးနေလဲဆိုတာ ဒီနေရာမှာ တွေ့နိုင်ပါတယ်။

၃။ ကိုယ်ကျင့်တရားလမ်းညွှန်မှု

မိဘတွေရဲ့ ပြောဆိုဆက်ဆံမှုနှင့် ဆက်နွယ်မှုဟာ မိန်းကလေးတွေကို ပညာရှိသော ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပါလိမ့်မယ်။ မြီးကောင်ပေါက်အရွယ်ဆိုတာ မကောင်းတဲ့ သြဇာလွှမ်းမိုးမှု ခံကြရတဲ့အရွယ်ဖြစ်ပါတယ်။ အချို့က လက်မထပ်ရသေးခင် လိင်ဆက်ဆံမှုကို စတင်စမ်းသပ်လာကြပြီး မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားခြင်းကို စတင်ကျင့်သုံးလာကြပါတယ်။ ဖခင်ရဲ့ ဂရုစိုက်မှု၊ မေတ္တာအပြည့်အဝရရှိမှုဟာ တည်ငြိမ်မှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်မှုတွေကို ပေးပါတယ်။

၄။ ခန္ဓာကိုယ်ပုံရိပ်

ကနေဒါမှာ ပြုလုပ်ခဲံတဲ့ လေ့လာမှုမှာ ဖခင်နှင့်ကောင်းမွန်သောဆက်ဆံရေးရှိတဲ့ သမီးတွေဟာ ခန္ဓာကိုယ်မကျေနပ်မှု၊ စိတ်ဓါတ်ကျမှုနှင့် မိမိကိုယ်ကို လေးစားမှု နိမ့်ပါးခြင်း လျော့နည်းကြောင်း တွေ့ရှိရပါတယ်။ သူတို့ဟာ ကောင်းမွန်သော အစာစားခြင်းအလေ့အထ ဖွံ့ဖြိုးနိုင်ပါတယ်။ ထို့အပြင် မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ပုံပန်းသဏ္ဍန်ကို ဖခင်ဖြစ်သူ သဘောကျပါက ဝသည်ဖြစ်စေ/ပိန်သည်ဖြစ်စေ သူမရဲ့ ကိုယ်ခန္ဓာပုံပန်းသဏ္ဍန်ကို ယုံကြည်စိတ်ချမှုရှိစေပါတယ်။

၅။ Confidence

ဖခင်တွေရဲ့ပါဝင်မှုက သမီးတွေရဲ့ မိမိကိုယ်ကိုယုံကြည်မှုမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ သမီးငယ်လေးတွေကို ချစ်မြတ်နိုးတဲ့ ဖခင်တွေဟာ သူတို့ကို တန်ဖိုးရှိတယ်လို့ ခံစားရစေပါတယ်။ ဖခင်တွေက သူတို့ကို လျစ်လျူရှုပြီး ကြမ်းတမ်းစွာ ဆက်ဆံမယ်ဆိုရင် မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနိမ့်ကျပြီး ကိုယ့်ကိုယ်ကို သံသယဝင်နိုင်ပါတယ်။ ဖခင်မရှိခြင်း(သို့) ဖခင်နှင့်အတူ ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်းမရှိခြင်းက မိန်းကလေးငယ်တွေအတွက် self-esteem နိမ့်ကျစေပါတယ်။

၆။ ပညာရေး

အမေရိကန်ပညာရေးဌာနမှ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ပညာရေးမှာ တတ်ကြွစွာ ပါဝင်လုပ်ဆောင်ပေးတဲ့ ဖခင်ရဲ့ သမီးတွေဟာ ဖခင်ရဲ့ ဂရုစိုက်မှုမရခဲ့ဘူးတဲ့ မိန်းကလေးတွေထက် ပွင့်လင်းကြောင်းတွေ့ရပါတယ်။ သူတို့မှာ နှုတ်ရေးကျွမ်းကျင်မှုနှင့် ဉာဏ်ရည်လည်ပတ်မှု ရှိခဲ့ကြပါတယ်။

သမီးတွေရဲ့ဘဝမှာ ဖခင်မရှိခြင်းက သင်ယူခြင်းမှာ အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ အဖေမရှိ(သို့) မပါဝင်သောဖခင်တွေရဲ့ သမီးတွေတဟာ ကျောင်းမှာ လုပ်ဆောင်မှု ညံ့ဖျင်းတာတွေ ဖြစ်လေ့ရှိပါတယ်။

တတိယအဆင့်- လူကြီးဘဝမှာ ဖခင်ရဲ့ သြဇာလွှမ်းမိုးမှု

ဒါက တစ်လောကလုံးမှာ အကြီးမြတ်ဆုံး ဖခင်နှင့် အရွယ်ရောက်သမီးအဆင့်အဖြစ်သိကြတဲ့ အကောင်းဆုံးအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး communicate ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ဖခင်တစ်ယောက်ဟာ သမီးမိန်းကလေးရဲ့ ဘဝကို ချစ်ခြင်းမေတ္တာနှင့် လက်ထပ်ထိမ်းမြားမှုမှာ လမ်းညွှန်သင့်ပါတယ်။

၇။ အသက်မွေးဝမ်းကျောင်းအလုပ်

အဖေက သမီးမိန်းကလေးတွေကို ယုတ္တိရှိရှိ တွေးခေါ်တတ်အောင် ကူညီပေးပါတယ်။ ပြဿနာတွေကို ဖြေရှင်းလာနို်ငပါတယ်။ ယှဉ်ပြိုင်လာနိနိုင်လာပါတယ်။ ရည်မှန်းချက်ကို ဦးစားပေးဖြစ်လာနို်ငပါတယ်။ ဖခင်တစ်ယောက်က သမီးမိန်းကလေးတွေကို မိမိကိုယ်ကိုယုံကြည်မှုရှိစေဖို့ ကူညီပေးပြီး သူမရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အားပေးပါတယ်။

၈။ အချစ်ရေး

သမီးတွေဟာ ဖခင်တွေရဲ့အပြုအမှုနှင့် လုပ်ရပ်တွေကို လေ့လာခြင်းအားဖြင့် အချစ်ရေးကို ဘယ်လိုရှာဖွေရမယ်ဆိုတာ လေ့လာကြပါတယ်။ စမ်းသပ်မှုများမှာ သမီးတစ်ယောက်ဟာ ဖခင်နှင့် ကျန်းမာသန်စွမ်းပြီး ချစ်ခင်ရင်းနှီးမှုရှိပါက နောက်ပိုင်းမှာ ဂရုစိုက်တတ်သော၊ ချစ်မြတ်နိုးရသော ချစ်သူ(သို့) အိမ်ထောင်ဖက်ကို ရှာဖွေဖို့ ပိုလွယ်ကူကြောင်း သက်သေပြခဲ့ပါတယ်။

ဖခင်တစ်ယောက်ဟာ သူ့သမီးအတွက် စံသတ်မှတ်ချက်တစ်ခု ချမှတ်ပေးပြီး သမီးတွေဟာ ထိုစံနှုန်းပေါ်အခြေခံပြီး အမျိုးသားတွေကို အကဲဖြတ်ပါတယ်။ ပျော်ရွင်သောအိမ်ထောင်ရေးဟာ နွေးထွေးလုံခြုံသော ကလေး-မိဘဆက်ဆံရေးနှင့် ဆက်စပ်နေပါတယ်။ မိဘတွေမှာ အိမ်ထောင်ရေးပြဿနာများရှိပါက မိန်းကလေးတစ်ယောက်ဟာ စိုးရိမ်ပူပန်တာ၊ လုံခြုံမှုကင်းမဲ့တာ ဖြစ်လာလေ့ရှိတတ်ပါတယ်။

၉။ စိတ်ဖိစီးမှုကိုင်တွယ်ခြင်း

အရွယ်ရောက်သူတွေအနေဖြင့် စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာနဲ့ သမီးတွေ ကြီးပြင်းလာတဲ့အဆင့်မှာ ဖခင်နှင့် အတူရှိတဲ့ နှောင်ကြိုးအမျိုးအစားအကြား ဆက်နွယ်မှုရှိပါတယ်။ ဖခင်နှင့် ကောင်းမွန်သောဆက်ဆံရေး မရှိသော အမျိုးသမီးတစ်ယောက်ဟာ နံနက်ပိုင်း Cortisol ပုံမှန်ထက်နိမ့်ကျပါတယ်။

Cortisol ကိုစိတ်ဖိစီးမှုဟော်မုန်းလို့လည်း သိကြပါတယ်။ ကော်တီဇုန်ပမာဏ နည်းပါးခြင်းက လူတစ်ယောက်အား စိတ်ဖိစီးမှုများစေပြီး ဖိစီးမှုများတဲ့အခြေအနေတွေမှာ အလွန်အမင်း ဓါတ်ပြုခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဖခင်နှင့်သမီးအကြား နွေးထွေးသော ဆက်ဆံရေးက ကော်တီဇုန်အဆင့်ကို နိမ့်ကျစေပါတယ်။

ယခုဆိုရင် သမီးတွေရဲ့ ဘဝမှာ ဖခင်တစ်ယောက်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါကြောင်း သိသွားပြီလို့ထင်ပါတယ်။ ဒါ့ကြောင့် ဖခင်တွေအနေနဲ့ ဖခင်နှင့် သမီးတွေအကြားက ချစ်ခြင်းမေတ္တာကို လျစ်လျူမရှုသင့်သလို သမီးတွေအနေနဲ့လည်း ဖခင်အပေါ် တန်ဖိုးထားလေးစားစေချင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here