ဖုန်း၊ကွန်ပြူတာ၊ နည်းပညာကရိယာများနဲ့ ကလေးတွေအတွက် ဆိုးဝါးတဲ့မျက်လုံးပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ

0
853
- Advertisement -

နည်းပညာခေတ်ဖြစ်တဲ့အတွက် ဖုန်းတွေ တီဗီတွေ ကွန်ပြူတာက နေရာတိုင်းလိုလိုမှာ ခေတ်စားအရေးပါလာပါတယ်။ နည်းပညာပစ္စည်းတွေပေါများလာသလို ဒီပစ္စည်းတွေကို, အသုံးပြုသူတွေလည်းများလာပါတယ်။ ဒီအသုံးပြူသူတွေထဲမှာ ငယ်ရွယ်လွန်းတဲ့ကလေးငယ်လေးတွေတောင်ပါနေနိုင်ပါတယ်။ ဒီလိုကလေးတွေကို ဖုန်းတွေ ကွန်ပြူတာတွေ ကြိုက်သလိုသုံးဖို့လွတ်ထားပေးခြင်းက ဘယ်လိုကြီးမားတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်စေလဲ ဒါတွေကိုဘယ်လိုကန့်သတ်နိုင်မလဲဆိုတာလေးပြောပြချင်ပါတယ်။

မျက်လုံးပြဿနာများဖြစ်လာစေတယ်

ဖုန်းတွေ ကွန်ပြူတာတွေ အလွန်အကျွံအသုံးပြုခြင်းကြောင့် ကလေးတွေမျက်လုံးကို အမှန်တကယ် ထိခိုက်စေနိုင်ပါတယ်။ အရမ်းငယ်သေးတဲ့ကလေးတွေကို မထိန်းရပီးရောဆိုပြီး ဖုန်းတစ်လုံးပေးပြီး လွတ်ပေးထားမိရင် ကြည့်နေတဲ့အချိန်လေးက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ကလေးတွေရဲ့မျက်လုံးဟာ အရမ်းနုနယ်လွန်းတဲ့အတွက် မျက်ရည်ကျတာတွေ အမြင်ဝေဝါးတာတွေဖြစ်လာနိုင်ပါတယ်။

- Advertisement -

ကလေးတွေကိုအိမ်ထဲမှာနေဖို့ ဒီဖုန်းတွေကွန်ပြူတာာတွေကထိန်းကျောင်းနိုင်တယ်ဆိုပေမယ့် အကြည့်များလာရင် မျက်လုံးအနီးမှုန်လေးတွေဖြစ်လာနိုင်ပါတယ်။


ကလေးတွေကို သဘာဝအလင်းရောင်နဲ့ထိတွေ့စေခြင်းက မျက်လုံးဖွံဖြိုးမှုကိုဖြစ်စေပါတယ်။ ကလေးတွေကိုအပြင်ဘက်မှာကစားခိုင်းခြင်းက ကျန်းမာရေးအတွက်သာမက မျက်လုံးအားကောင်းတာကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ သုတေသနတွေအရ ဖုန်းတွေ ကွန်ပြူတာတွေကြောင့်မျက်လုံးထိခိုက်လာတဲ့ကလေးတွေ နေ့တိုင်းတိုးပွားနေတယ်လို့ဆိုပါတယ်။ ရေတိုမှာ မသိသာသေးပေမယ် နောက်ပိုင်းကျရင် ဆိုးဝါးတဲ့အမြင်အာရုံဝေဝါးမှုတွေအထိဖြစ်လာနိုင်ပါတယ်။

မျက်စိပင်ပန်းအားနည်းလာမယ်

ဒုတိယပြဿနာတော့ Screenကအလင်းတွေကြောင့် ဒီဖုန်းမှာ မျက်လုံးကို အာရုံစိုက်ရတာတွေများလာတဲ့အခါ မျက်လုံးက အားနည်း ပင်ပန်းလာပါတယ်။ ဒါကြောင့် Screen Time ကိုကန့်သတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မျက်လုံးကိုအနားပေးဖို့လိုပါတယ်။ မျက်လုံးပင်ပန်းအားနည်းလာတဲ့အခါ မျက်ရည်ကျတာတွေ အမြင်တွေ ဝါးနေတာတွေဖြစ်တတ်ပါတယ်။

မျက်လုံးတွေခြောက်သွေ့လာမယ်

စကရင်တွေကို ကြည့်တာများလာရင် မျက်လုံးကိုခြောက်သွေ့လာစေပြီး ယားယံတာတွေဖြစ်စေတတ်ပါတယ်။ ဒါက ကလေးမှမဟုတ်ပဲ စကရင် အကြည့်မျာားသူတိုင်း မျက်လုံးများခြောက်ခန်းသွားခြင်းပြဿနာဖြစ်လေ့ရှိကြပါတယ်။ မျက်လုံးခန်းခြောက်သွားခြင်းက ကြည်လင်ပြတ်သားသောအမြင်အာရုံတွေကို ဆုံးရှုံးသွားရပါတယ်။ အရွယ်ရောက်သူတွေထက် ငယ်သေးတဲ့က လေးတွေမှာ ဒီပြဿနာကပိုဆိုးနိုင်ပါတယ်။

အိပ်စက်ခြင်းပြဿနာဖြစ်လာမယ်

ဖုန်း တီဗီ အကြည့်များတဲ့ကလေးတွေမှာ နောက်ထပ်ပြဿနာတစ်ခုကတော့ အိပ်စက်ခြင်းပါပဲ။ အိပ်ချိန်တွေမမှန်တော့တာမျိုးတွေဖြစ်လာနိုင်တဲ့အတွက် ဒါက ဦးနှောက်ဖွံဖြိုးမှုကိုပါ သွားထိခိုက်စေပါတယ်။ ကျန်းမာရေးကိုလည်း ချို့ယွင်းစေပြီး မှတ်ညဏ်ပိုင်းဆိုင်ရာကိုပါသွားထိခိုက်စေနိုင်ပါတယ်။

.ဘယ်လိုပြန်ထိန်းကျောင်းမလဲ

ကလေးကို မထိန်းရ ငြိမ်နေရင်ပီးရောဖုန်းတွေကွန်ပြူတာတွေပေးပြီး ပစ်မထားပါနဲ့။ သင်ကိုယ်တိုင် အနီးကပ်စောင့်ကြပ်ပီး အချိန်တစ်ခုကန့်သတ်ပါ။ ဂိမ်းအရမ်းဆော့တတ်သူဆိုလည်း ဘယ်အချိန်ကဘယ်အချိန်ထိပဲဆိုတာ ကန့်သတ်ပေးပါ။ နောက် အပြင်မှာကစားချိန်ပေးပါ။ ပုံမှန်အိပ်ရာဝင်တတ်တဲ့အလေ့အထကို ပျိုးထောင်ပေးပါ။

မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးပါ

သုတေသီတွေကတော့ ဖုန်း ကွန်ပြူတာအကြည့်များတဲ့ကလေးတွေကို အချိန်ကန့်သတ်ပြီး မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးသင့်တယ်လို့ အကြံပြုပါတယ်။ ဆိုလိုတာက Screenကို မိနစ် ၂၀လောက်ကြည့်ပြီးတိုင်း အဝေးကမြင်ကွင်းတစ်ခုခုကို စက္ကန့် ၂၀လောက်ကြည့်ပေးဖို့ပါ.

ဖြစ်နိုင်ရင် ပေ၂၀ အကွာလောက်က အရာတစ်ခုခုကို ပစ်မှတ်ထားပီးကြည့်ပေးဖို့ဖြစ်ပါတယ်။ ဒါကို 20-20-20 Rulesလို့လည်းခေါကြပါတယ်။ ဒါကမျက်လုံးဆိုးဝါးစွာပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ဒါကလူကြီးတွေလည်းလိုက်နာသင့်တဲ့စည်းမျည်းတစ်ခုပါပဲ။ နောက်တစ်ခုကScreenရဲ့ အလင်းကို အတတ်နိုင်ဆုံးလျော့ချထားဖို့ပါ။

ကလေးမျက်လုံးကို ပုံမှန်စစ်ဆေးကြည့်ပါ

ကလေးမျက်လုံးကို ပုံမှန်စမ်းသပ်စစ်ဆေးကြည့်သင့်တဲ့အလေ့အထကိုလုပ်ဖို့သင့်ပါတယ်။ ကလေးမျက်စိကုတဲ့ဆရာဝန်ကို ကလေးမျက်ရည်ကျနေတာမျိုးတွေ၊ ယားယံတာတွေ၊ မျက်လုံးခန်းခြောက်တာမျိုးတွေရှိနေရင် ဆရာဝန်ကို ပြောပြပါ။
အကောင်းဆုံးကတော့ဖုန်းအကြည့်များတဲ့ကလေးတွေကို တစ်လတစ်ခါလောက် မျက်စိစမ်းသပ်တဲ့ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်. ဖြစ်နိုင်ရင်တော့ ဖုန်း ကွန်ပြူတာ အသုံးပြုတာကို အချိန်တစ်ခုကန့်သတ်ပစ်လိုက်တာအကောင်းဆုံးပါ။

#Chit_May_May

#Mg_Htet

REF_CHOP.EDU.COM

LEAVE A REPLY

Please enter your comment!
Please enter your name here