
ကျွန်တော့်ဘဝတစ်လျှောက်လုံး ဟော်ကီကစားတာကို ကြည့်ခဲ့ဖူးပေမယ့် ကျွန်တော် ပထမဆုံးကစားဖူးတာကတော့ အသက် ၂၄နှစ်အရွယ်မှပါ။ ဒီကစားနည်းကို ငယ်ငယ်က မကစားဖူးခဲ့ပါဘူး။ သင့်တော်တဲ့ equipment တွေ မပိုင်ဆိုင်ခဲ့ပါဘူး။ အဲ့ဒါကို ဘယ်လိုတပ်ရမယ်ဆိုတာလည်း မသိခဲ့ပါဘူး။ equipment အသစ်တွေနဲ့ ကျွန်တော့်ရဲ့ပထမဆုံးလေ့ကျင့်မှုကို စပါပြီ။ တခြားသူတွေ ဘယ်လိုအဆင်သင့်ပြင်နေလဲဆိုတာ စောင့်ကြည်လိုက်ပြီး သူတို့လုပ်တာတွေကို အတုခိုးပါတယ်။ အကူအညီမတောင်းဘဲ အခြေခံအားဖြင့် အဖြေရှာကြည့်ခဲ့ပါတယ်။ ကျွန်တော်ဟာ အရေးကြီးတဲ့ အကာအကွယ်ပစ္စည်းအစိတ်အပိုင်းကို ဇောက်ထိုးထားမိကြောင်း ဒဏ်ရာရပြီး နောက်ပိုင်းမှ သိလာပါတယ်။
ဒါက ယောကျ်ားလေးတွေ လိင်အကြောင်း လေ့လာသင်ယူပုံနဲ့ သိပ်မကွာလှပါဘူး။ ကျွန်တော်တို့ဟာ ဆယ်ကျော်သက်အရွယ်သားတွေနဲ့ ဒီအကြောင်းကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက်တော့ ပြောခဲ့ဖူးမှာပါ။ သို့သော် ဒီစကားဝိုင်းက အဆင်မပြေဖြစ်လေ့ရှိတာကြောင့် ကျွန်တော်တို့ဟာ အဲဒီရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ကျော်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့သားတွေက ကျွန်တော်တို့ဆီကနေ လိင်ကိစ္စနဲ့ပတ်သတ်လို့ တစ်ချို့အရာတွေကို ကြားဖို့လိုပါတယ်။ ဟော်ကီအသုံးအဆောင်အသစ်နဲ့ ကျွန်တော်လုပ်ခဲ့သလိုပါပဲ၊ သူတို့ဘာသာသူတို့ အဖြေရှာပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ခန္ဓာကိုယ်အကြောင်း သင်ကြားဖို့ သက်သက်မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ပြုခြင်းနဲ့ လိင်ဆက်ဆံခြင်းရဲ့ ရည်ရွယ်ချက်ကိုနားလည်လာအောင် ကူညီပေးဖို့ လိုအပ်ပါတယ်။ ဒါကတော့ သားဖြစ်သူကို လိင်အကြောင်း သင်ပေးတဲ့အခါ ရှင်းပြရမယ့် အချက် (၄)ချက်ပါ။
၁။ အချစ်ဆိုတာဘာလဲ?
ဖခင်တွေအနေနဲ့ ကျွန်တော်တို့ဟာ သားတွေကို ချစ်ခြင်းမေတ္တာက လိင်သာယာမှုခံစားချက်တစ်ခုထက်ပိုတယ်လို့ ပြတ်သားစွာ သွန်သင်ဆုံးမဖို့ လိုအပ်ပါတယ်။ အချစ်ဆိုတာ ထပ်ခါထပ်ခါ၊ ထပ်တလဲလဲလုပ်ရတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း သူတို့ကို သင်ပေးဖို့လိုပါတယ်။ sexual intimacy ဟာ love နဲ့ commitment ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဆက်ဆံရေးကနေ စီးဆင်းလာစေဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အချစ်က ခက်ခဲနေချိန်မှာတောင် တခြားလူအတွက် အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်ကြောင်း နားလည်မှုနဲ့ ကြီးပြင်းလာတဲ့ ယောကျာ်းလေးတွေဟာ ချစ်ခြင်းမေတ္တာရဲ့ နားလည်မှုကို သူတို့ရဲ့လိင်မှုဘဝမှာ သူတို့ရွေးချယ်တဲ့ ရွေးချယ်မှုတွေအတွက် ကျင့်သုံးနိုင်ချေများပါတယ်။
၂။ ရင်းနှီးမှုကို ဘယ်လိုမှတ်ယူထားလဲ?
ကျွန်တော်တို့ရဲ့သားတွေဟာ သူတို့ကြည့်ရှု့တဲ့ ရှိုးတွေနဲ့ ရုပ်ရှင်တွေထဲက relationships လို မျှော်လင့်ထားကြပါတယ်။ ဇာတ်ကားရဲ့ အပိုင်းတစ်ပိုင်းထဲမှာတင် “မင်းနာမည်ဘယ်လိုခေါ်လဲ? ကနေ” လိင်ဆက်ဆံကြရအောင် “အထိပဲ လူတွေမြင်လေ့ရှိပါတယ်။ ရလဒ်က ကျွန်တော်တို့ ကလေးတွေဟာ ကျန်းမာတဲ့ relationships ရဲ့ပုံမှန်တိုးတတ်မှုကို နားမလည်ကြတော့ပါဘူး။ လက်တွေ့ဘဝမှာ စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုက အချိန်ကာလ အတိုင်းအတာတစ်ခုအထိ တဆင့်ချင်း ကြီးထွားလာစေဖို့ ရည်ရွယ်ပါတယ်။ ရင်းနှီးမှုက အဆင့်အနည်းငယ်ဖြင့် ကြီးထွားလာတယ်လို့ နားလည်ပြီး ကြီးပြင်းလာတဲ့ ယောကျ်ားလေးတွေဟာ လိင်မှုကိစ္စမှာ အလျင်စလို ဖြစ်နိုင်ခြေနည်းပါတယ်။
၃။ Sex ကိစ္စက ဘာ့ကြောင့် စောင့်ရကျိုးနပ်တာလဲ?
လိင်ဆက်ဆံမှုမှာ ကိုယ့်ရဲ့ပါတနာနဲ့ ပေါင်းစည်းခြင်း၊ ဖြစ်နိုင်ချေရှိတဲ့ ဘဝသစ်တစ်ခုကို ဖန်တီးခြင်းဆိုတဲ့ အကျိုးဆက်တွေရှိတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်၊ သားဖြစ်သူကို လိင်အကြောင်း သင်ပေးတဲ့အခါ ဒီသက်ရောက်မှုတွေက ထူးထူးခြားခြားဖြစ်ပြီး ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးဆိုတာ သေချာရပါမယ်။ သူတို့က ကျွန်တော်တို့ကို အချိန်မှန်၊ အခြေအနေမှန်မှာ ဘဝရဲ့ အကြီးမြတ်ဆုံးလက်ဆောင်တချို့ကို ပေးပါတယ်။ လိင်မှုကိစ္စနှင့်အတူ ပါလာတဲ့ လက်ဆောင်နဲ့တာဝန်ကို နားလည်တဲ့ ယောကျ်ားလေးတွေဟာ လက်ထပ်တဲ့အထိ စောင့်ဆိုင်းဖို့ သူတို့ကို ဘာ့ကြောင့် သင်ကြားပေးတာလဲဆိုတာ ပိုနားလည်နိုင်ခြေများပါတယ်။
၄။ အမျိုးသမီးတွေကို ဘယ်လိုအမြတ်တနိုးထားမလဲ?
ယောကျ်ားလေးအများစုက သူတို့ညီမတွေကို တကယ် ဂရုစိုက်၊ သဝန်တိုပြီး သူတို့နာကျင်တာကို မမြင်ချင်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အား လေးလေးစားစား ဆက်ဆံသင့်သူတွေလို့ မြင်ကြတာကြောင့်ပါ။ ကျွန်တော်တို့ရဲ့သားတွေဟာ သူတို့ဘဝမှာ တခြားအမျိုးသမီးတွေကိုလည်း ဒီလိုဂုဏ်သိက္ခာရှိရှိ ဆက်ဆံတတ်ဖို့ သင်ယူရန် လိုအပ်ပါတယ်။ အမျိုးသမီးတိုင်းနဲ့ စကားပြောဆိုပုံကို သတိချပ်ခြင်းဖြင့် ၊ အမျိုးသမီးတွေကို ရိုင်းရိုင်းစိုင်းစိုင်းမကြည့်ခြင်းဖြင့်၊ ညစ်ညမ်းရုပ်ပုံ၊စာအဆိပ်ကို ရှောင်ကြဉ်ခြင်းဖြင့် ဒါကို သူတို့လုပ်နိုင်ပါတယ်။ အမျိုးသမီးတစ်ဦးကို လေးစားခြင်းရဲ့အဓိပ္ပာယ်ကို သင်ယူလေ့လာတဲ့ ယောကျ်ားလေးတွေဟာ ကိုယ့်ဇနီးမယားကို မြတ်နိုးတန်ဖိုးထားကာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာကို ထိန်းပေးသူအဖြစ် ရပ်တည်တဲ့ အမျိုးသားတွေ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။