မြို့ကြီးပြကြီးမှာ ပညာသင်နေတဲ့လူငယ်တွေ အများစုဟာ ဘဝအမှန်ကိုမေ့နေတတ်ကြပါတယ်။ မိသားစုကို မေ့နေတတ်ကြပါတယ်။ မိဘမေတ္တာတရားကို မေ့နေကြပါတယ်။ မည်သည့်ကိစ္စမဆိုအကြောင်းရင်းရှိပါတယ်။ စကားတစ်ခွန်းကိုဘယ်တော့မှ လွယ်လွယ်မပြောမိပါစေနဲ့။ မိဘမေတ္တာတရားးကိုနားလည်နိင်ကြစေဖို့ ခံစားရေးဖွဲ့မျှ၀ေပေးလိုက်ပါတယ်။

ကျွန်တော်ရှက်တယ်….
ကျောင်းသားဘဝတည်းက တက္ကသိုလ်(University)တက်တဲ့အထိ နယ်ကနေကျနော့်ကျောင်းကို ဖေ့ဖေ့ကို လိုက်မလာစေချင်ဘူး။ စီးထားတဲ့ ဖိနပ်က သားရေဖိနပ်၊ စကားပြောရင်အသံကကျယ်ကျယ်၊ မျက်နာမှာလည်းဓါးခုတ်ရာလို အမာရွတ်ကြီးနဲ့။
ဆယ်တန်းမှာ အမှတ်၄၅၀ကျော်ရတော့ နယ်မြို့လေးကနေ ရန်ကုန်မှာ တက္ကသိုလ်(University)လာတက်ရတယ်။ တစ်ခါတစ်ခါ အိမ်ကလူတွေလိုက်လာကြတယ်။ အထူးသဖြင့်အဖေပေါ့။
ဖေ့ဖေ့ကို လိုက်မလာစေချင်ဘူး။ ဖေဖေလိုက်လာရင် ကိုယ့်ကိုကိုယ်သိမ်ငယ်ပီး သူငယ်ချင်းတွေ ဘယ်လို ပြောမလဲဆိုပီးရှက်နေခဲ့တယ်။
တစ်ခါဖေဖေကကျောင်းထဲလိုက်လာပီးပိုက်ဆံလာပေးတုန်း ကျနော့်ဆီမလာပါနဲ့၊ ကျနော့်ဘာသာလာယူမယ်လို့ပြောလိုက်တယ်။ ဖေဖေက “ဘာဖြစ်လို့လဲလူလေး”ဆိုပီးမေးတယ်။ “ဘာမှမဖြစ်ပါဘူး”လို့တုံးတိတိပဲပြန်ဖြေလိုက်တယ်။
သိပ်အကင်းပါးတဲ့ ဖေဖေက “ဖေဖေက စုတ်စုတ်ပြတ်ပြတ်နဲ့တောသားကြီး ဆိုတော့ ငါ့သားရှက်နေမှာ ပေါ့”လို့ပြောပီး ပိုက်ဆံတွေပေးပီးပြန်သွားတယ်။ ကျနော် မှားသွားလား?

ဖေ့ဖေ့ကို ခုလို ပြောမိတာကို စိတ်မကောင်းအရမ်းဖြစ်နေမိတယ်..
နောက်ပိုင်းဖေဖေက စာတိုက် ဒါမှမဟုတ် လူကြုံနဲ့ပိုက်ဆံပို့ပေးတယ်။ တစ်နေ့ပိုက်ဆံလာပို့ပေးတဲ့သူက ဖေဖေနေမကောင်းတဲ့အကြောင်းပြောပြတယ်။ လေဖြန်းသွားလို့တဲ့.. ပြန်လာခဲ့ဦးလို့ပြောတယ်။ ကျနော်မပြန်ဖြစ်ခဲ့ပါဘူး။ ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ ပျော်နေတာကိုး..
ဖေဖေ့ကျန်းမာရေးကိုတော့ဂရုစိုက်ပေးဖို့ အိမ်ကအမျိုးတွေကို ပြောထားတယ်။ ဒီလိုနဲ့ဖေဖေ ကျန်းမာရေးက ပိုဆိုးလာတော့ အိမ်ကို ပြန်လာခဲ့တယ်။ အိပ်ရာပေါမှာ ဖေဖေအိပ်နေတယ်။
“ဖေဖေ သက်သာရဲ့လား”လို့မေးတေ့ာ မျက်လုံးလေးဖွင့်ကြည့်ပီး အားတင်းပီးခေါင်းညိတ်ပြတယ်။ ပီးတော့ လက်မထောင်ပြတယ်။ “သားပညာတတ်ကြီးဖြစ်အောင်ကြိုးစားလို့” အားပေးတာဖြစ်မယ်။

ဒီ လိုနဲ့ ဖေဖေ နဲ့သုံးရက်လောက်အနီးကပ်နေပီးရန်ကုန်ကို ပြန်လာခဲ့တယ်။ ပြန်လာပီးသိပ်မကြာခင် ဖေဖေရဲ့အရင်းနီးဆုံးသူငယ်ချင်းဦးလေးမျိုးရောက်လာပီး “ဖေဖေနဲ့ကျွန်တော်ဘာတွေဖြစ်ထားလဲမေးတယ်။ ဖေဖေက ကျွန်တေ့ာ်ကြောင့်ဖြစ်နေတာလို့ပြောပြတယ်။
ကျနော်ကလည်း”ဖေဖေ့မျက်နာမှာ အမာရွတ်ကြီးနဲ့ သားရေဖိနပ်ကြီးနဲ့ကျနော်တက္ကသိုလ်မှာရှက်လို့ “ဖေဖေကျောင်းကို မလာပါနဲ့လို့”ပြောမိတယ်လို့ ဦးလေးမျိုးကို ရင်ဖွင့်မိတယ်။
ဦးလေးမျိုးကတောက်ခေါက်ပီး ကျနော့်ကို အံသြ၀မ်းနည်းသလိုကြည့်ပီး စကားနစ်ခွန်းပဲပြောပီးလှည့်ထွက်သွားခဲ့တယ်။
“မင်းအဖေမျက်နာဟာဒဏ်ရာအမာရွတ်ကြီးက
ငယ်ငယ်က မင်းအသက်ကို ကယ်ရင်းရခဲ့တာကွ
မင်းအဖေစီးတဲ့သားရေဖိနပ်က
မင်းးတက္ကသိုလ်ကျောင်းသားကြီးပညာသင်ဖို့ကွ”တဲ့
ဒါဆို..ဒါဆို..ဖေဖေက….

ကျွန်တော့အတွေးတွေ ဟာ ငယ်ငယ်ကအိမ်လေးဆီပြန်ရောက်သွားခဲ့တယ်…
ဖေဖေ့ရှိတဲ့ရွာလေးဆီကျနော်အမြန်ပြန်မှဖြစ်မယ်.ဖေဖေ့ကို ပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်မယ်..ဖေဖေ နေပြန်ကောင်းအောင်ပြုစုမယ်။
နောက်ပီးကျောင်းကို ဖေဖေလာဖို့၊ ပြီးရင်သူငယ်ချင်းတွေကို ကျွန်တော် “အမြဲရှက်ခဲ့ရတဲ့မျက်နာကအမာရွတ်ကြီးက ဘယ်လိုရခဲ့တာ၊ ဖေဖေက သားရေဖိနပ် ဘာလို့စီးရတာ ဆိုတာတွေ နဲ့ “သူရဲကောင်းဖေ့ဖေ့အကြောင်း”ပြောပြရမယ်..

အိမ်ရှေ့က လှမ်းးခေါ်လိုက်တယ်။ “ဖေဖေ….ဖေဖေ”
အိပ်နေတာနဲ့တူတယ်။ “ဖေဖေ” ..ဖေဖေ…အိပ်ရာပေါမှာပဲလှုပ်နှိုးလိုက်တယ်..
ဖေဖေ..ဖေဖေနေကောင်းလား?
“ဖေဖေ..ဖေဖေ…ကျွန်တော့်အသံတွေအက်ကွဲလာခဲ့တယ်။ ကျွန်တေ့ာ်စိတ်ထဲမှာသိနေတယ်။ သေသေချာချာသိနေခဲ့တယ်…
“ဖေဖေ…ဖေဖေက ကျွန်တေ့်ာ ကျောင်းကို ဘယ်သောအခါမှာ လိုက်လာတော့မှာ မဟုတ်သလို ကျွန်တော် မကြိုက်တဲ့သားရေဖိနပ်ကြီးကို လည်းဘယ်သောအခါမှစီးတော့မှာ မဟုတ်ပေ။ ဖေ့ဖေ့မျက်နာကအမာရွတ်ကြီးအောက်မှာ စကားလုံးတွေရှိတယ်။ ကျွန်တော်စကားတွေအများကြီးပြောချင်ပါသေးတယ်။

နောင်တဟာ မျက်ရည်တွေအောက်မှာ… မျက်နာမှာရတဲ့အမာရွတ်ထက် စိတ်မှာရတဲ့အမာရွတ်တွေနဲ့ အဖေစီးခဲ့တဲ့သားရေဖိနပ်လေးကို သတိရတိုင်းထုတ်ကြည့်ဖြစ်တယ်။ လောကကြီးရေ…ကျွန်တော်ဘယ်လောက်ထိမှားယွင်းခဲ့မိလဲ?
#Chit_May_May
#Mg_Htet