ဖျားနာနေတဲ့ သားသားမီးမီးတို့ကို ပြုစုစောင့်ရှောက်ဖို့အတွက်နည်းလမ်းကောင်းများ

0
311
- Advertisement -

သားသားမီးမီးတို့ ဖျားနာပြီဆိုတာနဲ့ သူတို့လေးတွေနဲ့အပြိုင် အပင်ပန်းခံရတာ ချစ်မေမေတို့ပါပဲ။ ဖျားနာနေတဲ့ သားသားမီးမီးတို့ကို နေ့မအိပ်၊ ညမအိပ် ပြုစုစောင့်ရှောက်ပေးရတာက မပင်ပန်းဘဲ သူတို့လေးတွေနေထိုင်မကောင်းဖြစ်နေတာ၊ ပင်ပန်းတကြီးဖြစ်နေတာကို မြင်ရတာက ချစ်မေမေတို့အတွက် ပိုပြီး လူပန်းစိတ်ပန်းဖြစ်စေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဖျားနာတာက ပိုဆိုးတာပေါ့။ အဲ့ဒါကြောင့် အဲ့ဒီလိုကာလတွေမှာ ဖျားနာနေတဲ့ သားသားမီးမီးတို့ကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်သင့်လဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

၁။ ရေဓာတ်ပြည့်ဝအောင်ထားပါ။

သားသားမီးမီးတို့ဖျားနာပြီဆိုရင် လည်ချောင်းကခြောက်သွေ့နေတတ်ပြီး ဒီလိုဖြစ်တာကပိုမိုအဖျားကြီးတတ်ပါတယ်။ အဲ့ဒါကြောင့် လည်ချောင်းတစ်လျှောက်အမြဲတမ်း စိုစွတ်နေဖို့အတွက် ရေများများသောက်ပေးသင့်ပြီး ဒီလိုမျိုး ရေများများသောက်တာကလည်း အဖျားကျစေပါတယ်။ ရေနွေးပူပူလေး ဒါမှမဟုတ် ရေကျက်အေးလေးကို တိုက်ကျွေးသင့်ပြီး ဒီလိုပြုလုပ်ပေးခြင်းကြောင့် လည်ချောင်းထဲမှာရှိနေနိုင်တဲ့ချွဲသလိပ်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ပျားရည်လည်းတိုက်လို့ရတယ်ဆိုပေမယ့် အသက် (၁) နှစ်နဲ့အထက် သားသားမီးမီးတို့ကိုပဲ ပျားရည်တိုက်ကျွေးသင့်ပါတယ်။

- Advertisement -

၂။ ကြက်စွပ်ပြုတ်ကို မဖြစ်မနေတိုက်ကျွေးပါ။

ကြက်စွပ်ပြုတ်က ခေတ်အဆက်ဆက်အတွက် ရိုးရာအဖျားပျောက်ဆေးတစ်မျိုးလို့တောင်ပြောနိုင်ပြီး အဖျားကျစေနိုင်တဲ့အပြင် ဖျားနာခြင်းနဲ့ဆက်စပ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေ၊ ချောင်းဆိုတာမျိုးတွေအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

၃။ ရေခဲချောင်းနဲ့ရေခဲအကြေတွေကို အသုံးချပါ။

ဆေးဘက်ဝင်အောင်ဖန်တီးထားတဲ့ ရေခဲချောင်းနဲ့ ရေခဲအကြေတွေက လည်ချောင်းနာနေတဲ့ သားသားမီးမီးတို့အတွက် အသုံးဝင်တယ်လို့ ကျွမ်းကျင်သူတွေက အံ့အားသင့်ဖွယ်ရာဆိုထားပြီး အသက်(၃) နှစ်နဲ့အထက် သားသားမီးမီးတို့ လည်ချောင်းနာရင် ပျားရည်နဲ့လုပ်ထားတဲ့ ဆေးဘက်ဝင်ရေခဲချောင်းတွေက အသုံးဝင်တယ်လို့ဆိုကြပါတယ်။

၄။ ချွဲသလိပ်များကို ရှင်းလင်းပေးပါ။

လည်ချောင်းနဲ့နှာခေါင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေက သားသားမီးမီးတို့ကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေပြီး ဒီအတွက် ဆားရည်နဲ့ပလုပ်ကျင်းပေးဖို့ လိုအပ်ပါတယ်။ လူကြီးတွေလိုမျိုး ဆားရည်နဲ့ပလုပ်မကျင်းတတ်သေးတဲ့အရွယ်ဆိုရင်လည်း ဆေးထိုးအပ်အသစ်ထဲကို ဆားရည်ထည့်ပြီး သားသားမီးမီးတို့ရဲ့ နှာခေါင်းထဲ တစ်စက်လောက်ထည့်ပေးတာက သားသားမီးမီးတို့ရဲ့ အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး အထူးသဖြင့် နှပ်ချေးနဲ့ချွဲသလိပ်တွေကို ကိုယ့်ဘာကိုယ် မညှစ်ထုတ်နိုင်သေးတဲ့အရွယ်တွေအတွက် အင်မတန်မှအသုံးဝင်တယ်လို့ သိရှိရပါတယ်။

၅။ ရေနွေးငွေ့ထုတ်လွှတ်ပေးပါ။

ဖျားနာနေတဲ့ သားသားမီးမီးတို့အတွက် နောက်ထပ်အသုံးဝင်တဲ့အချက်တစ်ခုပါ။ အိမ်မှာရေနွေးငွေ့ခန်း သီးသန့်ထားလို့အဆင်မပြေသည့်တိုင် ရေနွေးငွေ့ထုတ်လွှတ်ပေးတဲ့စက်တစ်လုံးဝယ်ပေးထားပြီး သားသားမီးမီးတို့အတွက် စီမံပေးထားသင့်ပါတယ်။ ညဘက်အိပ်စက်တဲ့အချိန်မှာ အဲ့ဒီစက်ကို ဖွင့်ပေးထားတာကလည်း ဖျားနာနေတဲ့ သားသားမီးမီးတို့ကို ကောင်းကောင်းအိပ်ပျော်စေနိုင်ပြီး အဖျားဝေဒနာကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။

#HM

#ChitMayMay

Source: Parenting

LEAVE A REPLY

Please enter your comment!
Please enter your name here