Home Lotaya ဗိုက်ထဲမှာ ရှိနေတဲ့ ဘေဘီလေးတို့ ချစ်မြတ်နိုးတဲ့အရာ (၅) ခု

ဗိုက်ထဲမှာ ရှိနေတဲ့ ဘေဘီလေးတို့ ချစ်မြတ်နိုးတဲ့အရာ (၅) ခု

0
791

မေမေတို့အများစုက ဘေဘီလေးတို့အတွက် ကလေးအဝတ်အထည်တွေ၊ အထွေထွေကစားစရာတွေ (သို့) အနှီးတွေကိုသာ အဓိကပစ္စည်းတွေအဖြစ် ကြိုတင်ဝယ်ယူတတ်ကြပါတယ်။ ဘာဖြစ်လို့လဲ မေမေတွေထဲက အများစုက ဘေဘီလေးတွေအပြင်ရောက်မလာသေးခင်မှာ ဘာလိုချင်တယ်ဆိုတာ မသိကြတာကြောင့်ပါ။

တကယ်တော့လည်း ဘေဘီလေးတွေ အမိဝမ်းထဲမှာ ရှိနေချိန်မှာ ”အမှန်တကယ်ချစ်မြတ်နိုးတဲ့ အရာ” များစွာရှိပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာတော့ မေမေတို့ရဲ့ ဗိုက်ထဲမှာရှိနေတဲ့ ဘေဘီလေးတွေ ချစ်မြတ်နိုးတဲ့အရာ (၅) ခုကို ”Chit_May_May ကနေပြီးတော့ မျှဝေပေးချင်ပါတယ်။

၁။ မေမေရဲ့ အသံ

မွေးကင်းစကလေးငယ်တွေက မိခင်ရဲ့ အသံကို ပိုနှစ်သက်တတ်တယ်ဆိုတာ ဘယ်လိုသတိပြုမိနိုင်မလဲ။ ကလေးစိတ်တိုပြီး ငိုနေချိန်မှာ မေမေရဲ့ အသံပေးလိုက်ရင် အလွယ်တကူ ငြိမ်ကျသွားတာကို တွေ့ရမှာပါ။ ကလေးတွေဟာ မိခင်နှင့်အတူ ကစားတဲ့အခါ ပြုံးတတ်ကြပါတယ်။ တစ်ခါတရံ ကလေးတွေက သူတို့ပုခက်ထဲမှာရှိနေတဲ့အချိန် မိခင်ရဲ့ အသံကို ကြားလိုက်ရတဲ့အခါမှာ သူတို့ကို ချက်ချင်းပျော်ရွှင်စေပါတယ်။ သားအိမ်ထဲမှာရှိတဲ့ ဘေဘီလေးတွေ နားအကြား အာရုံဖွံ့ဖြိုးလာတဲ့အချိန် မိခင်ရဲ့ အသံကို ကြားရတဲ့အခါ ဘေဘီလေးတို့ အရမ်းနှစ်သက်ကြပါတယ်။ ဒါ့ကြောင့် ဘေဘီလေး သားအိမ်ထဲမှာရှိနေချိန်မှာ စကားပြောပေးပါ။ ဘေဘီလေးအတွက် သီချင်းဆိုပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ မေမေအသံက ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ မလိုအပ်ပါဘူး။

၂။ နူးညံ့သိမ်မွေ့တဲ့ သီချင်းလေးတွေ

ခုချိန်မှာ သင်သီချင်းဆိုဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် သီချင်းတစ်ပုဒ်ကို ထပ်ထည့်နိုင်ပါတယ်။ ဂီတနားထောင်ခြင်းက ”ပျော်ရွှင်မှုဟော်မုန်း serotonin” ကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် သင်ကြိုက်နှစ်သက်တဲ့ သီချင်းကို သင့်တော်တဲ့အသံနဲ့ ဖွင့်ပြီး သီဆိုပါ။ တေးဂီတက ဘေဘီလေးတွေကို အနှောင်အယှက်မဖြစ်စေဖို့ သေချာစေပါ။ ဘေဘီလေးတွေဟာ နားကြပ်မပါဘဲ မေမေရဲ့ အသံကို ကြားနိုင်သလို ဂီတသံကိုလည်း ကြားနိုင်ပါတယ်။

၃။ ဗိုက်ကို နှိပ်ပေးခြင်း

ဘေဘီကလေးအတွက် နေရာလွတ်တစ်ခုသို့ ကန့်သတ်ထားခြင်းက သင့်ရဲ့ ကြီးထွားလာတဲ့ ကလေးအတွက် အနည်းငယ်ပင်ပန်းရပါလိမ့်မယ်။ ဒါကြောင့် အုန်းဆီနဲ့ သံလွင်ဆီလို သဘာဝအဆီတွေနှင့် ဝမ်းဗိုက်ကို ညင်ညင်သာသာ နှိပ်ပေးပါ။ အနှိပ်ခံခြင်းက သင့်အသားအရေကို စိုပြည်စေရုံသာမက ဘေဘီလေးကိုလည်း လှုံ့ဆော်ပေးရာရောက်ပါတယ်။ သို့ပေမယ့် အလွန်အကျွံဖိနှိပ်ပြီးတော့ လိမ်းတာမျိုးတော့ ရှောင်ပါ။

၄။ ပျော်ရွှင်တဲ့ ခံစားချက်

ကိုယ်ဝန်ဆောင်နေချိန်မှာ စိတ်ဖိစီးမှုတွေရှိတတ်တာက သဘာဝပါပဲ။ ဥပမာ- ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေနှင့် ယေဘုယျမိသားစုအရေးကိစ္စတွေ စတဲ့အကြောင်းရင်းများစွာကြောင့်ပေါ့။ သို့ပေမယ့်လည်း မေမေတို့ကလေးကို အတိအကျအကျိုးသက်ရောက်စေနိုင်တဲ့ ဖိစီးမှုအဆင့်ကို စီမံခန့်ခွဲပါ။ သင့်ကလေးက သင့်ရဲ့ ပျော်ရွှင်မှုကို ခံစားနိုင်တယ်ဆိုရင် စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေကို ခံစားနိုင်မယ်ဆိုတာက ရိုးရှင်းတဲ့လော့ဂျစ်တစ်ခုပါ။ ဒါ့ကြောင့် သင်တတ်နိုင်သလောက် ပျော်ပျော်နေကြည့်ပါ။ သားအိမ်ထဲက ဘေဘီလေးပြုံးကောင်း ပြုံးနေမယ်ဆိုတာ သင်ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။

၅။ အရသာရှိသော အစားအစာများ

အစားအသောက်နဲ့ ပတ်သက်ပြီးတော့ သင်တစ်ယောက်တည်းအတွက် အာသာပြင်းပြတဲ့အခါမျိုးတွေရှိပါလိမ့်မယ်။ သို့ပေမယ့်လည်း မေမေတို့စားသမျှဟာ ဘေဘီလေးတို့အတွက်ချည်းပဲမို့ အစားအသောက်ကို မျှမျှတတဖြစ်အောင် စားပါ။ ဘေဘီလေးတွေပျော်ရွှင်စေမယ့် အစားအသောက်တွေလေးတွေကို စားပါ။ ဆရာဝန်ရဲ့ အကြံပေးချက်တွေနဲ့အညီ ဘေဘီလေးတို့အတွက် အဆင်ပြေနိုင်မယ့် အစားအသောက်တွေကို ရွေးချယ်ပါ။ အရသာကောင်းကောင်းမွန်မွန်လေးစားသောက်ရတဲ့အခါ ဘေဘီလေးတို့ ပျော်ရွှင်မှာအမှန်ပါပဲ။

Chit_May_May

Nyein_Thu

Ref-momjunction

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here