ဘယ်နိုင်ငံတွေမှာ မိဘအုပ်ထိန်းခွင့် ရက်ရှည်ကို ဘယ်လောက်ကြာကြာ ပေးထားသလဲ?

0
88
- Advertisement -

ကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် မိဘတွေဟာ မွေးကင်းစကလေးနဲ့အတူ communicate ကောင်းစေဖို၊ သူတို့ဘဝရဲ့ ပထမဆုံးလတွေမှာ သူတို့နှင့်အတူ တတ်နိုင်သမျှ အချိန်များများသုံးဖို့ မိဘတွေအတွက် တကယ့်ကို အရေးကြီးတယ်ဆိုတဲ့အကြောင်းကို စိတ်ပညာရှင်များနဲ့ ကလေးအထူးကုတွေဟာ အမြဲတမ်းပြောကြပါတယ်။ ကွဲပြားခြားနားတဲ့ နိုင်ငံများက အစိုးရတွေဟာ ဒီအမြင်ကို ထောက်ပံ့ပေးကြပြီး အမေတွေအတွက် မီးဖွားခွင့် ပေးကြပါတယ်။ ဒီမီးဖွားခွင့်ဟာ တိုင်းပြည် တစ်ခုခြင်းစီပေါ်မှာ မူတည်ပြီး ခွင့်ရက်ရှည်ကလည်း ကွဲပြားပါတယ်။ မီးဖွားခွင့်အတွက် ဘယ်တိုင်းပြည်အစိုးရက မိခင်နှင့် ဖခင်တွေကို ခွင့်ရက်ရှည် ဘယ်လောက်ပေးထားလဲဆိုတာကို ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ ခရိုအေးရှား

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၄၁၀
ဒီတိုင်းပြည်မှာ မီးဖွားခွင့်က တကယ့်ကို ကြာရှည်ပါတယ်။ မီးဖွားခွင့်က တစ်နှစ်ထက်ပိုပြီး ကြာသလို သူတို့ကလေးတွေ ၆လအရွယ်ရောက်တဲ့အထိ ကျန်းမာရေးအာမခံရံပုံငွေအဖြစ် မိခင်ရဲ့ လစဉ် လစာရဲ့ ၁၀၀%ကို ပေးပါတယ်။

၂။ ဗြိတိန်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၃၆၅ရက်
ဗြိတိန်မိဘတွေအတွက် မိဘအုပ်ထိန်းခွင့်ကို ခွဲပေးထားပါတယ်။ အမေတွေကို မီးဖွားခွင့် ၂ပတ်ပေးထားပြီး ကျန်တဲ့ကာလအချိန်တွေမှာ အဖေက မိခင်လိုပဲ ကလေးငယ်ကို ဂရုစိုက်ပေးရပါတယ်။

၃။ ဆွီဒင်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၂၄၀
ဆွီဒင်မိဘတွေဟာ တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ အုပ်ထိန်းခွင့်ရက်ကို ခွဲယူရပါတယ်။ တနည်းအားဖြင့် ဖခင်တွေဟာ ခွင့်ရက်ပေါင်း ၆၀ပိုင်ဆိုင်ပါတယ်။ ထိုခွင့်ရက်ကို အသုံးမပြုရင် တော့သက်တမ်းကုန်ဆုံးပါတယ်။

၄။ ရုရှား

မိဘအုပ်ထိန်းခွင့်ရက်ရှည် -ရက်ပေါင်း ၁၄၀
စည်းကမ်းအရ မီးဖွားခွင့်ပြီးနောက် မိခင်တွေဟာ ကလေးတစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲရောက်တဲ့အထိ ကလေးစောင့်ရှောက်ခွင့် ယူလို့ရပါတယ်။ သူတို့ကို လစာရဲ့ ၄၀%ပေးပါတယ်။

၅။ ကာဇက်စတန်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၁၂၆
၂ယောက် သို့မဟုတ် ၂ယောက်ထက်ပိုပြီး ကလေးမွေးဖွားရင် ခွင့်ခံစားခွင့် ၁၀ပတ်အထိ တိုးပေးပါတယ်။ မိခင်တွေဟာ ကလေး၃နှစ်အရွယ်ရောက်တဲ့အထိ ကလေးထိန်းခွင့် ယူလို့ရပါတယ်။

၆။ ဖင်လန်နိုင်ငံ

မိဘအုပ်ထိန်းခွင့်ရက်ရှည် -ရက်ပေါင်း ၁၂၆
မီးဖွားခွင့်အစား မိခင်တွေဟာ သူတို့ကလေးကို မူကြိုကျောင်းသို့ ခေါ်လာရတာ သို့မဟုတ် အစိုးရက ကလေးထိန်းတစ်ယောက်ငှားဖို့ ထောက်ပံ့ပေးထားပါတယ်။

၇။ ပေါ်တူဂီ

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၁၂၀
ဥပဒေအရ ဖခင်တွေက ကလေးနှင့်အတူ နေဖို့ ခွင့် ၅ရက်ထက်နည်းလို့မရပါဘူး။ ဆောင်ရွက်ရမယ့် သူ့တာဝန်ကို ရှောင်ရှားဖို့ ကြိုးစားရင် ဒဏ်ငွေဆောင်ရပါတယ်။

၈။ ပြင်သစ်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ၁၁၂ရက်
(မမွေးခင် ၂လနှင့် မွေးပြီး ၂လ) ဆိုပြီး ဒီအချိန်ကာလကို ၂ပိုင်းခွဲခြားထားပါတယ်။ မိခင်တွေဟာ မွေးပြီးနောက် အချိန်ပိုတွေလည်း ရရှိနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကျန်းမာရေးကောင်းနေလျှင် မမွေးခင်မှာ ခွင့် ၃ပတ်သာ ရရှိပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန် ၃၆ပတ်ထက်ပိုပြီး အလုပ်မလုပ်ဖို့ ခွင့်ပြုထားပါတယ်။

၉။ တရုတ်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း၉၀
မီးဖွားခွင့်ရက်ရှည်က အမျိုးသမီးရဲ့ အသက်ပေါ်မှုတည်တယ်လို့ ဆိုပါတယ်။ မိခင်က အသက်ကြီးသူဖြစ်ရင် မိခင်ရဲ့ခွင့်ရက်ကို ကြာရှည်ပေးထားပါတယ်။

၁၀။ အိုက်စလန်

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ရက်ပေါင်း ၉၀
မီးဖွားခွင့်နှင့် ကလေးစောင့်ရှောက်ခွင့်ကို “3-3-3” ပုံသေနည်းအတိုင်း ပေးထားပါတယ်။ ၃လကို မိခင်အတွက် ပေးထားပြီး နောက် ၃လကို ဖခင်အတွက် ပေးထားပါတယ်။ ကျန်နောက် ၃လကို မိဘနှစ်ယောက် မျှဝေပြီး ယူလို့ရပါတယ်။

၁၁။ အိန္ဒိယ

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ၈၄ရက်
ကလေးအရေအတွက်ပေါ်မှုတည်ပြီး အိန္ဒိယမှာ မီးဖွားခွင့်ရက်ရှည်ကို ပေးထားပါတယ်။ သူတို့ဟာ သားဦးကလေး သို့မဟုတ် ဒုတိယမြောက်ကလေးမွေးလျှင် အမျိုးသမီးတွေဟာ ခွင့် ၁၈၂ရက် ရပါလိမ့်မယ်။ အမျိုးသမီးဟာ ကလေး၃ယောက်မြောက်ထက်ပိုပြီး မွေးမယ်ဆိုရင် သူမရဲ့မီးဖွားခွင့်က ၈၄ရက်သာ ကြာပါလိမ့်မယ်။

၁၂။ အာရပ်စော်ဘွားများပြည်ထောင်စု

မိဘအုပ်ထိန်းခွင့်ရက်ရှည်- ၄၅ရက်
အမျိုးသမီးရဲ့ အလုပ်ပေါ် မူတည်ပြီး UAE မှာ မီးဖွားခွင့်ပေးထားပါတယ်။ ပုဂ္ဂလိကကုမ္ပဏီမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဟာ မမွေးခင်နှင့် မွေးပြီးနောက်ကို ခွင့်ရက်ရှည် ၄၅ရက် ရရှိပါလိမ့်မယ်။ အစိုးရအလုပ်လုပ်တဲ့ အမျိုးသမီးဖြစ်လျှင် မီးဖွားခွင့် ရက် ၉၀ ရရှိပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

ဘယ္ႏိုင္ငံေတြမွာ မိဘအုပ္ထိန္းခြင့္ ရက္ရွည္ကို ဘယ္ေလာက္ၾကာၾကာ ေပးထားသလဲ?
ကေလးတစ္ေယာက္ ေမြးဖြားလာၿပီဆိုရင္ မိဘေတြဟာ ေမြးကင္းစကေလးနဲ႔အတူ communicate ေကာင္းေစဖို၊ သူတို႔ဘဝရဲ႕ ပထမဆုံးလေတြမွာ သူတို႔ႏွင့္အတူ တတ္ႏိုင္သမွ် အခ်ိန္မ်ားမ်ားသုံးဖို႔ မိဘေတြအတြက္ တကယ့္ကို အေရးႀကီးတယ္ဆိုတဲ့အေၾကာင္းကို စိတ္ပညာရွင္မ်ားနဲ႔ ကေလးအထူးကုေတြဟာ အၿမဲတမ္းေျပာၾကပါတယ္။ ကြဲျပားျခားနားတဲ့ ႏိုင္ငံမ်ားက အစိုးရေတြဟာ ဒီအျမင္ကို ေထာက္ပံ့ေပးၾကၿပီး အေမေတြအတြက္ မီးဖြားခြင့္ ေပးၾကပါတယ္။ ဒီမီးဖြားခြင့္ဟာ တိုင္းျပည္ တစ္ခုျခင္းစီေပၚမွာ မူတည္ၿပီး ခြင့္ရက္ရွည္ကလည္း ကြဲျပားပါတယ္။ မီးဖြားခြင့္အတြက္ ဘယ္တိုင္းျပည္အစိုးရက မိခင္ႏွင့္ ဖခင္ေတြကို ခြင့္ရက္ရွည္ ဘယ္ေလာက္ေပးထားလဲဆိုတာကို ဗဟုသုတရရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

၁။ ခ႐ိုေအးရွား

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း ၄၁၀
ဒီတိုင္းျပည္မွာ မီးဖြားခြင့္က တကယ့္ကို ၾကာရွည္ပါတယ္။ မီးဖြားခြင့္က တစ္ႏွစ္ထက္ပိုၿပီး ၾကာသလို သူတို႔ကေလးေတြ ၆လအ႐ြယ္ေရာက္တဲ့အထိ က်န္းမာေရးအာမခံရံပုံေငြအျဖစ္ မိခင္ရဲ႕ လစဥ္ လစာရဲ႕ ၁၀၀%ကို ေပးပါတယ္။

၂။ ၿဗိတိန္

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း ၃၆၅ရက္
ၿဗိတိန္မိဘေတြအတြက္ မိဘအုပ္ထိန္းခြင့္ကို ခြဲေပးထားပါတယ္။ အေမေတြကို မီးဖြားခြင့္ ၂ပတ္ေပးထားၿပီး က်န္တဲ့ကာလအခ်ိန္ေတြမွာ အေဖက မိခင္လိုပဲ ကေလးငယ္ကို ဂ႐ုစိုက္ေပးရပါတယ္။

၃။ ဆြီဒင္

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း ၂၄၀
ဆြီဒင္မိဘေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္အၾကားမွာ အုပ္ထိန္းခြင့္ရက္ကို ခြဲယူရပါတယ္။ တနည္းအားျဖင့္ ဖခင္ေတြဟာ ခြင့္ရက္ေပါင္း ၆၀ပိုင္ဆိုင္ပါတယ္။ ထိုခြင့္ရက္ကို အသုံးမျပဳရင္ ေတာ့သက္တမ္းကုန္ဆုံးပါတယ္။

၄။ ႐ုရွား

မိဘအုပ္ထိန္းခြင့္ရက္ရွည္ -ရက္ေပါင္း ၁၄၀
စည္းကမ္းအရ မီးဖြားခြင့္ၿပီးေနာက္ မိခင္ေတြဟာ ကေလးတစ္ႏွစ္ သို႔မဟုတ္ တစ္ႏွစ္ခြဲေရာက္တဲ့အထိ ကေလးေစာင့္ေရွာက္ခြင့္ ယူလို႔ရပါတယ္။ သူတို႔ကို လစာရဲ႕ ၄၀%ေပးပါတယ္။

၅။ ကာဇက္စတန္

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း ၁၂၆
၂ေယာက္ သို႔မဟုတ္ ၂ေယာက္ထက္ပိုၿပီး ကေလးေမြးဖြားရင္ ခြင့္ခံစားခြင့္ ၁၀ပတ္အထိ တိုးေပးပါတယ္။ မိခင္ေတြဟာ ကေလး၃ႏွစ္အ႐ြယ္ေရာက္တဲ့အထိ ကေလးထိန္းခြင့္ ယူလို႔ရပါတယ္။

၆။ ဖင္လန္ႏိုင္ငံ

မိဘအုပ္ထိန္းခြင့္ရက္ရွည္ -ရက္ေပါင္း ၁၂၆
မီးဖြားခြင့္အစား မိခင္ေတြဟာ သူတို႔ကေလးကို မူႀကိဳေက်ာင္းသို႔ ေခၚလာရတာ သို႔မဟုတ္ အစိုးရက ကေလးထိန္းတစ္ေယာက္ငွားဖို႔ ေထာက္ပံ့ေပးထားပါတယ္။

၇။ ေပၚတူဂီ

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း ၁၂၀
ဥပေဒအရ ဖခင္ေတြက ကေလးႏွင့္အတူ ေနဖို႔ ခြင့္ ၅ရက္ထက္နည္းလို႔မရပါဘူး။ ေဆာင္႐ြက္ရမယ့္ သူ႔တာဝန္ကို ေရွာင္ရွားဖို႔ ႀကိဳးစားရင္ ဒဏ္ေငြေဆာင္ရပါတယ္။

၈။ ျပင္သစ္

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ၁၁၂ရက္
(မေမြးခင္ ၂လႏွင့္ ေမြးၿပီး ၂လ) ဆိုၿပီး ဒီအခ်ိန္ကာလကို ၂ပိုင္းခြဲျခားထားပါတယ္။ မိခင္ေတြဟာ ေမြးၿပီးေနာက္ အခ်ိန္ပိုေတြလည္း ရရွိႏိုင္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ က်န္းမာေရးေကာင္းေနလွ်င္ မေမြးခင္မွာ ခြင့္ ၃ပတ္သာ ရရွိပါလိမ့္မယ္။ အမ်ိဳးသမီးတစ္ေယာက္ကို ကိုယ္ဝန္ ၃၆ပတ္ထက္ပိုၿပီး အလုပ္မလုပ္ဖို႔ ခြင့္ျပဳထားပါတယ္။

၉။ တ႐ုတ္

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း၉၀
မီးဖြားခြင့္ရက္ရွည္က အမ်ိဳးသမီးရဲ႕ အသက္ေပၚမႈတည္တယ္လို႔ ဆိုပါတယ္။ မိခင္က အသက္ႀကီးသူျဖစ္ရင္ မိခင္ရဲ႕ခြင့္ရက္ကို ၾကာရွည္ေပးထားပါတယ္။

၁၀။ အိုက္စလန္

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ရက္ေပါင္း ၉၀
မီးဖြားခြင့္ႏွင့္ ကေလးေစာင့္ေရွာက္ခြင့္ကို “3-3-3” ပုံေသနည္းအတိုင္း ေပးထားပါတယ္။ ၃လကို မိခင္အတြက္ ေပးထားၿပီး ေနာက္ ၃လကို ဖခင္အတြက္ ေပးထားပါတယ္။ က်န္ေနာက္ ၃လကို မိဘႏွစ္ေယာက္ မွ်ေဝၿပီး ယူလို႔ရပါတယ္။

၁၁။ အိႏၵိယ

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ၈၄ရက္
ကေလးအေရအတြက္ေပၚမႈတည္ၿပီး အိႏၵိယမွာ မီးဖြားခြင့္ရက္ရွည္ကို ေပးထားပါတယ္။ သူတို႔ဟာ သားဦးကေလး သို႔မဟုတ္ ဒုတိယေျမာက္ကေလးေမြးလွ်င္ အမ်ိဳးသမီးေတြဟာ ခြင့္ ၁၈၂ရက္ ရပါလိမ့္မယ္။ အမ်ိဳးသမီးဟာ ကေလး၃ေယာက္ေျမာက္ထက္ပိုၿပီး ေမြးမယ္ဆိုရင္ သူမရဲ႕မီးဖြားခြင့္က ၈၄ရက္သာ ၾကာပါလိမ့္မယ္။

၁၂။ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု

မိဘအုပ္ထိန္းခြင့္ရက္ရွည္- ၄၅ရက္
အမ်ိဳးသမီးရဲ႕ အလုပ္ေပၚ မူတည္ၿပီး UAE မွာ မီးဖြားခြင့္ေပးထားပါတယ္။ ပုဂၢလိကကုမၸဏီမွာ အလုပ္လုပ္တဲ့ အမ်ိဳးသမီးဟာ မေမြးခင္ႏွင့္ ေမြးၿပီးေနာက္ကို ခြင့္ရက္ရွည္ ၄၅ရက္ ရရွိပါလိမ့္မယ္။ အစိုးရအလုပ္လုပ္တဲ့ အမ်ိဳးသမီးျဖစ္လွ်င္ မီးဖြားခြင့္ ရက္ ၉၀ ရရွိပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here