ဘယ်လိုအကြောင်းအရင်းတွေကြောင့် သင့်ကလေးငိုကြွေးနေရတာလဲ

0
123
- Advertisement -

ကလေးတစ်ယောက်အနေနဲ့ ငိုကြွေးတယ်ဆိုတာဟာ သာမန်ဖြစ်လေ့ဖြစ်ထ ကိစ္စတစ်ရပ်ဖြစ်သလို မိဘတွေအနေနဲ့လည်း မကြာမကြာငိုကြွေးတတ်တဲ့ ကလေးကြောင့် စိတ်ရှုပ်ရတာကလည်း ပုံမှန်ပါပဲ။ ကလေးက စကားကောင်းကောင်းမပြောတတ်ခင်မှာ ကိုယ့်ကလေးက ဘာကြောင့် ငိုလို့ငိုမှန်းမသိ အဖြေရှာမရဘူးဆိုရင် ပိုပြီးတော့တောင် ပင်ပန်းရပါသေးတယ်။ ဒါကြောင့် ကလေးငိုတိုင်း အတင်းတိတ်ခိုင်းနေတာမျိုးမလုပ်ဘဲ သူဘာကြောင့်ငိုနေသလဲဆိုတာကို အရင်ဆုံးအဖြေရှာကြည့်ပြီးမှ အငိုတိတ်အောင်ချော့တာ အကောင်းဆုံးဖြစ်ပါတယ်။

၁။ အရမ်းပင်ပန်းနေလို့

ကလေးတွေ ငိုကြွေးရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုကတော့ အရမ်းပင်ပန်းသလိုခံစားရခြင်းကြောင့်ဖြစ်ပြီး ထိုကနေတဆင့် စိတ်ရှုပ်စိတ်ဆိုးတဲ့ အမူအယာတွေပါ ပါလာတတ်ပါတယ်။ ကလေးဝုန်းဒိုင်းကြဲသမျှကို ကာကွယ်လို့တော့မရပေမယ့်လည်း သူတို့အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်မှန်မှန်နဲ့ အိပ်ခိုင်းသင့်ပါတယ်။ ကလေးတွေပင်ပန်းနေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတွေကတော့ မျက်လုံးတွေပွတ်သပ်ခြင်း၊ သမ်းခြင်း၊ မျက်လုံးစဥ်းခြင်း စသည်တို့ဖြစ်ပါတယ်။

၂။ ဗိုက်ဆာလို့

လူကြီးတွေတောင်မှ ဗိုက်ဆာတတ်ကြသေးတာပဲ မဟုတ်ပါလား။ စကားမပြောတတ်သေးတဲ့ ကလေးငယ်တွေအနေနဲ့ တစ်ရေးအိပ်နေရာကနေ လန့်နိုးလာတာက ဗိုက်လာလို့ဖြစ်နိုင်သလို သို့မဟုတ် နောက်ဆုံးစားထားတာက ၃ နာရီကနေ ၄ နာရီလောက်ခြားသွားပြီဆိုရင်လည်း ငိုကြွေးတတ်ကြပါတယ်။ ဒါကြောင့် သူ့ကိုကျွေးထားတဲ့အချိန်လေးတွေကို အမြဲမှတ်ထားပြီးတော့ နည်းနည်းချင်းစီ ကျွေးကြည့်ပါ။

၃။ အဆော့လွန်သွားလို့

ခုန်ဆွခုန်ဆွလုပ်လို့ရတဲ့နေရာတွေ သို့မဟုတ် မွေးနေ့ပွဲတွေလို ရှုပ်ထွေးလူများလှတဲ့နေရာတွေက ကလေးတစ်ယောက်နေချင်တဲ့နေရာတွေဖြစ်ပါတယ်။ သို့သော်လည်း အချိန်ကြာလာသည့်အခါ ကလေးတွေအတွက် အရမ်းပင်ပန်းစရာဖြစ်လာနိုင်ပါတယ်။ သူတို့ခံစားရတာကို စကားလုံးနဲ့ဖော်ပြလို့မရတဲ့အခါ မျက်ရည်အဖြစ်နဲ့ ပြသတော့တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က အရမ်းဆူလောင်ပြီး လူတွေရှုပ်ထွေးလွန်းလှတဲ့နေရာမှာ ရောက်နေချိန် ကလေးက အကြောင်းအရင်းမရှိ ထငိုတယ်ဆိုရင်တော့ သူ့ကိုခဏ အနားပေးလိုက်ပါ။

၄။ အာရုံစိုက်တာခံချင်လို့

ကလေးက သူ့ဟာသူပျော်ပျော်ကြီး ဆော့ကစားနေလို့ ခဏကျောခိုင်းလိုက်တာနဲ့ ထငိုတော့တာမျိုးတွေ ရှိကြမှာပါ။ လူကြီးမိဘတွေရဲ့ အာရုံစိုက်တာခံရဖို့အတွက် ငိုကြွေးခြင်းကို လက်နက်တစ်ခုအနေနဲ့ သုံးရမယ်ဆိုတာကို နားလည်နေလို့ဖြစ်ပါတယ်။ အခုလိုအာရုံစိုက်ခံရဖို့ ကြိုးစားခြင်းကို တတ်နိုင်သမျှ မသိချင်ယောင်ဆောင်ပါ။ အချိန်ကြာလာရင် ဒီလိုလုပ်လို့လည်း အလုပ်မဖြစ်ဘူးဆိုတာကို သိလာပါလိမ့်မယ်။

၅။ တစ်ခုခုလိုချင်လို့

ငယ်ရွယ်တဲ့ကလေးငယ်တွေဟာ သူတို့လိုချင်တာနဲ့ လိုအပ်တာကြားက ခြားနားမှုကို သေချာနားမလည်ကြပါဘူး။ ဒါကြောင့် သူတို့တစ်ခုခုလိုချင်တာကို အခုချက်ချင်းလိုအပ်တယ်ဆိုပြီးတော့ မကြာခဏတွေးထင်တတ်ကြပါတယ်။ သည့်အတွက် သနားတဲ့အမူအယာကို ပြသဖို့အရေးကြီးတယ်ဆိုပေမယ့်လည်း သူတို့ရဲ့မျက်ရည်ကြောင့် သင့်အပြုအမူကို မပြောင်းလဲပစ်လိုက်ပါနဲ့။ လိုချင်တာကို ငိုယိုအော်ဟစ်ပြီး တောင်းမယ့်အစား ကောင်းကောင်းပြောတတ်အောင် သင်ကြားပေးပါ။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here