ဘယ်လိုအကြောင်းအရင်းတွေကြောင့် ညအိပ်ရာမဝင်ခင် ကလေးတွေကို ဖုန်းပေးမသုံးသင့်ဘူးလဲ

0
86
- Advertisement -

ကလေးတွေပူဆာလွန်းလို့ ငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းပေးသုံးတတ်တဲ့ မိဘတွေထဲမှာ သင်လည်းတစ်ဦးအပါအဝင်ဆိုရင်တော့ အခုပြောပြပေးမှာက သင့်အတွက် မကောင်းသတင်းဖြစ်နိုင်ပါတယ်။ နောက်ကနေ လိုက်မမှီနိုင်လောက်အောင် တိုးတက်လွန်းလှတဲ့ခေတ်ကြီးမှာ မိဘတွေဟာ သူတို့လုပ်နေတဲ့ အလုပ်တွေကို ကလေးတွေအနှောင့်အယှက်မပေးအောင်လို့ လွယ်လင့်တကူ ဖုန်းပေးသုံးတတ်ကြပါတယ်။

အိပ်ရာထဲမှာ စမတ်ဖုန်းတွေအသုံးပြုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သုတေသနများစွာတွေမှာလည်း ဖော်ပြပေးခဲ့ပြီးပြီဆိုပေမယ့် ညဖက် အိပ်ရာထဲရောက်ပြီဆိုတိုင်း ဖုန်းကိုသုံးနေကြမြဲပါပဲ။ ဒါကြောင့် မနက်အိပ်ရာနိုးတဲ့အခါ မူးနောက်နောက်ဖြစ်တယ်၊ စိတ်တိုတယ် စတာတွေကို ကြုံတွေ့ရလေ့ရှိတာက ဘယ်လိုအကြောင်းအရင်းတွေကြောင့်လဲဆိုတာ အားလုံးသိပြီးသားပါ။ ထိုနည်းတူပဲ သင့်ကလေးလည်း အိပ်ရာထဲမှာ မအိပ်နိုင်သေးဘဲ ဖုန်းကိုသုံးနေမယ်ဆိုရင်တော့ ဒီလိုအလားတူအခြေအနေမျိုးတွေ ကြုံတွေ့ရမှာဖြစ်ပါတယ်။

Pediatrics ဂျာနယ်တွင်း ဖော်ပြချက်အရ ကလေးတွေအိပ်ရေးမဝအောင် နှောင့်ယှက်နေတဲ့ နံပါတ်တစ်တရားခံက အိပ်ရာမဝင်ခင် စမတ်ဖုန်းတွေအသုံးပြုခြင်းပဲဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဦးနှောက်က ဖွံ့ဖြိုးနေဆဲအဆင့်မှာသာ ရှိသေးတာကြောင့် စမတ်ဖုန်းတွေ၊ တခြားလျှပ်စစ်ပစ္စည်းတွေက ထုတ်လွှတ်တဲ့ အပြာရောင်မီးက ခန္ဓာကိုယ်တွင်းလှုပ်ရှားမှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

မိဘတွေအနေနဲ့ ဘာလုပ်သင့်သလဲ

ဦးစားပေးအနေနဲ့ မိဘတွေလုပ်သင့်တာကတော့ ကလေးတွေကို နာရီပေါင်းမြောက်မြားစွာ စမတ်ဖုန်းတွေနဲ့ ဂိမ်းဆော့တာ၊ ဗီဒီယိုကြည့်တာမျိုး လုံးဝပေးမလုပ်ပါနဲ့။ ဒီအစား ပုံမှန်စာဖတ်တတ်တဲ့အလေ့အကျင့်ကောင်းကို မွေးမြူတတ်အောင် တွန်းအားပေးပြီး လွတ်လွတ်လပ်လပ်ဆော့ကစားစေပါ။

ဒုတိယအချက်အနေနဲ့ ကလေးတွေမအိပ်ခင် ၂ နာရီအလိုလောက်ကတည်းက ဖုန်းတွေသိမ်းလိုက်ပါ။ ဒါဆိုရင် ကိုယ့်နောက်ကွယ်မှာ မအိပ်သေးဘဲနဲ့ ဖုန်းတွေခိုးသုံးနေတာမျိုးကို ရှောင်နိုင်ပါလိမ့်မယ်။

#Chit_May_May

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here