ဘယ်လိုအခြေအနေမျိုးတွေမှာ သားသမီးတွေအတွက် မိဘတွေက ကိုယ်စားလိုက်မလုပ်ပေးသင့်ဘူးလဲ

0
18

မိဘတွေလောက် ကမ္ဘာပေါ်မှာ သားသမီးတွေကို ချစ်နိုင်မယ့်လူဆိုတာ မရှိပါဘူး။ ဒါကြောင့်လည်း သားသမီးတွေကို ငယ်စဥ်ကတည်းက အရိပ်တကြည့်ကြည့် ကြည့်လာခဲ့ကြပြီး လိုလေသေးမရှိ အကုန်လုပ်ပေးကြတာပေါ့။ ချစ်လွန်းလို့ သားသမီးတွေတစ်ခုခု လိုအပ်ပြီဆိုတာနဲ့ ရှေ့ဆုံးကနေ အရင်ဆုံးလုပ်ကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ချစ်တာကလည်း အတိုင်းအတာတစ်ခုထိပဲရှိသင့်ပါတယ်။ သားသမီးတွေရဲ့ဘဝကို လူကြီးတွေက အစားထိုးပြီးနေပေးလို့မရတာကြောင့် သူတို့လေးတွေ ကိုယ်ပိုင်အတွေ့အကြုံရှာပြီးတော့ အရွယ်ရောက်လာဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးသင့်ပေမယ့်လည်း အလွန်အကျူးတော့ မဖြစ်သင့်ပါဘူးနော်။

ဒါဆိုရင် ဘယ်လိုအခြေအနေတွေမှာ သားသမီးတွေအစား မလုပ်ပေးသင့်ဘူးလဲ။

၁။ သူတို့ကိုယ်စား စကားပြောပေးခြင်း

တခြားလူကြီးမိဘတွေက ကလေးငယ်တွေကို “နာမည်ဘယ်လိုခေါ်လဲ” လို့ မေးလိုက်တဲ့အချိန်မှာ မိဘတွေက ချက်ချင်းဝင်ဖြေပေးတတ်ကြပါတယ်။ ကလေးငယ်စကားမပြောတတ်သေးတဲ့အချိန်ထိပဲ ဒီလိုမျိုးကူညီပေးသင့်ပြီး ဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်ထိ လိုက်ပြောပေးနေလို့မရပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ စတိုးဆိုင်၊ အိမ်နဲ့ တခြားနေရာတွေအစုံမှာပါ မိဘတွေက ကိုယ်စားလိုက်ဖြေပေးနေကြပါတယ်။

၂။ သူတို့ရဲ့သူငယ်ချင်းအဖြစ် နေလိုခြင်း

မိဘအများစုက သူတို့ရဲ့ကလေးငယ်တွေနဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတတ်ကြသလို သူတို့ဆီကနေ ဘာလျှို့ဝှက်ချက်မှ မဖုံးကွယ်စေချင်ကြပါဘူး။ ဒါကတော့ မိဘအနေနဲ့ ဖြစ်သင့်တဲ့ကိစ္စဆိုပေမယ့်လည်း သေချာနက်နက်နဲနဲ စဥ်းစားကြည့်မယ်ဆိုရင် သူတို့လေးတွေနဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်စရာမလိုပါဘူး။ သူတို့ရဲ့သူငယ်ချင်းတွေကို သူတို့ရွယ်တူထဲကပဲ ရှာခိုင်းပြီးတော့ မိဘနှစ်ပါးကတော့ လိုအပ်တဲ့အချစ်နဲ့ထောက်ပံ့မှုကို ပေးလိုက်ပါ။

၃။ လိုအပ်တာနဲ့ လိုချင်တာ

သကြားလုံးထက် ပန်းဂေါ်ဖီစိမ်းက ပိုကျန်းမာပြီးတော့ ရှူးဖိနပ်အသစ်တွေက အရုပ်တွေထက် အများကြီးအသုံးဝင်တယ်ဆိုတာကို အားလုံးသေချာသိပါတယ်။ ဒါကြောင့်လည်း သူတို့ဘာလိုလဲဆိုတာကို ကိုယ်ကရှေ့ကနေပြီး ပြောပြနေတာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းရဲ့ အကျိုးဆက်က ကလေးငယ်ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတွေ၊ ရည်မှန်းချက်တွေကို ဖိနှိပ်ချိုးနှိမ်သလိုဖြစ်စေပါတယ်။ ဒါကြောင့် လိုအပ်တာနဲ့ လိုချင်တာကို သေချာခွဲထားပြီးတော့ ကောင်းတဲ့အချက်တွေကိုသင်ပေးမယ်ဆိုရင် ကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘဲနဲ့ အေးအေးဆေးဆေး ပြောပြပါ။

၄။ နေရာတကာ ကူပေးတာ

၂ နှစ်အရွယ်၊ ၃ နှစ်အရွယ် ကလေးငယ်တွေဟာ သူတို့ရဲ့အဝတ်အစားတွေကို သူတို့ကိုယ်တိုင် ဝတ်တတ်၊ ချွတ်တတ်နေပြီ၊ ခွက်တွေဆေးတတ်နေပြီ၊ ညစ်ပတ်တဲ့အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ ထည့်တတ်နေပါပြီ။ ဒီလိုအသက်ရောက်လာပြီဆိုရင် သူတို့ကိုယ်တိုင် အရာရာကို လုပ်ကြည့်ချင်လာကြပါပြီ။ ဒါပေမယ့် မိဘတစ်ချို့ကတော့ လူပျိုအရွယ်ဖြစ်လာတာတောင် နောက်ကနေ အကုန်လိုက်လုပ်ပေးနေဆဲပါပဲ။

၅။ သူတို့အကြိုက်ကို ဆုံးဖြတ်ပေးတာ

မိဘအများစုအနေနဲ့ သူတို့ရဲ့အကြိုက်တွေ၊ သူတို့ရဲ့စတိုင်လ်တွေကို သားသမီးတွေဆီမှာ ရိုက်သွင်းတတ်ကြပါတယ်။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာဆိုပေမယ့်လည်း သားသမီးရဲ့ ကိုယ်ပိုင်စွမ်းရည်ကို မှေးမှိန်သွားစေနိုင်ပါတယ်။

၆။ သူတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံကို ကိုင်တွယ်ခြင်း

ကလေးငယ်တိုင်းဟာ လူကြီးမိဘတွေဆီကနေ မုန့်ဖိုးလေးတွေရတတ်ကြပြီး ရလာတဲ့မုန့်ဖိုးတွေ ဘယ်လောက်ရှိတယ်၊ ဘယ်လိုလုပ်မယ်ဆိုပြီးတော့ ဝင်မပြောသင့်ပါဘူး။ အဆိုးဆုံးကတော့ သူတို့ရဲ့အိတ်တွေနဲ့ ဘောင်းဘီအိတ်၊ အကျီအိတ်တွေကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ရှာခြင်းပါပဲ။ ဒီလိုအပြုအမူဟာ မိဘနဲ့သားသမီးကြား ယုံကြည်မှုကို ရိုက်ချိုးလိုက်သလိုဖြစ်စေပါတယ်။

၇။ သူတို့ရဲ့ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကို ရွေးချယ်ပေးခြင်း

ဥပမာပြောရရင် အမေတစ်ယောက်က သမီးဖြစ်သူကို တယောသင်တန်းတွေ အပတ်တိုင်း မှန်မှန်တက်ခိုင်းပြီး ဖခင်ဖြစ်သူကတော့ သားဖြစ်သူကို မနက်တိုင်း ဘောလုံးကန်ခိုင်းတာမျိုးတွေပါ။ ဒီလိုအပြုအမူတွေကို ပုံမှန်ပြုလုပ်ပေးပြီး သူတို့လိုချင်တဲ့ ဖြစ်စေချင်တဲ့ ဝါသနာကို သားသမီးတွေဆီမှာ ရိုက်သွင်းတတ်ကြပါတယ်။ အခုလိုလုပ်မယ့်အစား စိတ်ရှည်ရှည်နဲ့ သားသမီးတွေကို စောင့်ကြည့်ပါ။ သူတို့ဝါသနာပါရာ၊ စိတ်ဝင်စားရာကို လေ့လာပြီးတော့ ထိုနယ်ပယ်မှာ အကောင်းဆုံးဖြစ်အောင် တွန်းအားပေးပါ။

Chit_MayMay

Thinzar

Ref-brightside

Zawgyi

ဘယ္လိုအေျခအေနမ်ိဳးေတြမွာ သားသမီးေတြအတြက္ မိဘေတြက ကိုယ္စားလိုက္မလုပ္ေပးသင့္ဘူးလဲ

မိဘေတြေလာက္ ကမာၻေပၚမွာ သားသမီးေတြကို ခ်စ္ႏိုင္မယ့္လူဆိုတာ မရွိပါဘူး။ ဒါေၾကာင့္လည္း သားသမီးေတြကို ငယ္စဥ္ကတည္းက အရိပ္တၾကည့္ၾကည့္ ၾကည့္လာခဲ့ၾကၿပီး လိုေလေသးမရွိ အကုန္လုပ္ေပးၾကတာေပါ့။ ခ်စ္လြန္းလို႔ သားသမီးေတြတစ္ခုခု လိုအပ္ၿပီဆိုတာနဲ႔ ေရွ႕ဆုံးကေန အရင္ဆုံးလုပ္ၾကတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ခ်စ္တာကလည္း အတိုင္းအတာတစ္ခုထိပဲရွိသင့္ပါတယ္။ သားသမီးေတြရဲ႕ဘဝကို လူႀကီးေတြက အစားထိုးၿပီးေနေပးလို႔မရတာေၾကာင့္ သူတို႔ေလးေတြ ကိုယ္ပိုင္အေတြ႕အႀကဳံရွာၿပီးေတာ့ အ႐ြယ္ေရာက္လာဖို႔အတြက္ တစ္ဖက္တစ္လမ္းကေန ကူညီေပးသင့္ေပမယ့္လည္း အလြန္အက်ဴးေတာ့ မျဖစ္သင့္ပါဘူးေနာ္။

ဒါဆိုရင္ ဘယ္လိုအေျခအေနေတြမွာ သားသမီးေတြအစား မလုပ္ေပးသင့္ဘူးလဲ။

၁။ သူတို႔ကိုယ္စား စကားေျပာေပးျခင္း

တျခားလူႀကီးမိဘေတြက ကေလးငယ္ေတြကို “နာမည္ဘယ္လိုေခၚလဲ” လို႔ ေမးလိုက္တဲ့အခ်ိန္မွာ မိဘေတြက ခ်က္ခ်င္းဝင္ေျဖေပးတတ္ၾကပါတယ္။ ကေလးငယ္စကားမေျပာတတ္ေသးတဲ့အခ်ိန္ထိပဲ ဒီလိုမ်ိဳးကူညီေပးသင့္ၿပီး ဆယ္ေက်ာ္သက္အ႐ြယ္ေရာက္တဲ့အခ်ိန္ထိ လိုက္ေျပာေပးေနလို႔မရပါဘူး။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ စတိုးဆိုင္၊ အိမ္နဲ႔ တျခားေနရာေတြအစုံမွာပါ မိဘေတြက ကိုယ္စားလိုက္ေျဖေပးေနၾကပါတယ္။

၂။ သူတို႔ရဲ႕သူငယ္ခ်င္းအျဖစ္ ေနလိုျခင္း

မိဘအမ်ားစုက သူတို႔ရဲ႕ကေလးငယ္ေတြနဲ႔ သူငယ္ခ်င္းျဖစ္ဖို႔ ႀကိဳးစားတတ္ၾကသလို သူတို႔ဆီကေန ဘာလွ်ိဳ႕ဝွက္ခ်က္မွ မဖုံးကြယ္ေစခ်င္ၾကပါဘူး။ ဒါကေတာ့ မိဘအေနနဲ႔ ျဖစ္သင့္တဲ့ကိစၥဆိုေပမယ့္လည္း ေသခ်ာနက္နက္နဲနဲ စဥ္းစားၾကည့္မယ္ဆိုရင္ သူတို႔ေလးေတြနဲ႔ အရမ္းရင္းႏွီးတဲ့သူငယ္ခ်င္းျဖစ္စရာမလိုပါဘူး။ သူတို႔ရဲ႕သူငယ္ခ်င္းေတြကို သူတို႔႐ြယ္တူထဲကပဲ ရွာခိုင္းၿပီးေတာ့ မိဘႏွစ္ပါးကေတာ့ လိုအပ္တဲ့အခ်စ္နဲ႔ေထာက္ပံ့မႈကို ေပးလိုက္ပါ။

၃။ လိုအပ္တာနဲ႔ လိုခ်င္တာ

သၾကားလုံးထက္ ပန္းေဂၚဖီစိမ္းက ပိုက်န္းမာၿပီးေတာ့ ရႉးဖိနပ္အသစ္ေတြက အ႐ုပ္ေတြထက္ အမ်ားႀကီးအသုံးဝင္တယ္ဆိုတာကို အားလုံးေသခ်ာသိပါတယ္။ ဒါေၾကာင့္လည္း သူတို႔ဘာလိုလဲဆိုတာကို ကိုယ္ကေရွ႕ကေနၿပီး ေျပာျပေနတာျဖစ္ပါတယ္။ ဒီလိုလုပ္ျခင္းရဲ႕ အက်ိဳးဆက္က ကေလးငယ္ရဲ႕ ကိုယ္ပိုင္စိတ္ဆႏၵေတြ၊ ရည္မွန္းခ်က္ေတြကို ဖိႏွိပ္ခ်ိဳးႏွိမ္သလိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ လိုအပ္တာနဲ႔ လိုခ်င္တာကို ေသခ်ာခြဲထားၿပီးေတာ့ ေကာင္းတဲ့အခ်က္ေတြကိုသင္ေပးမယ္ဆိုရင္ ၾကမ္းၾကမ္းတမ္းတမ္းမဟုတ္ဘဲနဲ႔ ေအးေအးေဆးေဆး ေျပာျပပါ။

၄။ ေနရာတကာ ကူေပးတာ

၂ ႏွစ္အ႐ြယ္၊ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ေတြဟာ သူတို႔ရဲ႕အဝတ္အစားေတြကို သူတို႔ကိုယ္တိုင္ ဝတ္တတ္၊ ခြၽတ္တတ္ေနၿပီ၊ ခြက္ေတြေဆးတတ္ေနၿပီ၊ ညစ္ပတ္တဲ့အဝတ္အစားေတြကို အဝတ္ေလွ်ာ္စက္ထဲ ထည့္တတ္ေနပါၿပီ။ ဒီလိုအသက္ေရာက္လာၿပီဆိုရင္ သူတို႔ကိုယ္တိုင္ အရာရာကို လုပ္ၾကည့္ခ်င္လာၾကပါၿပီ။ ဒါေပမယ့္ မိဘတစ္ခ်ိဳ႕ကေတာ့ လူပ်ိဳအ႐ြယ္ျဖစ္လာတာေတာင္ ေနာက္ကေန အကုန္လိုက္လုပ္ေပးေနဆဲပါပဲ။

၅။ သူတို႔အႀကိဳက္ကို ဆုံးျဖတ္ေပးတာ

မိဘအမ်ားစုအေနနဲ႔ သူတို႔ရဲ႕အႀကိဳက္ေတြ၊ သူတို႔ရဲ႕စတိုင္လ္ေတြကို သားသမီးေတြဆီမွာ ႐ိုက္သြင္းတတ္ၾကပါတယ္။ ေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႔ ဒီလိုလုပ္တာဆိုေပမယ့္လည္း သားသမီးရဲ႕ ကိုယ္ပိုင္စြမ္းရည္ကို ေမွးမွိန္သြားေစႏိုင္ပါတယ္။

၆။ သူတို႔ရဲ႕ ကိုယ္ပိုင္ ပိုက္ဆံကို ကိုင္တြယ္ျခင္း

ကေလးငယ္တိုင္းဟာ လူႀကီးမိဘေတြဆီကေန မုန႔္ဖိုးေလးေတြရတတ္ၾကၿပီး ရလာတဲ့မုန႔္ဖိုးေတြ ဘယ္ေလာက္ရွိတယ္၊ ဘယ္လိုလုပ္မယ္ဆိုၿပီးေတာ့ ဝင္မေျပာသင့္ပါဘူး။ အဆိုးဆုံးကေတာ့ သူတို႔ရဲ႕အိတ္ေတြနဲ႔ ေဘာင္းဘီအိတ္၊ အက်ီအိတ္ေတြကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ လိုက္ရွာျခင္းပါပဲ။ ဒီလိုအျပဳအမူဟာ မိဘနဲ႔သားသမီးၾကား ယုံၾကည္မႈကို ႐ိုက္ခ်ိဳးလိုက္သလိုျဖစ္ေစပါတယ္။

၇။ သူတို႔ရဲ႕ဝါသနာနဲ႔ စိတ္ဝင္စားမႈေတြကို ေ႐ြးခ်ယ္ေပးျခင္း

ဥပမာေျပာရရင္ အေမတစ္ေယာက္က သမီးျဖစ္သူကို တေယာသင္တန္းေတြ အပတ္တိုင္း မွန္မွန္တက္ခိုင္းၿပီး ဖခင္ျဖစ္သူကေတာ့ သားျဖစ္သူကို မနက္တိုင္း ေဘာလုံးကန္ခိုင္းတာမ်ိဳးေတြပါ။ ဒီလိုအျပဳအမူေတြကို ပုံမွန္ျပဳလုပ္ေပးၿပီး သူတို႔လိုခ်င္တဲ့ ျဖစ္ေစခ်င္တဲ့ ဝါသနာကို သားသမီးေတြဆီမွာ ႐ိုက္သြင္းတတ္ၾကပါတယ္။ အခုလိုလုပ္မယ့္အစား စိတ္ရွည္ရွည္နဲ႔ သားသမီးေတြကို ေစာင့္ၾကည့္ပါ။ သူတို႔ဝါသနာပါရာ၊ စိတ္ဝင္စားရာကို ေလ့လာၿပီးေတာ့ ထိုနယ္ပယ္မွာ အေကာင္းဆုံးျဖစ္ေအာင္ တြန္းအားေပးပါ။

Chit_MayMay

Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here