ဘယ်လိုအခြေအနေမျိုးမှာမဆို ကလေးတွေကို သင်လုံးဝမပြောသင့်သောစကားများ

0
232
- Advertisement -

ကလေးတွေနှင့် စကားပြောတဲ့အခါ မိဘတွေက သူတို့ဘာပြောတယ်ဆိုတာနဲ့ ဘယ်လိုပြောဆိုနေတယ်ဆိုတာ သေချာစွာစဥ်းစားခဲပါတယ်။ စကားလုံးတစ်လုံးလေးတောင်မှ ကလေးရဲ့ ပျက်စီးလွယ်စေတဲ့ မိမိကိုယ်ကိုယ်လေးစားမှုကို ထိခိုက်စေရုံသာမက ၎င်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာတော့ ကလေးတစ်ဦးရဲ့ ဘဝကို လုံးလုံးပျက်စီးစေနိုင်တဲ့ အသုံးအနှုန်းငါးခုကို မျှဝေပေးထားပါတယ်။ မိခင်တွေ၊ ဖခင်တွေ၊ အဘိုးအဘွားတွေအနေနဲ့ ကျေးဇူးပြုပြီး ဒီစကားလုံးတွေကို လုံးဝမပြောဖို့ အကြံပြုချင်ပါတယ်။

၁။ မင်းက ဘာကိုမှမလုပ်နိုင်ဘူး (ဘယ်နေရာမှ အသုံးမကျဘူး)

ဒီစကားလုံးဟာ သင့်ကလေးကို မကြိုးစားခင်မှာ လက်လျှော့အရှုံးပေးလိုက်ချင်စိတ်ဖြစ်ပေါ်လာစေတဲ့ စကားလုံးဖြစ်ပါတယ်။ ဘယ်လိုရလဒ်တွေမှ ရရှိမလာဘူးဆိုရင် သူမဘာကြောင့် ကြိုးစားအားထုတ်ရမှာလဲ။ သူတို့ရဲ့ အရင်းနှီးသူတွေတောင်မှ မယုံကြည်ဘူးလို့ သူတို့ခံစားရတဲ့အခါ ဘယ်လိုကလေးမျိုးမဆို အမှားတွေကို လုပ်ဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီစကားလုံးကို လုံးဝမပြောပါနဲ့။

- Advertisement -

၂။ မင်းက ဘာလို့တစ်ခြားကလေးတွေလို ပုံမှန်မဟုတ်ရတာလဲ

သင့်ကလေးကို သူမရဲ့ မွေးချင်းတွေ၊ ရွယ်တူချင်းတွေ (သို့) အခြားလူတွေနှင့် မနှိုင်းယှဥ်ပါနှင့်။ ၎င်းက ကလေးတွေအနေနဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို စတင်သံသယဝင်လာနိုင်ပြီးတော့ နှိုင်းယှဥ်ချီးမွမ်းသူတွေကို ကလဲ့စားချေတာတွေဖြစ်လာနိုင်ပါတယ်။

၃။ ဒါပေမယ့် ဒါက အရမ်းလွယ်ကူပါတယ်

ကြယ်သီးတတ်ဖို့ (သို့)စက်ဘီးစီးဖို့ဘယ်လိုလေ့လာရမယ်ဆိုတာ အလွန်လွယ်ကူကြောင်းသင့်ကလေးကို ပြောပြခြင်းက သင်က သူတို့ကိုကျွမ်းကျင်မှုမရှိဘူးလို့ သင်တွေးနေကြောင်း သင့်ကလေးကို အသိပေးသလိုဖြစ်နေပါတယ်။ ကလေးရဲ့ မိမိကိုယ်ကိုယ်လေးစားမှုနှင့်အတူ ဘာဖြစ်မယ်လို့သင်တွေးနေတာပါလဲ။ အောင်မြင်မှုအသစ်အတွက် သင့်သား (သို့) သမီးကို ချီးမွမ်းသင့်ပါတယ်။

၄။ ဒါတွေကို အမေလုပ်ပါရစေ

အလွန်အမင်းဂရုစိုက်ခြင်းက မိဘတွေရဲ့ ဂရုမစိုက်မှုလိုပဲ အန္တရာယ်များပါတယ်။ သင့်ကလေးတွေကို ငယ်ငယ်လေးကတည်းက အမှီအခိုကင်းကင်းနေတတ်ဖို့ သင်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကလေးတွေက သူတို့ဘာမှမလုပ်နိုင်ဘူးလို့ စဥ်းစားလာကြပါတယ်။

၅။ ”မင်းအမှား လုပ်လိုက်ပြန်ပြီလား”

ကြင်နာတတ်တဲ့ မိဘတွေတောင်မှ တစ်ခါတရံမှာ ကလေးတွေရဲ့ အမှားတွေကို ထောက်ပြဖို့တိုက်တွန်းကြပါတယ်။ သို့ပေမယ့် သင့်ကလေးက အမှားတွေကို လုပ်မိတာက အလွန်ကောင်းပါတယ်။ သူအမှားတစ်ခုခုလုပ်ခဲ့သလား။ ကောင်းပါပြီ ဆိုလိုတာက သူဟာ တစ်ခုခုလုပ်နေတယ်ဆိုတာပါပဲ။

Chit_May_May

Nyein_Thu

ref-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here