ဘယ်လိုအရာတွေက မိခင်တစ်ယောက်လိုမျိုး နွေးထွေးပြီး ထူးဆန်းတဲ့ခံစားချက်တွေ ခံစားစေခဲ့တာလဲ?

0
69
- Advertisement -

မိခင်ဘဝနှင့် ပတ်သက်ပြီး ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ကျွန်မတို့အများစုဟာ မိခင်တစ်ဦးအဖြစ် စတင်ခံစားခဲ့ရကြောင်း ပထမဆုံးအကြိမ်ဆိုတာကို ပိုင်ဆိုင်ခဲ့ဖူးကြပါတယ်။ သို့ပေမယ့် တိကျသောအခိုက်အတန့်တွေကတော့ မိခင်တစ်ယောက်နှင့် တစ်ယောက်မတူညီကြပါဘူး။ သို့ပေမယ့် ထူးခြားတဲ့အခိုက်အတန့်တွေဖြစ်ပါတယ်။

တစ်ချို့မိခင်တွေကတော့ ကိုယ်ဝန်စမ်းသပ်မှုအောင်မြင်တဲ့အခါ မိခင်တစ်ယောက်ရဲ့ခံစားချက်မျိုးကို ချက်ချင်းခံစားရတာဖြစ်နိုင်ပြီး တစ်ချို့မိခင်တွေအတွက်ကျတော့ ပထမဆုံးအကြိမ် ဘေဘီလေးကန်တဲ့အခါမျိုးမှာ မိခင်စိတ်ဖြစ်ပြီး တစ်ချို့မေမေတို့မှာတော့ ဘေဘီလေးတွေကို ပွေ့ချီလိုက်တဲ့အချိန်မှာမှ မိခင်စိတ်ဆိုတာ ချက်ချင်းပေါက်ဖွားလာတတ်တာမျိုးပါ။

မိခင်တစ်ယောက်လို ခံစားရဖို့ ဘယ်အရာက လှုံ့ဆော်ခဲ့သလဲ

- Advertisement -

ဒီနေ့ မိခင်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို မျှဝေချင်ပါတယ်။ သူမက မိခင်တစ်ယောက်အဖြစ် နွေးထွေးတဲ့ ခံစားချက်တွေကို ဒီလိုအချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်လို့ ပြောပါတယ်။ သင်ဟာ ဘယ်လိုမိခင်ပဲဖြစ်နေပါစေ ထူးဆန်းနွေးထွေးတဲ့ခံစားချက်တွေ ခံစားရတဲ့ ကာလတွေဟာ အခုဖော်ပြပေးမယ့်အချက်တွေနှင့်တော့ ဆက်စပ်နေလိမ့်မယ်ဆိုတာ သေချာပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အတွင်း သူမရဲ့ ဘေဘီလေးကြီးပြင်းလာပြီလို့ သတိထားမိတဲ့အခါ

သူမရဲ့ ကြီးထွားလာတဲ့ ဝမ်းဗိုက်ကို ကြည့်ပြီး အတွင်းမှာဖြစ်ပျက်နေတဲ့ အံ့ဩဖို့ကောင်းတဲ့အဖြစ်တွေကို ပြန်ပြောင်းစဉ်းစားမိပါတယ်။ တစ်ချက်တစ်ချက်ကန်လိုက်တဲ့အခါ အလွန်အားကောင်းတာကြောင့် ညဘက်တွေမှာ ကလေးရှိနေတယ်ဆိုတဲ့ အသိက သူမရဲ့ ကိုယ်ဝန်ကို ပိုဂရုစိုက်စောင့်ရှောက်စေခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာပဲ ပထမဆုံးအကြိမ် မိခင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ နွေးထွေးတဲ့ခံစားမှုတွေကို ခံစားရပါတယ်။

နို့တိုက်တဲ့အခါ မိခင်တစ်ယောက်လို ခံစားရစေတယ်

သူမက သူမရဲ့ ဘေဘီလေးကို နို့တိုက်တဲ့အခါ မိခင်တစ်ယောက်လို ခံစားမှုမျိုး၊ နွေးထွေးမျိုးခံစားရပြန်ပါတယ်။ ဒါဟာ ထူးဆန်းနေသလို အံ့ဩစရာခံစားချက်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းဟာ သူတို့အတွက်ပဲ ဖြစ်စေရမယ်ဆိုတဲ့ ခွန်အားမျိုးကို နို့ချိုတိုက်ကျွေးနေချိန်မှာ ရရှိပါသတဲ့။

နှလုံးကြေကွဲတဲ့အခါ

မိခင်တစ်ယောက်ဟာ ကလေးကြောင့် ဝမ်းနည်းပူဆွေးမှုတွေကို ခံစားရတဲ့အခါ မိခင်တစ်ယောက်လို ထူးခြားသောခံစားချက်မျိုးကို ခံစားရပါတယ်။ မိခင်ရဲ့ ကိုယ်ပိုင်ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်ဖြစ်တည်လာတာပါ။

ကလေးက သူမကို လိုအပ်တဲ့အချိန်မှာ မိခင်တစ်ယောက်လို ခံစားချက်မျိုး ဖြစ်ပေါ်လာတယ်

သူမရဲ့ ကလေးက သူ့ရဲ့ ဆံပင်ကို ဖြီးဖို့၊ သူ့ဖိနပ်ကို ချည်ဖို့ ဒါမှမဟုတ် အနှီးကို ပြောင်းလဲဖို့ လိုအပ်တဲ့အခါ သူမဟာ အမေတစ်ယောက်လို ခံစားရပါတယ်တဲ့။ ဘယ်လိုအချိန်မျိုး (သို့) ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကလေးက သူမကို လိုအပ်လာတဲ့အခါ မိခင်တစ်ယောက်လို ခံစားရပါတယ်တဲ့။ တစ်ချို့အချိန်တွေမှာလည်း ဘေဘီလေးကို ကြည့်လိုက်တဲ့အခါ ၊ သူ့ရဲ့ မျက်နှာသေးသေးလေးက ကြီးကျယ်ခမ်းနားသော အပြုံးတွေကို မြင်ရတဲ့အခါ တစ်ခုခုကို ယောင်ယမ်းပြီး လုပ်မိလိုက်သည်အထိ မိခင်စိတ်ဟာ အင်မတန်ထူးဆန်းစွာ ဖြစ်ပေါ်တတ်ပါတယ်။

မိခင်တစ်ဦးလို ဖြစ်တည်ခြင်းနှင့် ခံစားခြင်း

မိခင်တစ်ယောက်ဖြစ်ခြင်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးဗားရှင်းဖြစ်တယ်ဆိုတာ သံသယဝင်စရာမရှိပါဘူး။ မိခင်တစ်ယောက်ဖြစ်ခြင်းက ခွင့်လွှတ်ခြင်း၊ ကြိုးစားလုပ်ကိုင်ခြင်း၊ သနားကြင်နာတတ်ဖို့၊ ဖော်ရွေဖို့ ၊ စိတ်ရှည်ဖို့နှင့် နှိမ့်ချမှုရှိတတ်ဖို့ စတဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အထူးသဖြင့် လူသားတစ်ယောက်အတွက် ကိုယ်ကျိုးစွန့်ခြင်းဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ ဘေဘီလေးတွေက မိခင်တွေကို သင်ပေးနိုင်ပါတယ်။ Relationship တစ်ခု ခိုင်မြဲဖို့ နှောင်ကြိုးလေးတစ်ချောင်းဖြစ်သလို ချစ်ခြင်းမေတ္တာရဲ့ ပြယုဒ်လည်းဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ အခြားအရာတွေထက် သာလွန်ကြောင်း မေမေတို့ရဲ့ ဘေဘီလေးကြောင့် မေမေတို့ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here