ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ခံစားသိရှိစေဖို့အတွက် ကလေးငယ်တွေကို သင်ကြားပေးရမယ့် “ပျော်ရွှင်ဖွယ်စာရင်း”

0
43
- Advertisement -

ပျော်ရွှင်ဖွယ်စာရင်းသည် ကလေးငယ်များကို ရိုးရှင်းသောအရာများကို တန်ဖိုးထားတတ်စေရန် သင်ကြားပေးဖို့အတွက် အလွန်ထိရောက်သောနည်းလမ်းဖြစ်ပါတယ်။ ၎င်းသည် ရုပ်ဝတ္ထုပစ္စည်းများကို အသုံးမပြုဘဲ ကလေးငယ်တွေကို ကျေနပ်ရောင့်ရဲစေနိုင်ပါတယ်။

ယနေ့ခေတ်မှာ ကလေးငယ်တွေဟာ ကစားစရာတွေ၊ လက်ဆောင်ပစ္စည်းတွေကို များစွာလက်ခံရရှိပေမယ့် သိပ်မကြာခင်မှာဘဲ ငြီးငွေ့သွားပြီး ကစားစရာအသစ်တွေကို ထပ်လိုချင်လာပြန်ပါတယ်။ ဒီပျော်ရွှင်ဖွယ်စာရင်းကတော့ ဘဝရဲ့ရိုးရှင်းမှုတွေကို တန်ဖိုးထားတတ်စေဖို့နဲ့ ကြာရှည်တည်မြဲစွာ ပျော်ရွှင်မှုကိုခံစားရစေဖို့အတွက် ကလေးငယ်တွေကို ကူညီပေးတဲ့ နည်းလမ်းဘဲဖြစ်ပါတယ်။

ဘယ်လိုအရာတွေက ကလေးတွေကို ပျော်စေတာလဲလို့မေးတဲ့အခါ သူတို့ရဲ့ အဖြေဟာ အရုပ်အသစ်တွေ၊ ကားလေးတွေ၊ အင်္ကျီဂါဝန်လှလှလေးတွေ စသည်ဖြင့် မျိုးစုံကြားရနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ သူတို့ရဲ့ အတွေးတွေကို ထပ်မံဖြန့်ကျက်တွေးခေါ်ဖို့အတွက် နှိုးဆွပေးဖို့လိုပါတယ်။ မနက်ခင်းအိပ်ရာထကတည်းက ညအိပ်ရာဝင်ချိန်ထိ ဖြစ်ပျက်သောအရာတွေထဲမှာ ဘယ်လိုအရာတွေက သူတို့ကို ပျော်ရွှင်စေသလည်းဆိုတာမျိုးကို မေးမြန်းပြီး ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကို ရှာဖွေ့တွေ့ရှိစေနိုင်ပါတယ်။

- Advertisement -

ဒီ့နောက်မှာတော့ ကလေးငယ်တွေကို သူတို့ကို ပျော်ရွှင်စေတဲ့အရာမျိုး၊ ပျော်ရွှင်စေတဲ့ခံစားမှု၊ ပျော်ရွှင်စေတဲ့ကစားနည်းတွေကို ရေးမှတ်စေပြီး “ပျော်ရွှင်ဖွယ်စာရင်း” ကို ပြုလုပ်စေနိုင်ပါတယ်။ ဒါဟာ အလွန်အကျိုးဖြစ်ထွန်းမှုရှိပြီး သူတို့ရဲ့ ပတ်ဝန်းကျင်မှာ သူတို့ကိုပျော်ရွှင်စေတဲ့အရာများစွာရှိတာကို သိရှိသွားပြီး ရိုးရှင်းတဲ့ပျော်ရွှင်မှုအရသာကို အပြည့်အဝ ခံစားသွားစေနိုင်ပါတယ်။

ဒီနည်းစနစ်ဟာ သူတို့စိတ်ထဲရှိသမျှအရာအားလုံးကို စာရင်းထဲထည့်လို့ရသလို သူတို့ရဲ့ ကိုယ်ပိုင်ဝါသနာကို တွေ့ရှိနိုင်ဖို့အတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။ ဥပမာ- သူငယ်ချင်းတွေနဲ့ ကစားတာ၊ ပန်းခြံထဲလမ်းလျှောက်တာ၊ မေမေ့ဆီက အနမ်းတပွင့်ရတာ၊ ဘောလုံးကန်ရတာ စသည်ဖြင့် ရေးမှတ်စေလို့ရပြီး တပတ်တခါလောက်ဖြစ်ဖြစ် သူတို့ရဲ့ ပျော်ရွှင်စရာတွေကို မွမ်းမံကြည့်တဲ့အခါမှာ ထပ်ခါတလဲလဲပါရှိနေတဲ့ အရာမျိုးဟာ သူတို့ကို အမှန်တကယ်ပျော်ရွှင်စေတဲ့အရာဖြစ်ပြီး သူတို့ရဲ့ ဝါသနာအစစ်အမှန်လည်း ဖြစ်နိုင်တာကြောင့် ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့နည်းလမ်းတခုလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေဟာ မိမိကိုယ်ကို ပိုမိုသိကျွမ်းလာခြင်း၊ ပျော်ရွှင်မှုရဲ့ အရသာကို ခံစားမိခြင်း၊ မိမိရဲ့ ဝါသနာကို သိရှိသွားခြင်း၊ မိမိကိုယ်ကို တန်းဖိုးထားမှုနဲ့ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိသွားစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ မကြိုက်နှစ်သက်မှုမျိုး၊ ဝမ်းနည်းဒေါသထွက်စေတဲ့အရာမျိုးကိုလည်း ဒီစာရင်းကို ကြည့်ရှုပြီး သိရှိနိုင်သလို ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ သူတို့အတွက်ရှိနေတာမျိုးကိုလည်း သိရှိသွားစေနိုင်ပါတယ်။

ဒါကြောင့်မို့ ကလေးငယ်တွေကို ရုပ်ဝတ္ထုပျော်ရွှင်စရာတွေထက် စစ်မှန်တဲ့ စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုဆိုတာမျိုးကို သိရှိနားလည်စေဖို့အတွက် ရိုးရှင်းစွာအထောက်အကူဖြစ်စေတဲ့ “ပျော်ရွှင်ဖွယ်စာရင်း” ကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here