ကလေးငယ်ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုမှာ မိဘတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားစပြောတဲ့အချိန်မတူကြပါဘူး။ ပုံမှန်အားဖြင့် ကလေးတွေဟာ အသက် ၇လ ၈လဝန်းကျင်မှာ ဗလုံးဗထွေးနဲ့ စကားစတင်ပြောဖို့ ကြိုးစားပြီး အသက် ၁နှစ်ဆိုရင် စကားသံလေးတွေ ပီပီသသဖြစ်လာပါပြီ။ စကားပြောနောက်ကျတဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါက မိဘတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှုပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။ ကလေးရဲ့ ဘာသာစကားဖွံ့ဖြိုးမှု နှောင့်နှေးတဲ့ အခက်အခဲကို ကျော်လွှားကူညီနိုင်မယ့် အချို့သော လေ့ကျင့်ခန်းတွေ ရှိပါတယ်။
ကလေးမှာ ဘာသာစကားဖွံ့ဖြိုးမှု နှောင့်နှေးတာဟာ သူတို့ဖွံ့ဖြိုးမှုရဲ့ တခြားကဏ္ဍတွေမှာ ပြဿနာရှိတာမဟုတ်ပါဘူး။ သူတို့မှာ အသိဉာဏ်လျော့နည်းလို့လည်း မဟုတ်ပါဘူး။ ဒီလိုမျိုးဘာသာစကားပြဿနာတွေက ကလေးဘဝမှာသာ တွေ့ကြုံရတာပါ။ ဖြေရှင်းနည်းကတော့ ဘာသာစကားခက်ခဲတဲ့ကလေးတွေကို ဘယ်လိုကူညီရမလဲဆိုတာ သိရှိခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်ရဲ့ ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုကို ကူညီဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ ကတ်များ

ပထမဆုံး အသံတွေကို ရည်ညွှန်းထားတဲ့ ကတ်လေးတွေက ကလေးတွေကို အသံထွက်မှန်ကန်ဖို့ ကူညီနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ဂိမ်းအဖြစ် အသုံးပြုဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုက သူတို့ အသံတစ်ခုစီကို မှန်မှန်ကန်ကန်ထွက်တဲ့အခါ ကလေးကို ဆုချဖို့ ဖြစ်ပါတယ်။
၂။ မှန်လေ့ကျင့်ခန်း
မှန်နဲ့လေ့ကျင့်ပေးတာက အသံတွေနဲ့ စကားလုံးအသံထွက်တွေမှာ ပြဿနာရှိတဲ့ ကလေးတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ မှန်က စကားလုံး တစ်လုံးစီရဲ့ အသံထွက်ဖို့ နှင့် သူတို့ရဲ့ပါးစပ်လှုပ်ရှားမှုကို နည်းမှန်လမ်းမှန်သင်ပေးဖို့ ကူညီပေးပါတယ်။
၃။ ထပ်တလဲလဲပြောပေးခြင်း
စကားလုံးတွေကို ထပ်ခါထပ်ခါပြောပေးခြင်းက ဘာသာစကားခက်ခဲတဲ့ကလေးတွေကို ကူညီဖို့ အထိရောက်ဆုံးလေ့ကျင့်ခန်းများထဲက တစ်ခုဖြစ်ပါတယ်။
သို့သော်လည်း ထပ်တလဲလဲ ပြောတာကို ဖြည်းဖြည်းချင်း လုပ်ဆောင်သင့်ပါတယ်။
၄။ ကလေးကို စကားပြောပေးခြင်း

မိဘများနဲ့ မိသားစုဝင်များက ဘာသာစကားနှောင့်နှေးတဲ့ ကလေးနှင့်အတူ မကြာခဏ စကားပြောဆိုသင့်ပါတယ်။ ဒါက ကလေးကို မှန်ကန်စွာ ဆက်သွယ်ပြောဆိုနိုင်စေဖို့ နဲ့ စကားလုံးအသစ်တွေကို ကြားသိစေဖို့ အခွင့်အလမ်းပေးခြင်းဖြစ်ပါတယ်။ ကလေးရဲ့ နှုတ်ဖြင့်ပြောဆိုဆက်သွယ်မှုကို အားပေးအားမြှောက်ပြုရာလည်း ရောက်ပါတယ်။
၅။ သူတို့ရဲ့ စကားပြောကို ခိုင်မာစေဖို့
ကလေးငယ်တွေရဲ့ စကားပြောကျွမ်းကျင်မှုကို ခိုင်မာစေဖို့ သူတို့လိုချင်တဲ့အရာ တစ်ခုခုတောင်းတဲ့အခါ လက်အမူအယာ သုံးတာကို အားမကိုးဘဲ စကားလုံးတွေကို မှန်မှန်ကန်ကန်ပြောမှသာ သူတို့တောင်းတဲ့ အရာတွေကို ပေးတာ အကောင်းဆုံးပါ။ ဒါက သူတို့လိုချင်တာတွေ ရဖို့အတွက် ဘာသာစကားအသုံးပြုလာနိုင်စွမ်းကို လှုံ့ဆော်ပေးပါတယ်။
၆။ စာဖတ်ပြခြင်း

စာဖတ်ပြခြင်းက ကလေးရဲ့ဘာသာစကားကျွမ်းကျင်မှုကို ခိုင်မာစေဖို့ သင့်လျော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စာဖတ်ပြခြင်းဖြင့် သူတို့မှာ ဝေါဟာရအသစ်တွေ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ စာဖတ်ပြခြင်းဖြင့် သူတို့ပိုပြီးခက်ခဲတဲ့ စကားလုံးတွေကို အသံထွက်ဖို့နဲ့ ကောင်းမွန်တဲ့ စကားစုတွေကို တည်ဆောက်ဖို့ သင်ပေးပါ။
ဥပမာ- ပုံပြင်ဖတ်ပြခြင်းက သူတို့ရဲ့ ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းကိုလည်း လှုံ့ဆော်ကူညီပေးပါတယ်။
ဘာသာစကားခက်ခဲတဲ့ကလေးတွေရဲ့ မိဘတွေအတွက် အကြံပြုချက်များ
မိဘတွေအနေနဲ့ ကလေးတွေကို သူတို့အနားက လူတွေရဲ့ ပြောစကားကို နားထောင်စေခြင်း၊ အတုယူစေခြင်းဖြင့် ဘာသာစကားကို သင်ယူစေသင့်ပါတယ်။ ဒီအကြောင်းရင်းအတွက် သူတို့ကို စကားအများကြီးပြောပေးဖို့ အရေးကြီးပါတယ်။ သူတို့ကို စကားပြောတဲ့အခါ ရိုးရှင်းတဲ့ စကားလုံးနဲ့ ရှင်းရှင်းလင်းလင်း ပြောပေးရပါမယ်။
နို့တိုက်နေစဉ်အတွင်း ကလေးကို စကားပြောပေးဖို့ကလည်း အရေးကြီးပါတယ်။
အလားတူပဲ ၆လအရွယ်မှာ မိဘတွေဟာ ကလေးကို နေ့စဉ်စာဖတ်ပြသင့်ပါတယ်။ ရုပ်ပုံတွေနဲ့ ပုံပြင်များက ဘာသာစကားဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပါတယ်။
ရေချိုးတဲ့ အချိန်၊ အဝတ်အစားလဲတဲ့အချိန်မှာလည်း စကားပြောပေးပါ။ ဒါက သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သိရှိပြီး အဝတ်အစားတွေကိုလည်း ခွဲခြားသိရှိမှာပါ။
နောက်ဆုံးအနေနဲ့ မိဘတွေနဲ့ ကလေးအနားကသူတွေဟာ သူတို့အမှားတွေ ပြောလာရင် မရယ်သင့်ပါဘူး။ သူတို့ကို ပျက်ရယ်ပြုခြင်းက ဘာသာစကားပြဿနာများနှင့်အတူ ကလေးတွေမှာ သိသာထင်ရှားတဲ့ စိတ်ခံစားမှု ထိခိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Zawgyi Font
ဘာသာစကားခက္ခဲတဲ့ ကေလးကို ကူညီဖို႔ ေလ့က်င့္ခန္း (၆)ခု

ကေလးငယ္ရဲ႕ ဘာသာစကား ဖြံ႕ၿဖိဳးတိုးတက္မႈမွာ မိဘေတြရဲ႕ အခန္းက႑ဟာ အလြန္အေရးႀကီးပါတယ္။ ကေလးေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စကားစေျပာတဲ့အခ်ိန္မတူၾကပါဘူး။ ပံုမွန္အားျဖင့္ ကေလးေတြဟာ အသက္ ၇လ ၈လဝန္းက်င္မွာ ဗလံုးဗေထြးနဲ႔ စကားစတင္ေျပာဖို႔ ႀကိဳးစားၿပီး အသက္ ၁ႏွစ္ဆိုရင္ စကားသံေလးေတြ ပီပီသသျဖစ္လာပါၿပီ။ စကားေျပာေနာက္က်တဲ့ ကေလးေတြလည္း ရွိပါတယ္။ ဒါက မိဘေတြရဲ႕ ဂရုစိုက္ေစာင့္ေရွာက္မႈေပၚ မူတည္ၿပီး ကြဲျပားသြားပါတယ္။ ကေလးရဲ႕ ဘာသာစကားဖြံ႕ၿဖိဳးမႈ ေႏွာင့္ေႏွးတဲ့ အခက္အခဲကို ေက်ာ္လႊားကူညီႏိုင္မယ့္ အခ်ိဳ႕ေသာ ေလ့က်င့္ခန္းေတြ ရွိပါတယ္။
ကေလးမွာ ဘာသာစကားဖြံ႕ၿဖိဳးမႈ ေႏွာင့္ေႏွးတာဟာ သူတို႔ဖြံ႕ၿဖိဳးမႈရဲ႕ တျခားက႑ေတြမွာ ျပႆနာရွိတာမဟုတ္ပါဘူး။ သူတို႔မွာ အသိဥာဏ္ေလ်ာ့နည္းလို႔လည္း မဟုတ္ပါဘူး။ ဒီလိုမ်ိဳးဘာသာစကားျပႆနာေတြက ကေလးဘဝမွာသာ ေတြ႕ႀကံဳရတာပါ။ ေျဖရွင္းနည္းကေတာ့ ဘာသာစကားခက္ခဲတဲ့ကေလးေတြကို ဘယ္လိုကူညီရမလဲဆိုတာ သိရွိျခင္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးငယ္ရဲ႕ ဘာသာစကား ဖြံ႕ၿဖိဳးတိုးတက္မႈကို ကူညီဖို႔ လြယ္ကူ႐ိုးရွင္းတဲ့ နည္းလမ္းေလးေတြ ေဖာ္ျပေပးလုိက္ပါတယ္။
၁။ ကတ္မ်ား

ပထမဆံုး အသံေတြကို ရည္ညႊန္းထားတဲ့ ကတ္ေလးေတြက ကေလးေတြကို အသံထြက္မွန္ကန္ဖို႔႔ ကူညီႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းကို ဂိမ္းအျဖစ္ အသံုးျပဳဖို႔ ျဖစ္ပါတယ္။ ေနာက္တစ္ခုက သူတို႔ အသံတစ္ခုစီကို မွန္မွန္ကန္ကန္ထြက္တဲ့အခါ ကေလးကို ဆုခ်ဖို႔ ျဖစ္ပါတယ္။
၂။ မွန္ေလ့က်င့္ခန္း
မွန္နဲ႔ေလ့က်င့္ေပးတာက အသံေတြနဲ႔ စကားလံုးအသံထြက္ေတြမွာ ျပႆနာရွိတဲ့ ကေလးေတြအတြက္ အရမ္းအသံုးဝင္ပါတယ္။ မွန္က စကားလံုး တစ္လံုးစီရဲ႕ အသံထြက္ဖို႔ ႏွင့္ သူတို႔ရဲ႕ပါးစပ္လႈပ္ရွားမႈကို နညး္မွန္လမ္းမွန္သင္ေပးဖို႔ ကူညီေပးပါတယ္။
၃။ ထပ္တလဲလဲေျပာေပးျခင္း
စကားလံုးေတြကို ထပ္ခါထပ္ခါေျပာေပးျခင္းက ဘာသာစကားခက္ခဲတဲ့ကေလးေတြကို ကူညီဖို႔ အထိေရာက္ဆံုးေလ့က်င့္ခန္းမ်ားထဲက တစ္ခုျဖစ္ပါတယ္။
သို႔ေသာ္လည္း ထပ္တလဲလဲ ေျပာတာကို ျဖည္းျဖည္းခ်င္း လုပ္ေဆာင္သင့္ပါတယ္။
၄။ ကေလးကို စကားေျပာေပးျခင္း

မိဘမ်ားနဲ႔ မိသားစုဝင္မ်ားက ဘာသာစကားေႏွာင့္ေႏွးတဲ့ ကေလးႏွင့္အတူ မၾကာခဏ စကားေျပာဆိုသင့္ပါတယ္။ ဒါက ကေလးကို မွန္ကန္စြာ ဆက္သြယ္ေျပာဆိုႏိုင္ေစဖို႔ နဲ႔ စကားလံုးအသစ္ေတြကို ၾကားသိေစဖို႔ အခြင့္အလမ္းေပးျခင္းျဖစ္ပါတယ္။ ကေလးရဲ႕ ႏႈတ္ျဖင့္ေျပာဆိုဆက္သြယ္မႈကို အားေပးအားေျမွာက္ျပဳရာလည္း ေရာက္ပါတယ္။
၅။ သူတို႔ရဲ႕ စကားေျပာကို ခိုင္မာေစဖို႔
ကေလးငယ္ေတြရဲ႕ စကားေျပာကၽြမ္းက်င္မႈကို ခိုင္မာေစဖို႔ သူတို႔လိုခ်င္တဲ့အရာ တစ္ခုခုေတာင္းတဲ့အခါ လက္အမူအယာ သံုးတာကို အားမကိုးဘဲ စကားလံုးေတြကို မွန္မွန္ကန္ကန္ေျပာမွသာ သူတို႔ေတာင္းတဲ့ အရာေတြကို ေပးတာ အေကာင္းဆံုးပါ။ ဒါက သူတို႔လိုခ်င္တာေတြ ရဖို႔အတြက္ ဘာသာစကားအသံုးျပဳလာႏိုင္စြမ္းကို လံႈ႔ေဆာ္ေပးပါတယ္။
၆။ စာဖတ္ျပျခင္း

စာဖတ္ျပျခင္းက ကေလးရဲ႕ဘာသာစကားကၽြမ္းက်င္မႈကို ခိုင္မာေစဖို႔ သင့္ေလ်ာ္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ စာဖတ္ျပျခင္းျဖင့္ သူတုိ႔မွာ ေဝါဟာရအသစ္ေတြ ဖြံ႔ၿဖိဳးလာမွာ ျဖစ္ပါတယ္။ စာဖတ္ျပျခင္းျဖင့္ သူတို႔ပိုၿပီးခက္ခဲတဲ့ စကားလံုးေတြကို အသံထြက္ဖို႔နဲ႔ ေကာင္းမြန္တဲ့ စကားစုေတြကို တည္ေဆာက္ဖို႔ သင္ေပးပါ။
ဥပမာ- ပံုျပင္ဖတ္ျပျခင္းက သူတို႔ရဲ႕ ဖန္တီးမႈႏွင့္ စိတ္ကူးစိတ္သန္းကိုလည္း လံႈ႕ေဆာ္ကူညီေပးပါတယ္။
ဘာသာစကားခက္ခဲတဲ့ကေလးေတြရဲ႕ မိဘေတြအတြက္ အႀကံျပဳခ်က္မ်ား
မိဘေတြအေနနဲ႔ ကေလးေတြကို သူတို႔အနားက လူေတြရဲ႕ ေျပာစကားကို နားေထာင္ေစျခင္း၊ အတုယူေစျခင္းျဖင့္ ဘာသာစကားကို သင္ယူေစသင့္ပါတယ္။ ဒီအေၾကာင္းရင္းအတြက္ သူတို႔ကို စကားအမ်ားၾကီးေျပာေပးဖို႔ အေရးႀကီးပါတယ္။ သူတုိ႔ကို စကားေျပာတဲ့အခါ ရိုးရွင္းတဲ့ စကားလံုးနဲ႔ ရွင္းရွင္းလင္းလင္း ေျပာေပးရပါမယ္။
ႏို႔တိုက္ေနစဥ္အတြင္း ကေလးကို စကားေျပာေပးဖို႔ကလည္း အေရးႀကီးပါတယ္။
အလားတူပဲ ၆လအရြယ္မွာ မိဘေတြဟာ ကေလးကို ေန႔စဥ္စာဖတ္ျပသင့္ပါတယ္။ ရုပ္ပံုေတြနဲ႔ ပံုျပင္မ်ားက ဘာသာစကားဖြံ႔ၿဖိဳးမႈကို လံႈ႔ေဆာ္ေပးပါတယ္။
ေရခ်ိဳးတဲ့ အခ်ိန္၊ အဝတ္အစားလဲတဲ့အခ်ိန္မွာလည္း စကားေျပာေပးပါ။ ဒါက သူတို႔ခႏၶာကိုယ္အစိတ္အပိုင္းေတြကို သိရွိၿပီး အဝတ္အစားေတြကိုလည္း ခြဲျခားသိရွိမွာပါ။
ေနာက္ဆံုးအေနနဲ႔ မိဘေတြနဲ႔ ကေလးအနားကသူေတြဟာ သူတို႔အမွားေတြ ေျပာလာရင္ မရယ္သင့္ပါဘူး။ သူတို႔ကို ပ်က္ရယ္ျပုျခင္းက ဘာသာစကားျပႆနာမ်ားႏွင့္အတူ ကေလးေတြမွာ သိသာထင္ရွားတဲ့ စိတ္ခံစားမႈ ထိခိုက္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။
Lifestyle_Myanmar
LM_Nandar