ဘေဘီလေးတို့ရဲ့ အသားအရေကို ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မယ့်နည်းလမ်း (၅) ခု

0
87
- Advertisement -

ဘေဘီလေးတွေဟာ အလွန်နူးညံ့သိမ်မွေ့ပြီး အထိအခိုက်မခံတဲ့အရေပြားနဲ့ မွေးဖွားလာကြပါတယ်။ မိဘတွေအနေနဲ့ သူတို့ကလေးတွေရဲ့ အသားအရေနဲ့ပတ်သက်ပြီး မကြာခဏစိုးရိမ်တတ်ကြပါတယ်။ ဒါက ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ဘေဘီလေးတို့ရဲ့ အသားအရေဟာ အလွန်အထိအခိုက်မခံတာကြောင့် သင့်တော်တဲ့အသားအရေထိန်းသိမ်းမှုမျိုးကို မပြုလုပ်ဘူးဆိုရင် အဖုအပိန့်တွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာ ဘေဘီလေးတို့အတွက် အသားအရေထိန်းသိမ်းနည်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ ရေချိုးခြင်း

မိဘတွေဟာ သူတို့ကလေးတွေကို နေ့တိုင်းရေချိုးပေးရတာ နှစ်သက်ကြပါတယ်။ ဘေဘီလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နူးညံ့သောဆပ်ပြာရည်နဲ့ ကလေးငယ်ကို နှိပ်နယ်ပေးပါ။ ကလေးငယ်ရေချိုးပြီးချိန်မှာ air conditioner တွေနှင့် ပန်ကာတွေကို ပိတ်ထားပါ။

- Advertisement -

ကလေးငယ်အပေါ် ဘယ်လိုထုတ်ကုန်အသစ်ကိုမှ မစမ်းသပ်ပါနဲ့။ ပဋိဇီဝဆေးဝါးတွေကို ကလေးရဲ့ ခန္ဓာကိုယ်အပေါ်မှာ မသုံးပါနဲ့။ ၎င်းတို့က မေမေတို့ကလေးရဲ့ အထိအခိုက်မခံတဲ့အရေပြားအတွက် အလွန်ကြမ်းတမ်းပါတယ်။ ကလေးကို သဘာဝချည်နဲ့ ပြုလုပ်ထားတဲ့ ပဝါနဲ့ သုတ်ပေးပါ။

၂။ ပေါင်ဒါ

ဘေဘီလေးတို့အတွက် အသားအရေထိန်းသိမ်းနည်းမှာ ပေါင်ဒါကလည်း ရွေးချယ်စရာပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဘေဘီလေးတို့အတွက် အထူးသီးသန့်ထုတ်လုပ်ထားတဲ့ ပေါင်ဒါမျိုးကို သုံးပါ။ အမွှေးနံ့သာတွေနှင့် တစ်ခြားဓာတုပစ္စည်းတွေပါဝင်တဲ့ အမှုန့်တွေကို မသုံးပါနဲ့။ ကလေးငယ်ရဲ့ အထိအခိုက်မခံတဲ့အသားအရေဟာ ယားယံတာတွေဖြစ်နိုင်ပါတယ်။

၃။ အနှီးနှင့် diapers

ကလေးငယ်တွေအတွက် အသုံးပြုနေသောအနှီးတွေနှင့် Diapers တွေဟာ သန့်ရှင်းလတ်ဆတ်နေဖို့အရေးကြီးပါတယ်။ တစ်ချို့အနှီးတွေနှင့် Diapers တွေဟာ ကလေးငယ်တွေရဲ့ အရေပြားအတွက် ယားယံတာတွေဖြစ်နိုင်ပါတယ်။ ကလေးငယ်ယားယံနေတယ်ဆိုရင် ချက်ချင်းတစ်ခြား Diapers အမျိုးအစား (သို့) တံဆပ်တစ်ခုကို ရွေးချယ်ပါ။ ညစ်ပတ်တာနဲ့ တစ်ပြိုင်နက်ချက်ချင်းလဲပေးပါ။ မဟုတ်ရင် ရောဂါပိုးတွေကို အချိန်ကြာရှည်စွာနေခိုင်းသလိုဖြစ်နေပါလိမ့်မယ်။

၄။ အရေပြားပြဿနာများ

ယေဘုယျအားဖြင့် ဘေဘီလေးတွေတော်တော်များများမှာ မွေးရာပါအမှတ်အသားလေးတွေရှိကြပါတယ်။ ဒါက မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်သလို ဘေဘီလေးတွေအတွက်လည်း စိုးရိမ်စရာမလိုပါဘူး။ Eczema (နှင်းခူ) ဟာ အနီရောင်အဖုလေးတွေဖြစ်ပြီး ကလေးငယ်ရဲ့ မျက်နှာ၊ တံတောင်ဆစ်၊ လက်မောင်းတွေ (သို့) ရင်ဘတ်တွေအပေါ်မှာ ဖြစ်လေ့ရှိပါတယ်။ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ (သို့) အရေပြားရောင်ရမ်းခြင်းစတာတွေကို မိသားစုထဲမှာ ကြုံတွေ့ဖူးတယ်ဆိုရင် နူးညံ့သောဆပ်ပြာရည်တွေကို သုံးပါ။

တစ်ချို့ဘေဘီလေးတွေမှာတော့ ဝက်ခြံတွေထွက်နိုင်ပါတယ်။ သို့ပေမယ့် ဆယ်ကျော်သက်ဝက်ခြံလိုမျိုး မဟုတ်ပါဘူး။ ပြဿနာအခြေအနေဆိုးလာတယ်ဆိုရင် ကလေးအထူးကုနဲ့ ပြပါ။

၅။ ခြောက်သွေ့သော အသားအရေ

ဘေဘီလေးတွေမှာ ခြောက်သွေ့တဲ့အသားအရေရှိတယ်ဆိုရင် သဘာဝအလှဆီကို အသုံးပြုပေးပါ။ သန့်စင်သောအုန်းဆီက အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ကလေးငယ်ကို မကြာခဏရေချိုးပေးခြင်းကနေ ရှောင်ကြဉ်ပါ။ ဘာကြောင့်လည်းဆိုတော့ ၎င်းက အရေပြားပေါ်က အရေးကြီးတဲ့အာဟာရတွေကို လျော့ပါးစေပြီး အရေပြားကို ခြောက်သွေ့စေပါတယ်။

ကလေးငယ်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို အသုံးပြုပါ။ သို့ပေမယ့် ကလေးငယ်တွေအလာ့ဂျစ်ဖြစ်တတ်တာကြောင့် သတိထားပါ။

Chit_May_May

Nyein_Thu

Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here