Home Parenting Child Care ဘေဘီလေးတွေကို ပိုနားလည်ပေးနိုင်မယ့် ဘေဘီလေးတွေနဲ့ ပတ်သတ်သော လူသိနည်းတဲ့ အချက် (၉)ချက်

ဘေဘီလေးတွေကို ပိုနားလည်ပေးနိုင်မယ့် ဘေဘီလေးတွေနဲ့ ပတ်သတ်သော လူသိနည်းတဲ့ အချက် (၉)ချက်

0
ဘေဘီလေးတွေကို ပိုနားလည်ပေးနိုင်မယ့် ဘေဘီလေးတွေနဲ့ ပတ်သတ်သော လူသိနည်းတဲ့ အချက် (၉)ချက်

ဒီနေ့မှာတော့ မွေးကင်းစကလေးငယ်တွေနဲ့ ပတ်သတ်လို့ လူသိနည်းတဲ့ အချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။ ဒီအချက်လေးတွေက ဘေဘီလေးတွေကို ကြည့်ရှု့စောင့်ရှောက်နေတဲ့ မေမေတို့အတွက် ဘေဘီလေးတွေအကြောင်းကို ပိုနားလည်စေပြီး အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ သူတို့ရဲ့မွေးဆံပင်လေးတွေက ကျွတ်သွားပါလိမ့်မယ်

မိဘတွေ (သို့) ပြုစုစောင့်ရှောက်သူတွေအနေနဲ့ ကလေးဟာ မွေးဖွားပြီး ပထမ၆လအတွင်းမှာ ဆံပင်တွေ ကျွတ်လာတာကို သတိပြုမိရင် စိတ်မပူပါနဲ့။ American Academy of Pediatrics ရဲ့အဆိုအရ ဒီကာလအတွင်းမှာ ဒီကိစ္စက ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ မေမေတို့က အနှီးစားလို့ ဆံပင်ပြောင်သွားတယ်လို့ ပြောလေ့ရှိပါတယ်နော်။ ဒီဖြစ်စဉ်က သဘာဝဟော်မုန်းအပြောင်းအလဲတွေနဲ့ ကလေးကို ပက်လက်ထားလို့ ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်အားနဲ့ ဆက်စပ်နိုင်ပါတယ်။ ဒါက ကလေးတွေမှာ အဖြစ်အများဆုံး အနေအထားဆိုတာကို သတိရပါ။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဆံပင်အသစ်ဟာ အသက် ၆လမှ ၁၂လအတွင်း ပေါက်လာပါလိမ့်မယ်။ ထိုအချိန်မှာ မွေးဆံပင်နဲ့ အနည်းငယ်ကွာခြားနိုင်ပါတယ်။

၂။ သူတို့က နှာခေါင်းကို သန့်ရှင်းစေဖို့ လူကြီးတွေထက် မကြာခဏ နှာချေကြပါတယ်

မွေးကင်းစလေးတွေဟာ မကြာခဏ နှာချေလေ့ရှိပါတယ်။ တစ်နေ့ကို ဘယ်နှစ်ခါချေတယ်ဆိုတာ အတိအကျမသိပေမယ် သူတို့အကြိမ်များများ ချေနိုင်တယ်လို့ ပြောနိုင်ပါတယ်။ စိတ်မပူပါနဲ့၊ ဒါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အရာပါ။ နှာချေတာက နှာခေါင်းပေါက်ကို သန့်ရှင်းစေပြီး ပိုးမွှားတွေကို ကာကွယ်ပေးမယ့် ကလေးလေးအတွက် တုံပြန်မှုတစ်ခုပါ။ နှာချေတာအပြင် အသက်ရှုရခက်တာ၊ အဖျားတတ်တာ၊ အစာစားချင်စိတ်မရှိတာ၊ နှာရည်ယိုတာ (သို့) ချောင်းဆိုးတာ ဖြစ်ရင် ကလေးအထူးကုနဲ့ သွားပြသင့်ပါတယ်။

၃။ သူတို့က လူကြီးတွေထက် အရိုးပိုများပါတယ်

ဟုတ်ပါတယ်၊ သူတို့ခန္ဓာကိုယ်က ကျွန်မတို့ထက် အများကြီးသေးငယ်ပေမယ့် ကလေးတွေမှာ အရိုး ၃၀၀လောက်ရှိပါတယ်။ လူကြီးတွေမှာ ၂၀၆ချောင်းပဲရှိပါတယ်။ ဘာလို့လဲဆိုရင် ကလေးတွေရဲ့ အရိုးက ပျော့ပြီး (အရိုးနုတွေလို့ခေါ်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့) flexible ဖြစ်ပါတယ်။ ကြီးထွားနေစဉ် ကာလအတွင်းမှာ အရိုးတစ်ချို့ဟာ ဂဟေဆက်သလို ဆက်သွားပါတယ်၊ ကယ်လစီယမ်ရဲ့အကူအညီနဲ့ လူကြီးတစ်ယောက်ရဲ့ skeleton(အရိုးစု) သဏ္ဍာန်ပေါ်လာပါတယ်။ ဒီလုပ်ငန်းစဉ်က အမျိုးသမီးတွေအတွက် အသက် ၁၈နှစ်မှာနဲ့ အမျိုးသားတွေအတွက် အသက် ၂၁နှစ်မှာ အပြီးသတ်နိုင်ပါတယ်။

၄။ သူတို့က လူကြီးတွေထက် အသက်ရှုပိုမြန်ပြီး တစ်ခါတစ်ရံ စက္ကန့်အနည်းငယ်ကြာ အသက်ရှုရပ်သွားတတ်ပါတယ်(မကြောက်ပါနဲ့)

အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်မိနစ်လျှင် အသက်ရှုနှုန်း ၁၂ မှ ၂၀ကြား ရှိသော်လည်း မွေးကင်းစကလေးငယ်တွေဟာ တစ်မိနစ်လျှင် ၃၀ မှ၆၀ အထိ အသက်ရှုနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ အသက်ရှုသံဟာ နှေးကွေးလာပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ ပြုစုစောင့်ရှောက်သူတွေကို အံ့အားသင့်စေတဲ့အရာကတော့ ၁၀စက္ကန့်ထက်နည်းပြီး အသက်ရှုရပ်သွားတာ (သို့) ခဏရပ်နိုင်တာပါ။

မိဘတွေအနေနဲ့ ထိတ်လန့်စရာ မလိုသော်လည်း ကလေးလေးတွေရဲ့ အသက်ရှုမှုပုံစံနဲ့ အသက်ရှုသွင်း ရှုထုတ်ရခက်ခြင်း၊ အခြားသူတွေအကြား စက္ကန့်၂၀ထက်ပိုပြီး အသက်ရှုရပ်သွားတဲ့အခါ ကဲ့သို့သော ပြဿနာဖြစ်နိုင်တဲ့ လက္ခဏာတွေကို ဆရာဝန်အား ရှင်းပြခိုင်းသင့်ပါတယ်။

၅။ သူတို့ဘဝရဲ့ ပထမဆုံးရက်တွေမှာ ကိုယ်အလေးချိန် ကျလာပါလိမ့်မယ်

ဟုတ်ပါတယ်၊ ကလေးတိုင်းက ထူးခြားပါတယ်။အားလုံးက တူညီတဲ့ ကိုယ်အလေးချိန်နဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ဟာ မွေးဖွားချိန်မှာ ၅.၅နှင့် ၁၀ပေါင်ကြား ကိုယ်အလေးချိန်ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

အထူးသဖြင့် သားဦးမိဘတွေအတွက် အထူးအဆန်းဖြစ်နိုင်တဲ့အချက်က နောက်ပိုင်းမှာ ကိုယ်အလေးချိန် တက်လာမယ့်အစား ကိုယ်အလေးချိန်ကျလာတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ သူတို့ဘဝရဲ့ ပထမဆုံးရက်အနည်းငယ်အတွင်းမှာ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇% နဲ့ ၁၀% ကြားကျသွားတာက ပုံမှန်ပါပဲ။ မွေးဖွားပြီး ၂ပတ်ခန့်အကြာမှာ ကိုယ်အလေးချိန် ပြန်တက်လာပါလိမ့်မယ်။

၆။ သူတို့ရဲ့ပထမဆုံး (တကယ့်အစစ်အမှန်) အပြုံးက အသက် ၂လလောက်မှာ ပေါ်လာပါတယ်

မွေးကင်းစအပြုံးကို မြင်တဲ့အခါ မိဘအတော်များများက သူတို့ဘေဘီလေးမှာ ဒီပျော်ရွင်မှုအမူအရာကို ဖန်တီးဖို့ တာဝန်ရှိတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သူတို့ကို စိတ်မပျက်စေချင်ပါဘူး။ ဒါပေမယ့် ကလေးလေးတွေမှာ ပထမဆုံးမြင်ရတဲ့ အပြုံးတွေက ဓါတ်ငွေ့လို အတွင်းလှုံ့ဆော်မှုတွေကို တွန်းအားပေးနိုင်တဲ့ တုံ့ပြန်မှုတွေပါ။

ကလေးနဲ့ မိဘ၊ တခြားသူတွေနဲ့ အပြန်အလှန် တုံ့ပြန်တဲ့ အပြုံးကတော့ ဒုတိယလ အကုန်လောက်မှာ ဖြစ်ပေါ်ပါတယ်။ သင့်အတွက် နွေးထွေးတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်သော “social smile”လို့ခေါ်တဲ့ လူမှုရေးအပြုံးလေးတစ်ခု ဖြစ်ပေါ်လာပါတယ်။

၇။ သူတို့ရဲ့မျက်လုံးအရောင်တွေ ပြောင်းပါလိမ့်မယ်

ကလေးမျက်လုံးရဲ့နောက်ဆုံးအရောင်က အနည်းဆုံး တစ်နှစ်သားရောက်တဲ့အထိ မသိနိုင်ပါဘူး။ မယ်လနင်ဟာ ကျွန်မတို့အသားအရေကို ထိန်းညှိပေးတယ်ဆိုတာ သင်ကြားဖူးမှာပါ။ သို့သော် လူသိနည်းတဲ့ အချက်တစ်ခုက မွေးဖွားပြီးနောက် ပထမနှစ်မှာ မယ်လနင်ပမာဏပေါ်မူတည်ပြီး မျက်လုံးအရောင်ဟာ ပြောင်းလဲနိုင်ပါတယ်။ ခန္ဓာကိုယ်က ပမာဏ အနည်းငယ်သာ ထုတ်လုပ်ရင် မျက်လုံးအရောင် ပြာလာပါလိမ့်မယ်။ အနည်းငယ်ပိုပြီး ထုတ်လုပ်လျှင် အစိမ်းရောင် (သို့) နီညိုဖျော့ရောင်ဖြစ်ပါလိမ့်မယ်။ မယ်လနင်ပမာဏ အရမ်းများရင် လူအများစုအရောင်ဖြစ်တဲ့ အညိုရောင်၊ အနက်ရောင် ဖြစ်ပါလိမ့်မယ်။

၈။ သူတို့ရဲ့ အနံ့ခံအာရုံက မိခင်နို့ကို အသိအမှတ်ပြု၊ ရယူဖို့ ကူညီပေးသော ရေဒါအမျိုးအစားတစ်ခုဖြစ်ပါတယ်

မွေးကင်းစကလေးတွေမှာ အနံ့ခံအာရုံ အရမ်းဖွံ့ဖြိုးပြီး မိခင်ရဲ့အနံ့ကို လုံးဝမှတ်မိနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူတို့က အမေရဲ့နို့နံ့ကို မှတ်မိပြီး တခြားမိခင်တွေနဲ့ ကွာခြားတာကို အသိအမှတ်ပြုနိုင်ပါလိမ့်မယ်။ ကလေးရဲ့ အနံ့ခံအာရုံက အာဟာရပြည့်ဝသော အစားအစာများရရှိဖို့ ကူညီပေးတဲ့ “ရေဒါ”လို လုပ်ဆောင်ပါတယ်။

၉။ အမေ့ဗိုက်ထဲမှာ ကြားခဲ့ဖူးတဲ့ ဂီတကို အသိအမှတ်ပြုကြပါတယ်

၂၀၁၃ခုနှစ်မှာ ဖင်လန်လူမျိုးသုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ ကလေးငယ်တွေဟာ မွေးဖွားပြီး လအနည်းငယ်အကြာမှာ မိခင်ဝမ်းထဲမှာ ကြားခဲ့ရတဲ့ တေးဂီတကို မှတ်မိနိုင်ပါတယ်။ ဒီထူးဆန်းတဲ့အချက်အပြင် အထူးကုတစ်ချို့က မိခင်တွေကို ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလပတ်အတွင်း တေးဂီတကို အခါအားလျော်စွာ နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တေးဂီတက ကလေးရဲ့ဦးနှောက်အတွက် အပြုသဘောဆောင်တဲ့ လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်လို့ပါ။

တေးဂီတဆိုတဲ့နေရာမှာ classical music (သို့) lullabies (သို့) မိခင်ကို ပျော်ရွှင်စေ၊ အပန်းပြေစေမယ့် သီချင်းကဲ့သို့သော နူးညံ့ပြီး relaxing ဖြစ်စေဖို့ အကြံပြုပါတယ်။ ဆူညံတဲ့နေရာမှာ ၊ ဗိုက်ပေါ်မှာ နားကြပ်တွေနဲ့ အသံအကျယ်ကြီး ဖွင့်တာမျိုးကိုရှောင်ဖို့ အကြံပြုလိုပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here