ဘေဘီလေးတွေက ဘာကြောင့်နို့အန်ကြတာလဲ/ ဘယ်လိုလျှော့ချမလဲ

0
408
- Advertisement -

သင်က မိခင်တစ်ယောက်ဖြစ်မယ်ဆိုရင် ဘေဘီလေးတွေရဲ့ အန်ချခြင်းကို အကြိမ်ကြိမ်ကြုံတွေ့ဖူးပါလိမ့်မယ်။ ဘေဘီလေးတွေရဲ့ တစ်ဝက်နီးပါးက ပုံမှန်တံတွေးထွေးကြပါတယ်။ တစ်ချို့ဘေဘီလေးတွေက ပုံမှန်ထက် ပိုပြီး အန်ချတတ်တယ်ဆိုရင် နို့ရည် (သို့) နို့မှုန့်တွေမှာ တစ်ခုခုမှားယွင်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။

reflux (သို့) gastroesophageal reflux

ကျွန်မတို့အစားအသောက်တွေ စားသောက်ကြတဲ့အခါ အစာတွေက esophagus (သို့) အစာပြွန် ကနေ အစာအိမ်ကို ဖြတ်ကျော်သွားပါတယ်။ အဲ့ဒီ့နေရာမှာပဲ အစာအိမ်အက်ဆစ်တွေနှင့် ပေါင်းစပ်ပြီး ထပ်ပြီးအစာကြေစေဖို့ အူလမ်းကြောင်းတွေဆီကို ဖြတ်သန်းသွားရပါတယ်။ အဲ့ဒီ့နေရာမှာပဲ အစာပြွန်နှင့် အစာအိမ်အကြားမှာ အစာတွေက အစားအစာပိုက်ထဲကို ပြန်မဝင်စေဖို့ တားဆီးထားတဲ့ junction တစ်ခုရှိပါတယ်။

- Advertisement -

ကလေးငယ်တွေမှာ ဒီကြွက်သားက အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါ့ကြောင့် အစားအစာတွေကို အစာပြွန်တွေဆီကို ပြန်ပို့တတ်ပါတယ်။ (ဒီအခြေအနေကို မွေးကင်းစကလေး reflux (သို့) gastroesophageal reflux) လို့ ခေါ်ကြပြီး အန်ခြင်းကို ဖြစ်စေပါတယ်။

အစာအိမ်သေးငယ်ခြင်း

ဘေဘီလေးတွေရဲ့ အစာအိမ်ဟာ စားသောက်ဖို့ထက် အရမ်းသေးငယ်ပါတယ်။ သို့ပေမယ့် ဒီပြဿနာက ကလေးငယ်အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းအဆင်ပြေလာပါလိမ့်မယ်။

တစ်ခြားအကြောင်းအရာတွေကတော့

သူတို့ဟာ နို့စို့တာတွေများလွန်းလာရင်လည်း ပြန်အန်ထုတ်နိုင်ပါတယ်။ တစ်ချို့ကလေးငယ်တွေမှာတော့ အစိုင်အခဲတွေကို စတင်စားသောက်လာတဲ့အခါ ပိုမိုပြီး တံတွေးထွေးလာကြပါတယ်။ ဖိအားတွေများပြီး ငိုကြတဲ့အခါ ချောင်းဆိုးရင်း အန်တာတွေလည်းဖြစ်တတ်ပါတယ်။

နို့အန်တာကို ဘယ်လိုလျှော့ချမလဲ

၁။ နို့တိုက်နေစဉ်အတွင်း ကလေးငယ်ကို မှန်ကန်သောကိုယ်ဟန်အနေအထားနဲ့ တိုက်ပါ

နို့တိုက်ကျွေးနေစဉ်မှာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အနေအထားကို ဖြောင့်မတ်စွာ ထားပြီး ၁၅ မိနစ်မှ မိနစ် ၃၀ အထိ ထားပါ။ ဒါက အစာချေစနစ်ကို ချောချောမွေ့မွေ့ရောက်ရှိစေပါတယ်။ နို့တိုက်ပြီးပြီးချင်း တစ်ခြားအစာမကျွေးသင့်သလို ချက်ချင်းလည်း မကစားပါစေနဲ့။ ကလေးငယ်အိပ်နေတဲ့ နို့မတိုက်တာကလည်း ကလေးနို့အန်ခြင်းကို တားဆီးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၂။ နို့တိုက်နေစဉ် ကလေးငယ်အာရုံမပျံ့လွှင့်ပါစေနဲ့

ကလေးငယ်ကို နို့တိုက်နေစဉ်အတွင်း ဆူညံသံ (သို့) အာရုံပျံ့လွှင့်ခြင်းမရှိကြောင်း သေချာစေပါ။ မဟုတ်ရင် ကလေးက နို့စို့ရင်း ချောင်းဆိုးပြီး သီးတာမျိုးဖြစ်နိုင်ပါတယ်။ ၏

၃။ နို့သီးခေါင်းကွင်း

တကယ်လို့ သင့်ကလေးကို နို့ဘူးကတစ်ဆင့်နို့တိုက်ကျွေးတယ်ဆိုရင် နို့သီးခေါင်းပေါက်က မသေးလွန်းကြောင်း သေချာပါစေ။ အရမ်းလည်းမကြီးပါစေနဲ့။

၄။ Tummy ကို ဖိအားမပေးပါနဲ့

ကလေးဟာ သင့်တင့်လျောက်ပတ်သော အဝတ်အစားတွေကို ဝတ်ပေးပါ။ အနှီးတွေကို အရမ်းမကျပ်ပါစေနဲ့။ သင့်ရဲ့ အစားသောက်တွေကို ပြန်လည်စဉ်းစားပြီး ချင့်ချိန်ပါ။ ကလေးကို အအေးမိစေခြင်းကလည်း နို့အန်ခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

ref-momjuction

LEAVE A REPLY

Please enter your comment!
Please enter your name here