Home Parenting Mom and Baby ဘေဘီလေးတွေက သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ပြသတဲ့ နည်းလမ်း (၇)ခု

ဘေဘီလေးတွေက သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ပြသတဲ့ နည်းလမ်း (၇)ခု

0
ဘေဘီလေးတွေက သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ပြသတဲ့ နည်းလမ်း (၇)ခု

မေမေတို့ရဲ့ ပူတူးတူးလေးက မေမေတို့ကို ချစ်ကြောင်း နှုတ်ဖြင့်ပြောဖို့ ငယ်သေးပေမယ့် “မေမေ့ကိုချစ်တယ်”ဆိုတဲ့စကားကို ကြားရဖို့ အကြာကြီး စောင့်စရာ မလိုဘူးဆိုတာ သိပါသလား? ဟုတ်ပါတယ်။ ကလေးလေးတွေက ဖြစ်နိုင်မယ်လို့ မထင်ထားတဲ့ နည်းလမ်းတွေနဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသနိုင်ပါတယ်။ တစ်ညလုံး အိပ်မရဘဲ နို့ထတိုက်ပေးရ၊ အနှီးလဲပေးရပြီးနောက်မှာ “ငါ့ကလေးက ငါချစ်သလောက် တစ်ဝက်လောက်တောင် ချစ်နိုင်ပါ့မလား”လို့ တွေးမိပါလိမ့်မယ်။ တကယ်တော့ သူတို့ချစ်ပါတယ်။ ဒါကတော့ မေမေတို့ကလေးက မေမေတို့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ကြောင်း သက်သေပြနေတဲ့ လက္ခဏာတစ်ချို့ပါ။

၁။ သူတို့က သင့်ကို အလွယ်တကူ အသိအမှတ်ပြုတာ

တကယ်လို့ သင်က အဓိက ပြုစုစောင့်ရှောက်ရသူ (သို့) မိဘဖြစ်ပါက သင့်ကလေးက အလွယ်တကူ မှတ်မိပါလိမ့်မယ်။ အခန်းထဲမှာ အခြားမိသားစုဝင်တွေ ပြည့်နေရင်တောင် သင့်မျက်နှာက သူတို့မှတ်မိတဲ့ တစ်ခုတည်းသော မျက်နှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သင့်ကို ချစ်မြတ်နိုးပြီး ဘေးကင်းမှု၊ နှစ်သိမ့်မှု၊ ချစ်ခြင်းမေတ္တာရဲ့ အရင်းအမြစ်အဖြစ် ခွဲခြားသတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။ ကလေးက သင့်အသံ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ အနံ့ကိုတောင် မှတ်မိနိုင်ပါတယ်။ သင်နဲ့ ဆက်စပ်နေတဲ့ဘယ်အရာကိုမဆို သူတို့အတွက် ပျော်ရွှင်မှုကြီးနဲ့ ပိုင်ဆိုင်တဲ့ ခံစားချက်တို့ကို ယူဆောင်လာမှာ ဖြစ်ပါတယ်။

၂။ သူတို့က သင့်ကို စိုက်ကြိုက်နေတာ

မိဘဖြစ်ခြင်းရဲ့ အဖိုးတန်ဆုံးအချိန်တွေထဲမှ တစ်ခုကတော့ ကနဦးနေ့ရက်တွေမှာ သင့်ကလေးက သင့်အားကြည်နူးစွာ စိုက်ကြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ ကလေးတွေက သူတို့ချစ်ရသူတွေရဲ့မျက်နှာကို စိုက်ကြည့်ရတာ သဘောကျပါတယ်။ ဒါက ရှင်သန်ခြင်းဗီဇတစ်မျိုးလည်း ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ သူတို့ဆီကနေ ချစ်ခြင်းမေတ္တာနဲ့ အထူးဂရုစိုက်ခြင်းသဘော ဖြစ်ပေါ်စေဖို့အတွက် သူတို့ရဲ့ ပြုစုစောင့်ရှောက်ပေးသူတွေကို စိုက်ကြည့်တတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ကလေးက သင့်ကိုချစ်တယ်လို့သာ ဆိုလိုတာမဟုတ်ပါဘူ။ သူတို့ကိုလည်း ချစ်စေချင်ကြတာပါ။

၃။ သင်အနားမှာ မရှိတဲ့အခါ အရမ်းငိုကြပါတယ်

ကလေးက သင့်အား အချိန်တိုင်း သူတို့အနီးအနားမှာ ရှိနေစေလိုပြီး သင်အမြဲရှိနေချိန်မှာ အပျော်ရွှင်ဆုံးဖြစ်ပါလိမ့်မယ်။ သို့သော် သူတို့ကို အခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့ပါက (သို့) အခြားတစ်ယောက်ယောက်နဲ့ ထားခဲ့ပါက မျက်ရည်စကျပါလိမ့်မယ်။ သူတို့ရဲ့ အဆုံးမသတ်နိုင်တဲ့ ငိုသံတွေက သင့်ကို စိတ်ဆိုးစေနိုင်ပေမယ့် ဒါက သင့်ကို ဘယ်လောက်ချစ်ကြောင်း ပြတယ်ဆိုတာကို သိထားသင့်ပါတယ်။

သင်က သူတို့ရဲ့ အသက်သွေးကြောလိုပါပဲ။ သင်အနားမှာမရှိရင် သူတို့စိတ်ဆင်းရဲကြပါတယ်။ ကလေးတစ်ဦးက မိဘတွေနဲ့ ခွဲခွာရတဲ့အခါမှာ ခွဲခွာခြင်း စိုးရိမ်မှုလို့ခေါ်တဲ့ အရာကို ခံစားရနိုင်ပါတယ်။ ဒါကလည်း သင့်အပေါ် တွယ်တာမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီနှောင်ကြိုးက သူတို့အား လုံခြုံတယ်လို့ ခံစားရစေပါတယ်။

၄။ သူတို့က သင့်ကို တစ်ချိန်လုံး ပြုံးပြပေးပါတယ်

ကလေးလေးက မေမေတို့ကို တွေ့တိုင်း ပြုံးပြပါလိမ့်မယ်။ ဒီအပြုံးက ” မေမေ့ကို အများကြီးချစ်တယ်”လို့ သူတို့ပြောနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

၅။ သူတို့ တခစ်ခစ် ရယ်မောပါတယ်

တစ်ယောက်ယောက်က သင့်ရဲ့ ဟာသဉာဏ်ကို သဘောကျရင် အဲ့ဒါက သင့်ကလေးပါပဲ။ သင့်ကလေးက သင့်ကို ချစ်ကြောင်းပြသနေတဲ့ အရေးကြီးဆုံးလက္ခဏာတွေထဲက တစ်ခုကတော့ သူတို့ရယ်မောနေခြင်းပါ။ ရယ်စရာမျက်နှာ ပြုလုပ်ပြတာမျိုး၊ သူတို့နဲ့ စကားပြောပေးတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ရယ်မောနေပါလိမ့်မယ်။ ပြိးတော့ သူတို့ရဲ့ရယ်မောသံလေးတွေက သင်ကြားဖူးသမျှ အသံတွေထဲမှာ အချိုသာဆုံးအသံပါပဲ။ သင်ဟာ သင့်ကလေးကို တခစ်ခစ်ရယ်အောင် လုပ်နိုင်တဲ့ လူနည်းစုထဲက တစ်ယောက်ဆိုရင် သင့်ကိုယ်သင် ကံကောင်းတယ်လို့ မှတ်ယူပါ။

၆။ သူတို့က သင့်ကို အနံ့ခံဖို့ ကြိုးစားတတ်ကြသလို အဲဒါကို ချစ်ပါတယ်

ကလေးက သင့်ရနံ့ကို နှစ်သက်ပါတယ်။ ဒါကတော့ သင့်ရဲ့နို့နံ့ထွက်နေတဲ့ အဝတ်အစား (သို့) သဘာဝ ခန္ဓာကိုယ်ရနံ့ကို ဆိုလိုတာပါ။ သင်ရေမွှေးဆွတ်ထားတာပဲဖြစ်ဖြစ်၊ ရေချိုးထားတာပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။ သင်ဆိုတာ သေချာနေတဲ့ သီးခြားအနံ့တစ်မျိုးရှိပါတယ်။ မိခင်ရဲ့ (သို့) ပြုစုစောင့်ရှောက်ပေးသူရဲ့ ခန္ဓာကိုယ်ရှိ ဖီရိုမွန်တွေ၊ ချွေးတွေနဲ့ သဘာဝခန္ဓာကိုယ်ရနံ့တွေလို ဓါတုဗေဒ အစိတ်အပိုင်းတွေဟာ ရင်သွေးငယ်-မိခင်နှောင်ကြိုးနဲ့ အသိအမှတ်ပြုမှုမှာ အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ သိရပါတယ်။ သင့်ကလေးက သင့်အနံ့ကို နှစ်သက်ပြီး သင့်ပတ်ဝန်းကျင်မှာ စိတ်အေးလက်အေးနေတယ်ဆိုရင်တောင် မအံ့သြပါနဲ့။

၇။ သူတို့က သင့်ကို ပြောရတာကြိုက်ပါတယ်

အခက်အလက်စုံနေတဲ့ စကားပြောဆိုမှုမျိုးကို ပြောတာမဟုတ်ပါဘူး။ ကလေးငယ်တွေဟာ သူတို့ချစ်ရသူရှေ့မှာဆိုရင် ခိုးခိုးခစ်ခစ် အသံပြုတာမျိုး၊ အသံပလံပေးတာမျိုး ပိုလုပ်တတ်ပါတယ်။ မေမေတို့အတွက် ဘာမှအဓိပ္ပာယ်မရှိပေမယ့် ကလေးဟာ သူတို့ရဲ့ baby sign language (သို့) အသံပလံတွေကနေတစ်ဆင့် မေမေတို့ကို ဆက်သွယ်ဖို့ ကြိုးစားနေတာပါ။ မေမေတို့ပတ်ဝန်းကျင်မှာရှိနေရတာ သူတို့ဘယ်လောက်စိတ်လှုပ်ရှားကြောင်း ပြသနေတာပါ။ ဟုတ်ပါတယ်။ ဒါက ” မေမေ့ကို ချစ်တယ်” ဆိုတဲ့ ကလေးပြောနည်းပါပဲ။

ကလေးနှင့်အတူ မေမေတို့ မျှဝေပေးတဲ့ နှောင်ကြိုးက မေမေတို့မှာရှိတဲ့ အဖိုးတန်ဆုံးအရာဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုခိုင်မာလာမှာ ဖြစ်ပါတယ်။ စိတ်ဓါတ်ကျနေတဲ့ နေ့မျိုးမှာ ကလေးက မေမေတို့အပေါ် သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ ကြိုးစားနေတဲ့ နည်းလမ်းအားလုံးကို ကြည့်ပါ။ ကောင်းတာကို သေချာပေါက် ခံစားရစေမှာပါ။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here