ဘေဘီလေးတွေပင်ပန်းလာပြီဆိုရင် ပြုမူတတ်လေ့ရှိတဲ့ အမူအယာလေးများ

0
106
- Advertisement -

ရင်သွေးလေးရလာပြီဆိုရင် ဖေဖေ၊ မေမေတို့သာမက မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတို့ အားလုံးကလည်း အင်မတန်ကို ကြည်နူးပျော်ရွှင်ကြရတဲ့ အချိန်လေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုမှရင်သွေးလေးစရလာတဲ့ မိဘနှစ်ပါးအနေနဲ့တော့ အတွေ့အကြုံမရှိလို့ တစ်ခါတစ်လေကျရင် ဆောက်တည်ရာမရဖြစ်တတ်ပါတယ်။ ဗိုက်ဆာတာမှန်းမသိ၊ အိပ်ချင်လို့မှန်းမသိ တစ်ချိန်လုံးငိုပဲငိုနေလို့ ဘာလုပ်လို့လုပ်ပေးရမှန်းမသိဘူးဖြစ်နေတဲ့အချိန်က အဆိုးဆုံးပါပဲ။ ဒါကြောင့် အခုလိုအခက်တွေ့နေရတဲ့ ဖေဖေမေမေတို့ရဲ့ ဝန်ထုပ်ကြီးကို အနည်းငယ်လျော့သွားစေဖို့အတွက် ကလေးတွေပင်ပန်းလာတဲ့အခါ ပြုလုပ်တတ်တဲ့ အမူအယာလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ သမ်းမယ် (သုံးခါလောက်)

လူကြီးတွေအိပ်ချင်သလိုပဲ ကလေးတွေလည်း ပင်ပန်းလာပြီဆိုရင် သမ်းလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ သူသုံးကြိမ်ထက်ပိုပြီး မသမ်းခင် တစ်ရေးသိပ်ဖို့ပါပဲ။ သုံးကြိမ်ထက်ပိုပြီး သမ်းဖြစ်သွားမယ်ဆိုရင်တော့ တစ်ရေးသိပ်ဖို့အတွက် ခက်ခဲသွားနိုင်ပါတယ်။

၂။ မျက်နှာအမူအယာ

ကလေးကိုသေချာလေ့လာအကဲခတ်ပြီးတော့ သူပျော်တဲ့အချိန်၊ လန်းလန်းဆန်းဆန်းရှိနေတဲ့အချိန် ဘယ်လိုပုံစံရှိလဲဆိုတာကို သေချာမှတ်သားထားပါ။ ပြီးရင် ဘယ်လိုအချိန်တွေမှာဆို ကြက်သေသေသလိုမျိုး တွေဝေသလိုပုံစံမျိုး လုပ်တတ်လဲဆိုတာကို ဂရုစိုက်ကြည့်ပါ။ သူပင်ပန်းလာပြီဆိုရင် မျက်လုံးတည့်တည့်မကြည့်တော့တာ ဒါမှမဟုတ် သင်စကားပြောနေချိန်မှာ မျက်လုံးမှိတ်ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။

၃။ စိတ်မဝင်စားတော့ဘူး

လွန်ခဲ့တဲ့တစ်မိနစ်လောက်ကပင် အရုပ်နဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေသေးပေမယ့်လည်း အခုကျတော့ ဒီအတိုင်းလက်ထဲမှာကိုင်ထားတာမျိုး ဒါမှမဟုတ် ကြိုးစားပြီးမြူပြ၊ ပြုံးပြနေတာတောင် ပြန်မပြုံးပြ၊ မရယ်ပြဘူးဆိုရင်တော့ ဒါဟာ သူပင်ပန်းနေလို့ပဲဖြစ်ပါတယ်။

၄။ မျက်လုံးတွေစင်းလာမယ်

မျက်ခွံတွေလေးလာတဲ့ပုံပေါက်နေမယ်၊ မျက်ရည်တွေဝဲနေမယ်၊ မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လာတာတွေက ပင်ပန်းတာကို ပြသနေတာဖြစ်ပါတယ်။

၅။ ပွတ်သပ်လာမယ်

မျက်လုံးတွေ၊ နားတွေကို အတင်းပွတ်ခြင်းကလည်း သူအိပ်ချင်နေတယ်ဆိုတာကို ပြောပြနေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ မျက်လုံးတွေသာမက ခေါင်းတွေကိုပါ အသားကုန်ပွတ်သပ်ခြင်းဖြင့် သူ့ကိုသိပ်ဖို့အတွက် ပြောပြနေတာပါ။

#Chit_May_May

#Thinzar

Ref- sleepingshouldbeeasy

LEAVE A REPLY

Please enter your comment!
Please enter your name here