Home Parenting Child Care ဘေဘီလေးတွေရဲ့ လက်လှမ်းမီသမျှ ပါးစပ်ထဲ ကောက်ထည့်ရတဲ့ အကြောင်းရင်း

ဘေဘီလေးတွေရဲ့ လက်လှမ်းမီသမျှ ပါးစပ်ထဲ ကောက်ထည့်ရတဲ့ အကြောင်းရင်း

0
ဘေဘီလေးတွေရဲ့ လက်လှမ်းမီသမျှ ပါးစပ်ထဲ ကောက်ထည့်ရတဲ့ အကြောင်းရင်း

ဘေဘီလေးတွေဟာ အရာဝတ္တုတွေကို ဆုပ်ကိုင်နိုင်လာတာနဲ့အမျှ အရာဝတ္တုရဲ့ ဖွဲ့စည်းပုံ၊ ပုံသဏ္ဍာန်နှင့် အရသာကို ဆုံးဖြတ်ဖို့အတွက် မြင်မြင်သမျှ သူတို့ပါးစပ်ထဲ ထည့်ဖို့ ကြိုးစားကြပါတယ်။ ဒီအလေ့အထကို နို့စို့အရွယ်လေးတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဘေဘီလေးတွေဟာ အချို့သော reflex (အလိုအလျောက် တုံ့ပြန်မှု) များနှင့် မွေးဖွားလာပါတယ်။ reflex ဆိုတာ အလိုအလျောက်ဖြစ်လာတဲ့ ကြွက်သားတုံ့ပြန်မှု ဖြစ်ပါတယ်။ အချို့သော အတွေ့အထိတွေ၊ လှုပ်ရှားမှုတွေက တိကျတဲ့ ကြွက်သား အလိုက်သင့် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပါတယ်။ အများစုကတော့ mouthingနဲ့ ဆက်စပ်နေတဲ့ အလိုအလျောက် တုံ့ပြန်မှုတွေ ဖြစ်ပါတယ်၊

Rooting reflex- ဒီတုံ့ပြန်မှုက ကလေးရဲ့ ပါးကို ပွတ်သပ်လိုက်တဲ့အခါမှာ တွေ့ရပါတယ်။ မွေးကင်းစကလေးဟာ သူ့ကို ပွတ်သပ်ပေးတဲ့ဘက်ဆီကို လှည့်ပြီး နို့စို့တဲ့အမှုအယာကို လုပ်ပြပါတယ်။

Suck reflex – ဘေဘီလေးဟာ ပါးစပ်တစ်ဝိုက်ကို ထိတဲ့အခါ နို့စို့တဲ့ လှုပ်ရှားမှုကို ပြုလုပ်ပါတယ်။ Rooting နဲ့ sucking တုန့်ပြန်မှုက ကလေးတွေဟာ နို့စို့အရွယ်မှာ သူတို့ပါးစပ်ထဲကို တွေ့ရာမြင်ရာ ထည့်သွင်းမှုကို ဖြစ်ပေါ်စေတဲ့ သဘာဝဖြစ်စဉ် တစ်ခုသာဖြစ်ပါတယ်။

ကလေးတွေမှာ တွေ့ကရာကို ပါးစပ်ထဲထည့်ရခြင်းရဲ့ အခြားယူဆချက်တွေလည်းရှိပါတယ်။
ပါးစပ်ထဲ တွေ့ကရာထည့်ခြင်းက ပါးစပ်ရဲ့ ကြွက်သားတွေကို အစာစားခြင်းနှင့် စကားပြောခြင်းကဲ့သို့သော မရှိမဖြစ် လိုအပ်ချက်တွေအတွက် အားကောင်းစေတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုလို့ ယူဆရပါတယ်။ ပါးစပ်ထဲ လက်လှမ်းမီရာ ကောက်ထည့်ခြင်းဖြင့် ကလေးတွေဟာ နှုတ်ခမ်း၊ မေးရိုးနှင့် ပါးအကြား သဟဇာတဖြစ်သော လှုပ်ရှားမှုတစ်ခုကို တည်ထောင်ဖို့ သင်ယူကြပါတယ်။

ကလေးတွေဟာ ငယ်သွားပေါက်နေတဲ့အချိန်မှာလည်း သွားဖုံးယားတာကို သက်သာစေဖို့ တွေ့ကရာ ပါးစပ်ထဲကောက် ထည့်တာကို တွေ့ရပါတယ်။

အချို့သော လေ့လာမှုများအရ ပါးစပ်ထဲ လမ်းလှမ်းမီရာ ကောက်ထည့်ခြင်းက ကလေးတွေမှာ စကားပြော ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ အကြံပြုထားပါတယ်။

လူအချို့က ပါးစပ်ထဲကို တွေ့ကရာထည့်တာဟာ အမျိုးမျိုးသော microorganisms တွေကို ထိတွေ့ခြင်းဖြင့် ကလေးငယ်ရဲ့ ကိုယ်ခံအားကို ဖွံ့ဖြိုးတိုးတတ်စေတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ပါးစပ်နဲ့ အမာပစ္စည်းတစ်ခုခုကို ကိုက်ခြင်းကလည်း solid food တွေပြောင်းကျွေးတဲ့အခါ အကူအညီဖြစ်စေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here