ဘေဘီလေးတွေရဲ့ အိပ်စက်ခြင်းတွေကို ပိုကောင်းအောင် ကူညီပေးနိုင်မယ့် နည်းလမ်းများ

0
515
- Advertisement -

ကလေးရဲ့ အိပ်စက်ခြင်းတွေကို ပိုကောင်းအောင်ကူညီခြင်းက မိသားစုတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းနှင့် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုပါလိမ့်မယ်။

မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့လျှင် ၁၆ နာရီကနေ ၁၈ နာရီအကြားအိပ်နိုင်ပါတယ်။ သို့ပေမယ့် ဒီလောက်နာရီအထိကို တစ်ခါတည်းအိပ်လိုက်တာမျိုးမဟုတ်ပါဘူး။ အရွယ်ရောက်သူတွေလို ပုံမှန်အိပ်စက်ခြင်းသံသရာမရှိသေးတာကြောင့် သူတို့ဟာ ၃ နာရီကနေ ၄ နာရီအထိသာအိပ်စက်ကြပါတယ်။

ကလေးတွေဟာ နေ့နှင့် ညရဲ့ ခြားနားချက်တွေကို မသိသေးကြောင်း သတိရပါ။ ဒါ့အပြင် တစ်ညလုံးအလုံအလောက်အိပ်စက်ဖို့ သူတို့ရဲ့ ဗိုက်ကိုလည်း တစ်ညလုံးစာဖြည့်စွက်လို့ရတဲ့ အစာအိမ်မရှိသေးပါဘူး။ သူတို့နှိုးထလာတာဟာ ဆာလောင်မှုကြောင့်ပါ။ သူတို့ဘဝရဲ့ ပထမအပတ်တွေမှာ အစာစားခြင်းက သူတို့ရဲ့ အိပ်စက်ခြင်းထက် ပိုအရေးကြီးပါတယ်။

- Advertisement -

တစ်ဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ ကလေးတွေဟာ အချိန်ကြာကြာအိပ်ပျော်သွားပါလိမ့်မယ်။ ကလေးတိုင်းက ထူးခြားပြီး ကွဲပြားတာကြောင့် မတူညီသောအိပ်စက်ခြင်းသံသရာတွေရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ ပထမနှစ်မှာ ကလေးငယ်တွေဟာ ၁၀ နာရီခန့် အိပ်စက်ကြပါတယ်။

နေ့မှာ ကစားစေပါ၊ သို့မှသာ ညမှာ အိပ်စက်ပါလိမ့်မယ်

ညအချိန်မှာ သူတို့ကို အနှီးလဲပေးတဲ့အခါ (သို့) နို့တိုက်တဲ့အခါ ကလေးမနိုးအောင်ကြိုးစားပါ။ ဒီလိုလုပ်ဖို့ သူတို့ကို ပွေ့ချီတာ၊ တို့ထိကစားတာ၊ အော်ငေါက်တာတွေရှောင်ပါ။ နူးညံ့သောအလင်းများ၊ အေးဆေးတည်ငြိမ်သော အသံနှင့် နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုတွေကိုသာ အသုံးပြုပါ။ ဒီလိုလုပ်ခြင်းဟာ ကလေးငယ်ဟာ အိပ်စက်ချိန်၊ ကစားချိန်ဆိုတာကို ကောင်းကောင်းခွဲခြားတတ်လာပြီး နေ့နဲ့ ညကို နားလည်လာပါလိမ့်မယ်။

အိပ်ခန်းထဲမှာသာ အိပ်စက်ပါစေ

ညအိပ်ရာမဝင်ခင်မှာ သင့်ကလေးကို နို့တိုက်ကျွေးဖို့ ပိုလွယ်ကူစေတဲ့အတွက် နှစ်ယောက်အတူတူ အိပ်ရာထဲမှာ နို့တိုက်ပြီး အိပ်စက်စေတာက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

ကလေးငယ်အိပ်စက်နိုင်ဖို့ ကောင်းမွန်တဲ့ လေထုရှိပါစေ

အရွယ်ရောက်ပြီးသူတွေလိုပါပဲ ကလေးငယ်တွေဟာ ကောင်းကောင်းမွန်မွန်အိပ်ရဖို့ ပတ်ဝန်းကျင်ကောင်းလိုအပ်ပါတယ်။ အလင်း၊ ဆူညံသံနှင့် အပူချိန်တွေဟာ ကျွန်မတို့ရဲ့ အိပ်စက်ခြင်းကို အကျိုးသက်ရောက်စေနိုင်သော အချက်တွေဖြစ်ပါတယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here