Home Child Entertainment ဘေဘီလေးတွေရဲ့ zodiac sign ပေါ်အခြေခံထားတဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း

ဘေဘီလေးတွေရဲ့ zodiac sign ပေါ်အခြေခံထားတဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း

0
ဘေဘီလေးတွေရဲ့ zodiac sign ပေါ်အခြေခံထားတဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း

မေမေတို့အနေနဲ့ zodiac sign တွေကို ခိုင်မာစွာ ယုံကြည်သူဖြစ်ရင် (သို့) အပျော်သဘောသက်သက် စိတ်ဝင်စားရင် မေမေတို့ကလေးရဲ့ ရာသီခွင်နိမိတ်ကို သိချင်မှာပါ။ လူတစ်ယောက်ရဲ့ ရာသီခွင်လက္ခဏာက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်းကို ပြောပြနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဘေဘီလေးတွေရဲ့ zodiac sign ပေါ်မူတည်ပြီး သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်းတွေကို မျှဝေပေးလိုပါတယ်။

မိဘအများစုက ကိုယ့်သားသမီးတွေက ခေါင်းမာလား၊ ဝါသနာပြင်းပြရဲ့လား၊ စွန့်စားတတ်သူလား ဆိုတာကို သိချင်ကြပါတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ဂုဏ်ရည်တစ်ချို့ကို ကြယ်တွေမှာ ရေးထားတယ်လို့ နက္ခတ်ဗေဒင်က ယုံကြည်ထားတာကြောင့် ကျွန်မတို့ကလေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိုးထွင်းသိမြင်နိုင်ပါတယ်။

၁။ Aquarius (ကုံရာသီခွင်)

မေမေတို့ကလေးငယ်က ဒီရာသီခွင်ဖြစ်ရင် သူတို့ဟာ ကိုယ်စည်းချက်နဲ့ကိုယ် ချီတတ်မယ့် ကလေးတွေ ဖြစ်တာကြောင့် မေမေတို့ ပြင်ဆင်ထားရပါမယ်။ Aquarius ဘေဘီလေးတွေဟာ ပင်ကိုယ်စေ့ဆော်မှု ထင်ဟပ်ပြီး လူမှုဆက်ဆံရေးကောင်းသူတွေ ဖြစ်ကြပါတယ်။ သူတို့က ထူးထူးခြားခြားနဲ့ မတူကွဲပြားရတာကို သဘောကျပါတယ်။ ဒါ့ကြောင့် မေမေတို့ကလေးမှာ သမားရိုးကျမဟုတ်တဲ့ အကြိုက်တွေ၊ မကြိုက်တာတွေ ရှိနေရင် မအံ့သြပါနဲ့။ သူတို့ကိုယ်သူတို့ စူးစမ်းရှာဖွေ ဖော်ထုတ်ဖို့ ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးတာမျိုး၊ သူတို့ကိုယ်သူတို့ ဖြစ်အောင် အားပေးတာမျိုးဖြင့် သူတို့ရဲ့ထူးခြားမှုနဲ့ ပင်ကိုယ်လက္ခဏာကို ဂုဏ်ပြုပါ။

၂။ Pisces (မိန်ရာသီခွင်)

water sign ဖြစ်တဲ့ မိန်ရာသီဖွားလေးတွေဟာ သဘောကောင်းတယ်၊ ထိလွယ်ရှလွယ်တယ်၊ အိပ်မက်မက်ဖို့ နှစ်သက်ကြပါတယ်။ ဒီရာသီခွင်ရှိတဲ့ ကလေးတွေဟာ နွေးထွေးပြီး စိတ်ခံစားမှုများတဲ့ ကိုယ်ရည်ကိုယ်သွေးရှိကြပါတယ်။ ပြီးတော့ သူတို့က အိပ်ပုတ်လေးတွေလည်း ဖြစ်ပါတယ်။

၃။ Aries (မိဿရာသီခွင်)

မိဿရာသီဖွား ဘေဘီလေးတွေက အမှီအခိုကင်းတယ်၊ ခက်ထန်ပြီး ရဲရင့်ကြပါတယ်။ သူတို့မှာ ခိုင်မာတဲ့ ခံယူချက်ရှိပြီး ဘာပဲဖြစ်ဖြစ် ကြံ့ကြံ့ခံနိုင်ပါလိမ့်မယ်။ ဒီကလေးတွေဟာ အမှီအခိုကင်းမှုနဲ့ လွတ်လပ်မှုကို နှစ်သက်ကြပြီး အရမ်းခေါင်းမာတဲ့သူတွေ ဖြစ်တာကြောင့် တစ်ခုခုကို စိတ်နှလုံးသွင်းမိရင် အဲ့ဒီအတွက် မရောက်ရောက်အောင် သွားကြပါလိမ့်မယ်။

မေမေတို့ရဲ့ သိုးထီးကလေးက ရှိသမျှ စွမ်းအင်တွေကို သုံးစွဲဖို့ နည်းလမ်းတွေကို ရှာဖွေနေတာကြောင့် အိမ်ကိုဇောက်ထိုးလှန်ပစ်ပါလိမ့်မယ်။ ဒီတော့ အမွှေစိန်လေးအတွက် အိမ်မှာ အကာအရံလေးတွေ လုပ်ပေးထားဖို့ လိုပါတယ်။

၄။ Taurus (ပြိဿရာသီခွင်)

ပြိဿဖွားလေးတွေဟာ အများအားဖြင့် အသည်းကျော်လေးတွေ ဖြစ်တတ်ပါတယ်။ နည်းနည်း ခေါင်းမာတတ်ပါတယ်။ ဒါပေမယ့် ဒါက အရာရာ တသမတ်တည်းဖြစ်နေချိန်၊ ချောချောမွေ့စီးဆင်းနေချိန်ကို နှစ်သက်ကြတာကြောင့် ဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ်တစ်ခုရှိသရွေ့ သူတို့ပျော်နေတာကို သတိထားမိမှာပါ။ မေမေတို့အနေနဲ့ သူတို့ရဲ့ အနှောက်အယှက်ပေးတဲ့ အရိပ်အယောင်အနည်းငယ်နဲ့ သူတို့ရဲ့ တစ်မူထူးတဲ့ဘက်ကိုလည်း မြင်တွေ့ရပါလိမ့်မယ်။

၅။ Gemini (မေထုန်ရာသီခွင်)

မေထုန်ဖွားလေးတွေက စကားပြောရတာကို ကြိုက်ကြပါတယ်။ ပထမဆုံးစကားလုံးတွေ ပြောဖို့ မသင်ယူခင်မှာတောင် မေမေတို့နဲ့ ဆက်သွယ်ပြောဆိုဖို့ ကြိုးစားပါလိမ့်မယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ baby sign language တွေကို ကောင်းကောင်း တတ်မြောက်ကျွမ်းကျင်နေမှာပါ။ သူတို့က အရမ်းဖော်ရွေပေမယ့် တစ်ဖက်က ငြိမ်းချမ်းမှုကို နှစ်သက်သလို တစ်ဖက်က လူစုလူဝေးကို နှစ်သက်တတ်ပါတယ်။

၆။ Cancer (ကရကဋ်ရာသီခွင်)

မေမေချစ်သမီးလေး (သို့) မေမေချစ်သားလေးကို တွေ့ရရင် ကရကဋ်ရာသီဖွား ဖြစ်နိုင်ချေများပါတယ်။ ဟုတ်ပါတယ်။ ဒီရာသီဖွားလေးတွေဟာ အိမ်ဆိုတဲ့ ခံစားချက်ကို နှစ်သက်ကြပြီး မိခင်တွေနဲ့ ဝေမျှရတဲ့ သံယောဇဉ်နှောင်ကြိုးကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ ကရကဋ်ဖွားလေးတွေနဲ့ တတ်နိုင်သလောက် အချိန်ဖြုန်းပေးဖို့ သေချာပါစေ၊ သူတို့ကြိုက်ကြပါလိမ့်မယ်။ ဒါ့အပြင် ဒီကလေးငယ်တွေဟာ အရမ်း sensitive ဖြစ်တာကို သတိပြုပါ။ သူတို့နဲ့ ပြောဆိုဆက်ဆံတဲ့အခါ လေသံမမာစေဖို့ သတိပြုပါ။

၇။ Leo (သိဟ်ရာသီခွင်)

ဒီstar signမှာရှိတဲ့ ကလေးတွေဟာ အမြဲလိုလို အာရုံစူးစိုက်မှု ရှာတတ်ကြပါတယ်။ သူတို့က အာရုံစိုက်ခံရတာကို နှစ်သက်ကြပြီး စွမ်းအင်ပြည့်ဝကြပါတယ်။ သူတို့က ခေါင်းဆောင်ကောင်းတွေလည်းဖြစ်ပြီး မေမေတို့ကို နည်းနည်းလောက် ဆရာပြန်လုပ်ဖို့ အလားအလာရှိနိုင်ပါတယ်။

၈။ Virgo (ကန်ရာသီခွင်)

ဒီကလေးတွေဟာ အရမ်းတည်ငြိမ်ပါတယ်၊ လက်တွေ့ကျပါတယ်၊ ပျာယာခတ်မနေပါဘူး။ ပြီးတော့ စိတ်ရှည်တတ်တာကြောင့် အိမ်မှာ ကန်ရာသီဖွားလေးရှိတဲ့အတွက် မေမေတို့ရဲ့ ကံကောင်းတဲ့ ကြယ်လေးတွေကို ကျေးဇူးတင်ရပါမယ်။ သူတို့က အံ့သြစရာကောင်းလောက်အောင် စနစ်ကျပါတယ်။ သူတို့က တစ်ခုခုနှင့်ပတ်သတ်လို့ ပျော်ရွင်နေတဲ့အခါ (သို့) မပျော်မရွင် ဖြစ်နေတဲ့အခါမှာ မေမေတို့ကို ရှင်းလင်းစွာ ပြောပြပါလိမ့်မယ်။ ပြိဿရာသီဖွားကလေးတွေလိုပဲ ကန်ရာသီဖွားလေးတွေဟာ တသမတ်တည်းဖြစ်ရတာ၊ ပုံမှန်လုပ်နေရတာကို နှစ်သက်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့နေ့စဉ်ဘဝကို မနှောက်ယှက်ဖို့ သေချာရပါမယ်။

၉။ Libra (တူရာသီခွင်)

တူရာသီဖွားတွေဟာ သူတို့လုပ်သမျှ အားလုံးနီးပါးမှာ မျှတမှုကို ရှာတတ်ကြပါတယ်။ တူရာသီကလေးတွေဟာ ဆွဲဆောင်မှုရှိတဲ့သူတွေ ဖြစ်ကြတာကြောင့် မေမေတို့အနေနဲ့ သူတို့ရဲ့ ချိုမြိန်တဲ့ အပြုံးတွေမှာ ကျရှုံးရင် မအံ့သြပါနဲ့။ သူတို့က ထိလွယ်ရှလွယ်ပါတယ်။ မှတ်မိသတိထားတတ်ပြီး လူမှုဆက်ဆံရေးကောင်းသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် လူတွေအပေါ် သူတို့ရဲ့ ချစ်ခြင်းမေတ္တာက “သွေးတိုးစမ်း”တာတွေ အများကြီး လုပ်ပြီးနောက်မှ ဖြစ်ပေါ်လာတာပါ။

၁၀။ Scorpio (ဗြိစ္ဆာရာသီခွင်)

စိတ်အားထက်သန်တယ်၊ မီးနဲ့တူတယ်၊ ပင်ကိုယ်စွမ်းရည်ရှိတယ်၊ စိတ်ခံစားမှုများတယ်၊ ပြီးတော့ နားလည်ရခက်တယ်- ဒီအရာတွေက ဗြိစ္ဆာရာသီဖွားတွေကို ဖော်ပြဖို့အတွက် လူတစ်ယောက် အသုံးပြုနိုင်တဲ့ စကားလုံးအချို့ ဖြစ်ပါတယ်။ သူတို့က အဓိပ္ပာယ်မရှိတဲ့ အရာတွေကို သည်းမခံနိုင်ကြပါဘူး။ မမှန်တာကို မြင်တွေ့တဲ့အခါ စိတ်ကသိကအောက် ဖြစ်နိုင်ပါတယ်။ သူတို့က အပြင်ပန်း ကြမ်းတမ်းပေမယ့် အနူးညံ့ဆုံးနှလုံးသားတွေ ရှိကြပါတယ်။

၁၁။ Sagittarius (ဓနုရာသီခွင်)

အစွန့်စားရဆုံး ကြယ်လက္ခဏာတွေထဲမှ တစ်ခုဖြစ်ကောင်းဖြစ်နိုင််ပါတယ်။ ဓနုရာသီဖွားကလေးတွေဟာ အချိန်အကြာကြီး မနေနိုင်ပါဘူး။ သူတို့က လုပ်စရာအသစ်တွေ၊ စူးစမ်းဖို့ နေရာတွေနဲ့ တွေ့ဆုံဖို့ လူသစ်တွေကို အဆက်မပြတ်ရှာဖွေနေလေ့ရှိပါတယ်။ မေမေတို့ကလေးက ဓနုရာသီဖွားဖြစ်ရင် မေမေတို့အနေနဲ့ ရိုလာကိုစတာစီးရသလို စိတ်အတတ်အကျများပါလိမ့်မယ်။

၁၂။ Capricorns (မကာရရာသီခွင်)

မေမေတို့ကလေးက အောင်မြင်မယ့်သူတစ်ယောက်ပါ။ ဒီကလေးတွေဟာ perfectionists တွေဖြစ်ပြီး ထိပ်ဆုံးကို ရောက်အောင် ကြိုးပမ်းကြမယ့်သူတွေပါ။ မကာရလေးတွေဟာ အများအားဖြင့် ထွန်းပေါက်မှု အရှိဆုံးဖြစ်တာကြောင့် သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြီးမားတဲ့ ခုန်လွှားမှုတွေကို အားပေးပါ။

ကလေးက ဘယ် star sign ကိုပိုင်ဆိုင်နေပါစေ၊ အမှန်တရားက သူတို့ဟာ အတက်ကြွဆုံးသော ကိုယ်ရည်ကိုယ်သွေးတွေနဲ့ တမူထူးခြားနေမှာ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ သူတို့ရဲ့ ခိုင်မာတဲ့ အချက်တွေကို နှစ်သက်သလောက် သူတို့ရဲ့ထူးခြားမှုတွေကို နှစ်သက်လာပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here