ဘေဘီလေးတွေဟာ အခြားကလေးတွေ ပြောတဲ့စကားကို နားထောင်ရတာ ပိုသဘောကြကြောင်း လေ့လာမှုမှာဖော်ပြ

0
48
- Advertisement -

မိဘတွေအတွက် အကြီးမားဆုံးပျော်ရွင်မှုတစ်ခုက ဘေဘီပိစိလေးတွေ ပြောဆိုတဲ့အသံကို ကြားရတဲ့အခါ ဖြစ်ပါတယ်။ မိဘတိုင်းက ကလေးတွေရဲ့ ပထမစကားလုံးတွေကို စိတ်အားထက်သန်စွာ မျှော်လင့်ကြရပါတယ်။ ပထမဆုံး စကားလုံးက ဘာမဆိုဖြစ်နိုင်ပါတယ်။ မေမေ၊ ဖေဖေကနေ စကားလုံးတစ်လုံး မဟုတ်သည့်တိုင်အောင် မိဘတွေက သူတို့ကလေးရဲ့ ပထမစကားလုံးတွေကို စောင့်မျှော်တတ်ကြပါတယ်။

ကလေးတွေ စကားစမပြောတတ်ခင်မှာ ဗလုံးဗထွေးအသံ၊ ခိုးခိုးခစ်ခစ်အသံလေးက မေမေတို့ကို သာယာကြည်နူးစေမှာ အမှန်ပါပဲ။ မကြာသေးမီက လေ့လာမှုတစ်ခုအရ ကလေးတွေဟာ မေမေတို့အသံကို တဖြည်းဖြည်းနားလည်လာပြီး အသိအမှတ်ပြုလာကြသော်လည်း အခြားကလေးတွေနဲ့ ဆက်သွယ်ပြောဆိုရတာကို ပိုနှစ်သက်ကြောင်း တွေ့ရပါတယ်။

ဘေဘီလေးတွေဟာ စကားလုံးတွေကို ပီပီသသ မပြောနိုင်သေးခင် ဗလုံးဗထွေးပြောနေစဉ်အတွင်းမှာ သရသံတွေကို အသိအမှတ်ပြုနိုင်ပါတယ်။ သို့သော် ရွယ်တူကလေးတွေရဲ့ဒီလိုအသံတွေကို ကြားရတဲ့အခါ ပိုပြီးအာရုံစိုက်လေ့ရှိပါတယ်။ လေ့လာမှုအရ ကလေးငယ်တွေဟာ ကျယ်သော အသံတွေကို ပိုအာရုံစိုက်ကြကြောင်း တွေ့ရှိရပါတယ်။ သူတို့ဟာ ကိုယ့်အသံနဲ့ ဆင်တူတဲ့ အသံတွေကို ပိုကြိုက်ကြပါတယ်။

- Advertisement -

မေမေတို့ ကလေးငယ်ကို တတ်နိုင်သလောက် စကားပြောပေးတာ ကောင်းပါတယ်။ သူတို့က မေမေတို့ ပြောသမျှကို စောင့်ကြည့်ခြင်း၊ နားထောင်ခြင်းဖြင့် စကားပြောနဲ့ ဘာသာစကားစွမ်းရည်ကို သိရှိပါတယ်။ ကလေးနဲ့ စကားပြောဖို့ အချိန်သတ်မှတ်ထားစရာဖို့ မလိုပါဘူး။ သို့သော် ကလေးတွေဟာ တိတ်ဆိတ်တဲ့အချိန်ကို ပိုနှစ်သက်ကြပါတယ်။ ကလေး စိတ်ကသိကအောက်ဖြစ်လာတာ၊ ပင်ပန်းလာတာ၊ တုံ့ပြန်မှုမရှိတာကို တွေ့မြင်ပါက သူတို့နဲ့ စကားအတင်းပြောဖို့ မကြိုးစားသင့်ပါဘူး။ ဒါက ကလေးတွေရဲ့စိတ်ပေါ်မှာ မူတည်ပါတယ်။ အချို့သော ကလေးတွေက သဘာဝအားဖြင့် ရွှင်ရွင်ပျပျနေတတ်ကြပြီး တစ်ချို့ကလေးတွေကတော့ တိတ်ဆိတ်စွာ နေတတ်ကြပါတယ်။

ဘေဘီလေးတွေကို စကားပြောဖို့ အကြံပြုချက်များ

သင်ဟာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် မွေးခဲ့ဖူးတယ်ဆိုရင် မွေးကင်းစကလေးတစ်ယောက်နဲ့ စကားပြောခြင်းက အတူတူပဲဖြစ်ပါတယ်။ မိဘအချို့က ကလေးနဲ့ ဘယ်လို Communicate လုပ်ရမယ်ဆိုတာကို နားမလည်ကြတာကြောင့် မေမေတို့ စမ်းသပ်ကြည့်နိုင်တဲ့ အကြံဉာဏ်တစ်ချို့ ရှိပါတယ်။

  • စိတ်ဝင်စားပါ။ သူတို့ ကြားချင်လိမ့်မယ့် အကြောင်းတွေ ပြောဆိုပါ။ သူတို့ရဲ့ ကစားစရာ၊ ရထားတွေအကြောင်း၊ သူတို့အဖိုးအဖွားအကြောင်း ပြောပြနိုင်ပါတယ်။
  • ဝါကျအပြည့်အစုံပြောမယ့်အစား အဓိကစကားလုံးတွေကို သုံးပါ။
  • ခေတ္တနားတာကို သုံးပါ။ ဒါက သင့်ဘေဘီလေးကို စကားစမြည်ပြောတဲ့အခါ အပေးနဲ့ အယူအကြောင်း သင်ကြားပေးပါတယ်။

-စကားလက်ဆုံပြောဆိုမှုကို စိတ်ဝင်စားစေဖို့ expressions အများကြီးသုံးပါ။ ကလေးက သင်ပြောတဲ့အရာကို မဟုတ်ဘဲ သင့်စကားပြောပုံကို လေ့လာပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-momjunction

Chit Maymay မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here