ဘေဘီလေးတွေ ပထမဆုံးပြောလေ့ရှိတဲ့ စကားလုံးက ဘယ်စကားလုံးတွေဖြစ်မလဲ?

0
193
- Advertisement -

စကားစပြောခြင်းက ကလေးရဲ့ဖွံ့ဖြိုးတိုးတတ်မှုအတွက် ကြီးမားသော သမိုးမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒီအချိန်က မေမေ၊ ဖေဖေတို့ အရမ်းမျော်လင့်စောင့်စားရတဲ့ အချိန်လည်းဖြစ်မှာပါ။ တကယ်တော့ မိဘအများစုဟာ ဘေဘီလေးရဲ့ ပထမဆုံးစကားလုံးတွေကို မြတ်နိုးစွာ အမှတ်ရကြပါတယ်။

များသောအားဖြင့် အသက် ၁၁လနှင့် ၁၈လကြားနှင့် တခါတရံ အစောပိုင်းမှာတောင် ဘေဘီလေးတွေဟာ သူတို့ရဲ့ ပထမဆုံးစကားလုံးတွေကို ပြောလေ့ရှိကြပါတယ်၊ ဒါပေမယ့် သေချာတာပေါ့၊ ကလေးတိုင်းက မတူကြပါဘူး။ ပြောဖို့လေ့လာတဲ့ ကလေးတွေရှိသလို သူ့ဘာသာသူ တတ်လာတဲ့ကလေးတွေလည်း ရှိပါတယ်။ ကလေးတွေအားလုံးက တူညီတဲ့စကားလုံးနဲ့ စမပြောကြပေမယ့် အများဆုံးပြောလေ့ရှိတဲ့ စကားလုံးအချို့ရှိပါတယ်။

ယခုဖော်ပြပေးမယ့် ဆောင်းပါးမှာ ကျွန်မတို့ ကလေးတွေ နှုတ်ပြောလောကထဲကို ဝင်လာတဲ့အခါ ပြောလေ့ရှိတဲ့ ပထမဆုံးစကားလုံးတွေကို မျှဝေပေးချင်ပါတယ်။

- Advertisement -

ကလေးရဲ့ ပထမဆုံးစကားလုံးတွေက ဘာတွေလဲ?

ကလေးတွေပြောလေ့ရှိတဲ့ ပထမစကားလုံးတွေက ပတ်ဝန်းကျင်မှာ၊ အထူးသဖြင့် မိသားစုအတွင်းမှာ သူတို့တွေ့ကြုံရမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ် ။ လူကြီးမိဘတွေ မကြာခဏ ထပ်တလဲလဲပြောဆိုတဲ့ စကားလုံးတွေက များသောအားဖြင့် မွေးကင်းစကလေးရဲ့ ဝေါဟာရမှာ ပထမဆုံးစကားလုံးတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မိခင်နှင့် ဖခင်အားလုံးက ပထမလအတွင်းမှာ ကလေးငယ်တွေနဲ့ အလားတူနည်းလမ်းဖြင့် ဆက်သွယ်ကြပါတယ်။ ထို့ကြောင့်လည်း ကနဦးအဖြစ် ကလေးတွေ ရွေးချယ်လေ့ရှိတဲ့ စကားလုံးအချို့ ရှိတာဖြစ်ပါတယ်။

“မိသားစုဝင်တွေနဲ့ ပတ်သတ်နေတဲ့ ပထမစကားလုံး”

ကလေးရဲ့ပထမစကားလုံးအတော်များများက “မေမေ”, “ဖေဖေ” ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းဖြစ်တဲ့အပြင် အသံထွက်ရတာလည်း လွယ်တာကြောင့် ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ပီသသေးမှာ မဟုတ်ပါဘူး။

“အတည်ပြုခြင်း (သို့) ငြင်းပယ်ခြင်း”

“ဟုတ်ကဲ့” နှင့် “မဟုတ်ဘူး”ဟာ ကလေးတွေ မွေးဖွားချိန်မှစပြီး အများဆုံးကြားရတဲ့ ပထမစကားလုံး၂ခုဖြစ်ပါတယ်။ ထို့ကြောင့် အမူအရာတွေ (သို့) စကားလုံးတွေက တဆင့်ဖြစ်စေ ကလေးတွေဟာ ဟုတ်ကြောင်း/မှန်ကြောင်းဖော်ပြဖို့ (သို့) ငြင်းပယ်ဖို့ လျင်မြန်စွာ သင်ယူကြပါတယ်။ အစပိုင်းမှာ ဟုတ်ကဲ့နှင့် မဟုတ်ဘူးကို နှစ်လုံးတွဲ ပြောနိုင်သေးမှာ မဟုတ်ပါဘူး။” ဟုတ်” (သို့) “ကဲ့ကဲ့” ၊ “ဘူး”ဆိုတာမျိုးပဲပြောနိုင်သေးမှာပါ။

“အစားအစာတွေနဲ့ ပတ်သတ်တဲ့ ပထမဆုံးစကားလုံးများ”

လူသားတစ်ဦးရဲ့ အခြေခံလိုအပ်ချက်တစ်ခုက အစာစားဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အချို့၁နှစ်ကျော် ကလေးတွေဟာ ရေ”,ထမင်းကို “မင်းမင်း”/” မန်မန်” ကဲ့သို့သော ပထမဆုံးစကားလုံးအဖြစ် အစားအစာရဲ့အမည်ကို ပြောဖို့ ရွေးချယ်ကြပါတယ်။ တစ်ခုခုကို လိုချင်တဲ့အခါ “ပေး” ဆိုတဲ့စကားလုံးလေးပါ ပြောတတ်နေပါပြီ။

“နှုတ်ဆက်ခြင်း”

မေမေတို့ကလေးလေးဟာ ၉လအရွယ်လောက်ဆိုရင် မပြောတတ်သေးပေမယ့် “တာ့တာ” ဆိုတဲ့ စကားလုံးလေးကို နားလည်လာပါပြီ။ ၁နှစ်မှ ၂နှစ်အတွင်းမှာ လက်ကလေးယမ်းပြီး ပထမဆုံးစကားလုံးအဖြစ် “တာ့တာ”လို့ ပြောလာနိုင်ပါပြီ။ ဖုန်းကိုင်ပြီး ဟယ်လိုဟု မပီကလာပြောလာပါပြီ။

“မြည်သံစွဲ စကားလုံးလေးတွေ”

အချို့ကိစ္စတွေမှာ ကလေးရဲ့ ပထမဆုံးစကားလုံးက အဘိဓါန်ထဲမှာပါတဲ့ စကားလုံးမဟုတ်ပါဘူး။ သို့သော် အမည်တစ်ခုခုကို သုံးတဲ့ မြည်သံစွဲစကားလုံးလေးတွေ ဖြစ်ပါတယ်။ ဥပမာ- ခွေးကိုဆိုရင် ဝုတ်ဝုတ်၊ ကြောင်ကိုဆိုရင် မြောင်လို့ ရည်ညွှန်းပါတယ်။

ကလေးတစ်ယောက်ရဲ့ ပထမဆုံးစကားလုံးတွေကို အားပေးခြင်း

မိသားစုဟာ ကလေးတွေကြီးပြင်းလာပြီး သူတို့ရဲ့ စွမ်းရည်အားလုံး ဖွံ့ဖြိုးလာတဲ့ သဘာဝအခြေအနေဖြစ်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် လှုံ့ဆော်ပေး၊ဖို့ ၊ ကြွယ်ဝစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။

ကလေးကို သူတို့ရဲ့ပထမဆုံးစကားလုံးတွေပြောဖို့ အားပေးတဲ့အခါ ဘာလုပ်သင့်သလဲ? မိခင်နှင့် ဖခင်တွေဟာ သူတို့ မွေးဖွားတဲ့အချိန်ကစပြီး နှုတ်ရေးဆက်သွယ်မှု ထူထောင်ဖို့ အရေးကြီးပါတယ်။ သူတို့ကြီးလာတာနဲ့အမျှ ဒီcommunicating နည်းလမ်းက ပိုရှင်းလင်းရပါမယ်။ ထိထိရောက်ရောက်စကားပြောဆိုနိုင်ဖို့ မျက်လုံးချင်းဆုံပြီး စကားပြောတာမျိုး၊ မျက်နှာအမှုအရာဖော်ပြတဲ့ နည်းသုံးတာမျိုးဖြင့် ပြောနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-youraremom

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here