ဘေဘီလေးတွေ မှန်ရှေ့မှာ ကစားခြင်းရဲ့ အကျိုးကျေးဇူး (၆)ခု

0
256
- Advertisement -

ဘေဘီလေးနှင့်အတူ မှန်ရှေ့မှာ ကစားခြင်းက နည်းလမ်းများစွာဖြင့် အကျိုးရှိပါတယ်။ ကလေးကို မှန်ရှေ့မှာ ထားရင် စကားပြောနှေးတာတို့ ဘာတို့ စတဲ့ အယူအယမှားတွေကို ထားခဲ့လိုက်ပါ။ သူကိုယ်သူ မှန်ထဲမှာ မြင်တွေ့ရတဲ့အခါ ကျွန်မတို့ ကလေးငယ်လေးနှင့်အတူ ကျွန်မတို့ လုပ်ဆောင်တဲ့ လုပ်ဆောင်မှုတွေက သူတို့ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အထောက်အကူဖြစ်ပါတယ်။

မှန်ရှေ့မှာ ကလေးနှင့်အတူ ကစားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

မှန်က သူ့ခန္ဓာကိုယ်အကြောင်း လေ့လာမိစေဖို့ ကူညီပါတယ်။ သင့်ကလေးကို သူ့ခန္ဓာကိုယ်အကြောင်း လေ့လာဖို့ ခြေအစခေါင်းအဆုံးမြင်နိုင်တဲ့ မှန်ရှေ့မှာ ခဏလောက်ထားကြည့်ပါ။ မှန်က ကလေးအား body language နှင့်ပတ်သတ်ပြီး သင်ပေးပါလိမ့်မယ်။

- Advertisement -

အသက် ၈ လအရွယ်မှာ မှန်ထဲမှာပေါ်နေတဲ့သူက သူကိုယ်တိုင်ဖြစ်တယ်ဆိုတာ သင့်ကလေးသိဖို့ စောလွန်းသေးပါတယ်။ ကလေးကြီးလာတာနဲ့အမျှ သူ့ကိုယ်သူ ကြည့်ဖို့ အသုံးပြုတတ်လာပါလိမ့်မယ်။ သူ့ရဲ့ကိုယ်ပိုင်အမူအယာတွေနဲ့ လှုပ်ရှားမှုတွေကို စတင်ဖော်ပြပါလိမ့်မယ်။ သူကိုယ်သူ မြင်နေရတာ ဖြစ်ကြောင်း စတင်သဘောပေါက်လာပါလိမ့်မယ်။

၂။ စာနာမှု

ကလေးငယ်ကို မှန်ရှေ့မှာ ကစားခိုင်းတဲ့အခါ သူတို့ကို စာနာတတ်ဖို့ ကူညီပေးပါတယ်။ သင့်ကလေးဟာ သူ့ကိုယ်သူကြည့်ပြီး၊ ပြုံးပြပြီး သူ့ရဲ့ပျော်ရွင်မှုကို တုန့်ပြန်ပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းက သူဟာ အခြားသူတွေအပေါ် စာနာတတ်ဖို့ သင်ယူပါတယ်။

၃။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးရှိပါတယ်

မှန်ရှေ့မှာ ကစားနေစဉ်အတွင်း တတ်နိုင်သလောက် သင့်ကလေးကို ဆက်သွယ်ပါ။ သင့်ပုံရိပ်ဟာ သူနဲ့ဘယ်လိုသက်ဆိုင်သလဲဆိုတာ ကြည့်ခြင်းအပြင် သူ့ကို ပွေ့ပိုက်ပေး၊ ချီပိုးပေးတဲ့ပုံကို ကြည့်ပြီး ကလေးအတွက် စိတ်ကျေနပ်မှုများစွာ ရရှိစေမှာပါ။ သင့်ကလေးကိုပေးတဲ့ အပြုသဘောဆောင်သော ဘယ်လှုံ့ဆော်မှုမဆို သူရဲ့ဦးနှောက် ဖွံ့ဖြိုးတိုးတတ်မှုအတွက် အကျိုးရှိပါတယ်။

၄။ ကလေးရဲ့ ပတ်ဝန်းကျင်ကို သိနားလည်စေဖို့ ကူညီပေးပါတယ်

ကလေးတွေဟာ လောကကြီးကို စူးစမ်နေတဲ့ အရွယ်ဖြစ်တာကြောင့် အခန်းထဲမှာ ဘယ်နေရာ ဘာရှိတယ်ဆိုတာ သိကြပါတယ်။ အခန်းထဲက တစ်ခုခုကို သင်ပြောင်းလဲလိုက်ရင်တောင် ကလေးက ချက်ချင်းသတိထားမိပါလိမ့်မယ်။ သူတို့ဝန်းကျင်ကမ္ဘာကို နားလည်ဖို့အတွက် အရာရာကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာတတ်ခြင်းကြောင့်ဖြစ်ပါတယ်။

၅။ သူ့ကို ငြိမ်သက်စေပြီး စိတ်လုံခြုံမှုကို ခံစားရစေပါလိမ့်မယ်

ကလေးတွေရဲ့ သဘာဝက အခြားကလေးတွေနဲ့ အတူရှိနေစဉ်မှာ လုံခြုံမှုရှိတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။ သင့်ဘေဘီလေးက အခြားကလေးကိုတွေ့တဲ့အခါ ပြုံးပြတာမျိုး၊ ကစားတာမျိုး၊ ခြေထောက်နဲ့ ကန်လိုက်တာမျိုးက စိတ်အေးဆေးနေပြီး relax ဖြစ်နေတဲ့ သဘောပါပဲ။ ဒါ့ကြောင့် တစ်ချို့ကလေးတွေ ငိုနေချိန်မှာ မှန်ပြလိုက်ရင် အငိုတိတ်သွားတတ်တာ ဒီသဘောကြောင့်ပါပဲ။ ကလေးတွေဟာ မှန်ထဲမှာ မြင်ရတဲ့ သူတို့ပုံရိပ်ကို သူတို့လို့ နားမလည်သေးပါဘူး။ တခြားကလေးတစ်ယောက်လို့ပဲ နားလည်စေပါတယ်။

၆။ psychomotor ကိုဖွံ့ဖြိုးတိုးတတ်စေပါတယ်

ကလေးရဲ့ motor skill ကိုအားဖြည့်ဖို့ မှန်ရှေ့မှာ ပေးကစားပါ။ ကြမ်းပြင်ပေါ်မှာ စောင်တစ်ထည်ခင်းပြီး စောင်ပေါ်မှာ ကလေးကို တင်ထားပါ။ သင့်ကလေးနှင့် ခပ်လှမ်းလှမ်းမှာ မှန်တစ်ချပ်ကို ထောင်ထားပါ။ ကလေးက အရမ်းငယ်သေးရင် မှောက်ခုံမှောက်ပေးပြီး သူမရဲ့ ကြွက်သားတွေ အားကောင်းလာစေဖို့ အခွင့်အလမ်းရဲ့ အားသာချက်ကို ယူပါ။

ကလေးက ထိုင်နိုင်ရင် မှန်ရှေ့ကြမ်းပြင်ပေါ်မှာ ကစားစရာအချို့ထားပေးပါ။ သူမနှင့် မှန်ထဲရှိ ကလေးက အရုပ်တစ်ခုကိုရယူဖို့ စိတ်ဝင်စားကြောင်း သင့်ကလေး တွေ့မြင်နိုင်အောင် အရုပ်တစ်ခုကို မှန်နဲ့ နီးကပ်စွာထားပါ။ ဒီလေ့ကျင့်ခန်းမှတဆင့် သင့်ကလေးဟာ သူ့ခန္ဓာကိုယ်ကို ရှေ့သို့တွားသွားဖို့ အားထုတ်ပါလိမ့်မယ်။

မှန်ရှေ့မှာ ကလေးအားကစားခွင့်ပြုခြင်းက အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အရေးကြီးတဲ့အချက်က မှန်ရှေ့မှာ အလှကုန်တွေ၊ decoration ပစ္စည်းတွေမရှိစေဖို့ သတိရပါ။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here