ဘေဘီလေးတွေ သူစိမ်းကြောက်ရတဲ့ အကြောင်းရင်းများနှင့် ဖြေရှင်းဖို့ နည်းလမ်းများ

0
94
- Advertisement -

အသက် ခြောက်လမှ ၁၂လအကြား ကလေးငယ်တွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ လောကကြီးကို ပိုမိုသိရှိလာကြပါပြီ။ သူတို့နဲ့ အကျွမ်းတဝင်ရှိတဲ့ မျက်နှာတွေကို ခွဲခြားသိမြင်နိုင်ပြီး မိဘ၊ စောင့်ရှောက်သူတွေနဲ့ ကောင်းသော ဆက်ဆံရေးကို တည်ဆောက်နိုင်ပါပြီ။ သို့သော် ကလေးငယ်တွေဟာ အကျွမ်းတဝင်မရှိတဲ့ (သို့) သူစိမ်းတွေနဲ့ တွေ့ဆုံတဲ့အခါ stranger anxiety လို့ခေါ်တဲ့ ထိတ်လန့်တုန်လှုပ်မှုကို ကြုံတွေ့ရပါတယ်။

Stranger anxiety က များသောအားဖြင့် သူစိမ်းတွေနားမှာဆိုရင် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း သွင်ပြင်လက္ခဏာတွေ ဖြစ်ပါတယ်။ ပထမဆုံးကြိမ် မိဘတွေအတွက် ဒီအဆင့်က ကျော်လွှားဖို့ကြီးမားလွန်းတယ်လို့ ခံစားရနိုင်ပါတယ်။ သို့သော် ဒါက ကလေးရဲ့ ပုံမှန်ဖွံ့ဖြိုးတိုးတတ်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြုအမှုအား ထိန်းကျောင်းနိုင်ပါတယ်။

ဒီဆောင်းပါးလေးမှာ ကလေးငယ်တွေဟာ သူစိမ်းတွေကို ကြောက်ရတဲ့၊ စိုးရိမ်ပူပန်ရတဲ့ အကြောင်းရင်းလေးတွေနဲ့ အလွယ်တကူကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေအကြောင်း မျှဝေပေးသွားပါမယ်။

- Advertisement -

“သူစိမ်းကို စိုးရိမ်စိတ်နဲ့ မိဘအုပ်ထိန်းသူနဲ့ ခွဲခွာရမှာ စိုးရိမ်စိတ်အကြား ခြားနားချက်ကဘာလဲ?”

American Psychological Association (APA) ရဲ့အဆိုအရ stranger anxiety ဟာ မသိကျွမ်းတဲ့ လူတွေနားမှာဆိုရင် ကလေးတွေ ကြုံတွေ့ရတဲ့ စိတ်သောက ခံစားချက်တစ်မျိုး ဖြစ်ပါတယ်။ separation anxiety ဆိုတာ ကလေးက သူတို့ရဲ့မိဘတွေ/စောင့်ရှောက်သူတွေနဲ့ ဝေးသွားမှာကို ကြောက်ရွံ့တဲ့ သဘော၊ စိုးရိမ်ပူပန်တဲ့ ခံစားချက်ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဆိုင်ရာ ဖြစ်ရပ်နှစ်ခုလုံးက တစ်ချိန်တည်းမှာ စတင်ပေမယ့် သူတို့က ကွဲပြားခြားနားပါတယ်။

stranger anxiety ရှိတဲ့ ဘေဘီလေးတွေ၊ ကလေးငယ်တွေဟာ သူစိမ်းတွေ မသွားမချင်း စိုးရိမ်ပူပန်လေ့ရှိပါတယ်။ စိုးရိမ်ပူပန်မှုဖြစ်စဉ်တွေတအတွင်းမှာ ကလေးငယ်တွေဟာ အောက်ပါပြဿနာတွေကို ပြသပါတယ်။

  • သူစိမ်းတွေနဲ့ မျက်နှာလွှဲနေခြင်း (သို့) အဝေးကို တွားသွားခြင်း
  • ချော့မရအောင် ငိုခြင်း
  • မိဘရဲ့နောက်ကျော (သို့) ရင်ခွင်ထဲမှာ ပုန်းအောင်းနေခြင်း
  • မျက်နှာကို ဖုံးအုပ်ထားခြင်း
  • သူစိမ်းနဲ့ မျက်လုံးခြင်းမဆုံအောင် ရှောင်ခြင်း

သူစိမ်းတွေကို စိုးရိမ်ပူပန်မှုက များသောအားဖြင့် ၇လခန့်မှာ စတင်လေ့ရှိပြီး ၁၂လမှ ၁၅လအထိ အမြင့်ဆုံးဖြစ်ပြီး ၂နှစ်အရွယ်မှာ တဖြည်းဖြည်းလျော့ပါးသွားပါတယ်။

“ဘာက Stranger Anxiety ကိုဖြစ်စေတာလဲ?”

ကလေးတွေ ကြီးပြင်းလာတာနှင့်အမျှ လူတွေကို ခွဲခြားနိုင်စွမ်းရှိလာပါတယ်။ သိမြင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေ ပေါင်းစပ်ခြင်းက သူတို့ရဲ့မိဘတွေ၊ စောင့်ရှောက်သူတွေ၊ အကျွမ်းတဝင်ရှိသူတွေနဲ့ စိတ်ခံစားချက်တွယ်တာမှုကို ဖြစ်စေပါတယ်။ စောင့်ရှောက်သူတွေနားမှာဆိုရင် စိတ်တည်ငြိမ်မှုရှိပြီး အကျွမ်းတဝင်မရှိသူတွေနားမှာဆိုရင် စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ကလေးငယ်တွေဟာ စားဖို့၊ ကစားဖို့၊ အိပ်ဖို့ကို အကျွမ်းတဝင်ရှိတဲ့ သူတွေနဲ့သာ ပတ်သတ်ရတာ ကြိုက်ပါတယ်။ မရင်းနှီးတဲ့သူတစ်ယောက်က ဝင်ရောက်စွက်ဖက်မယ်ဆိုရင် မငြိမ်သက်မှုကို ဖြစ်စေပါတယ်။

ဒီအဆင့်က မေမေနဲ့ ကလေးကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ သို့သော် ဒီနည်းဗျူဟာလေးတွေက ကလေးတွေရဲ့ Stranger Anxiety ကိုဖြေရှင်းဖို့ ကူညီနိုင်ပါတယ်။

  • Stranger Anxiety ကိုအသိအမှတ်ပြုပါ။ ကလေးငယ်တွေရဲ့ သူစိမ်းကြောက်စိတ်ကို အပြုသဘော အသိအမှတ်ပြုခြင်းဖြင့် စတင်ပါ။ သူတို့ရဲ့လက်ကိုကိုင်ထားပါ။ သင့်ရင်ခွင်ထဲမှာ ထိုင်နေစေပါ။ သူတို့ကို အဆက်မပြတ် စကားပြောပေးပါ။ သူတို့ကို သူစိမ်းအကြောင်း ပြောပြပြီး အပြုံး၊ အမူအရာတွေနဲ့ “”မင်္ဂလာပါ” လို့ပြောဖို့ အားပေးပါ။
  • ကလေးငယ်ကို ငယ်ငယ်လေးတည်းကစပြီး လူသစ်တွေနဲ့ မိတ်ဆက်ပေးပါ။ ကလေးကို သူစိမ်းနဲ့အရင်ဆုံး ရင်းနှီးအောင်မလုပ်ဘဲ ပေးချီတာမျိုးက ကလေးကို ကြောက်လန့်စေနိုင်ပါတယ်။ အရင်ဆုံးရင်းနှီးအောင် လုပ်ပေးမှသာ ကလေးစိတ်မှာ လုံခြုံမှုရှိစေပါလိမ့်မယ်။
  • ကလေးငယ်က စိုးရိမ်တကြီးနဲ့ ပြုမှုတဲ့အခါ စိတ်ရှည်ပါ။ တည်ငြိမ်ပါ။ ကိုယ့်ကိုယ်ကို တွန်းအားပေးခြင်း၊ စိတ်အနှောက်အယှက်ဖြစ်စေခြင်းအစား စိတ်အေးအေးထားပါ။ သူတို့ကို ချော့နေစဉ်မှာ ပွေ့ဖက်ခြင်းနှင့် နမ်းခြင်းကဲ့သို့သော အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ပြသပါ။ ကသူတို့ကို မှတ်မိစေဖို့ အချိန်အလုံအလောက်ပေးပါ။ ကလေးငယ်တိုင်းက ကွဲပြားခြားနားပြီး အခြားသူတွေနဲ့ သိကျွမ်းခြင်းနှင့် သိခြင်းမှာ ထူးခြားတဲ့ နည်းလမ်းရှိပါတယ်။ သူတို့ရဲ့ လူမှုရေးတွေကို လိုက်နာပြီး သူတို့ရဲ့ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်ကို ကျော်လွှားနိုင်ဖို့ ထောက်ပံ့ပေးပါ။
  • ငယ်ရွယ်စဉ်ကတည်းက မှန်ကန်တဲ့ဥပမာ ချမှတ်ပါ။ ကလေးငယ်တွေကို လေ့လာခြင်းမှတဆင့် သင်ယူတာကြောင့် ဥပမာတစ်ခုထားပါ။ နူးညံ့တဲ့အသံ၊ နွေးထွေးတဲ့အပြုံးဖြင့် အကျွမ်းတဝင်ရှိသောသူ၊ အကျွမ်းတဝင်မရှိသောသူတွေနဲ့ စကားပြောခြင်း ဖြစ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ အပြန်အလှန်ဆက်သွယ်လိုစိတ်ရှိလာအောင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မေမေတို့ကလေးက စိတ်ဆိုးနေရင် ကလေးကို သူစိမ်းနဲ့ ဝေးတဲ့နေရာကို ပြောင်းရွှေ့ပေးပါ. သူတို့အကြိုက်ဆုံး ကစားစရာကိုပေးပါ။ (သို့) သူတို့ကြိုက်တဲ့ ကစားနည်းကို ကစားစေပါ။ အချိန်အနည်းငယ်ကြာပြီးမှ ကလေးကို သူစိမ်းနဲ့ ထပ်မံမိတ်ဆက်ဖို့ ကြိုးစားပါ။

လူစိမ်းတွေကို ကြောက်ခြင်းက မွေးကင်စကလေးတွေရဲ့ ကျန်းမာသောလူမှု-စိတ်ပိုင်းဆိုင်ရာနှင့် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုမှာ ပုံမှန်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ သင့်ကလေးရဲ့ စိတ်ခံစားမှုကို သိရှိပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကို ချက်ချင်းပေးခြင်းဖြင့် ဒီအဆင့်ကို လွယ်ကူစွာ ဖြတ်သန်းသွားနိုင်ဖို့ ကူညီပါ။

Chit_MayMay

LM_Nandar

Source-Raising Children

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here